သင်ထင်ထားတာထက် အများကြီး စောပြီး ဖန်တီးနိုင်ခဲ့တဲ့ ပစ္စည်းများ

ရုပ်ရှင်ထဲမှာ ကြည့်ရတဲ့ မိုးပျံကားတွေလိုမျိုး အချိန်အကြာကြီး မျှော်လင့်စောင့်စားခဲ့ရပေမယ့် ဖြစ်မလာသေးတဲ့ အရာတွေရှိပါတယ် ။
ဒီလိုပဲ တခြားတစ်ဖက်မှာလည်း ယနေ့ခေတ် အသုံးပြုနေတဲ့ ခေတ်မှီ နည်းပညာတွေဆီကို တိုက်ရိုက်ဦးတည်ပြီး ရှေးခေတ်က တည်ထွင်ခဲ့တဲ့ ဖန်တီးမှု တစ်ချို့ ရှိခဲ့ကြပါတယ် ။ဘာတွေ ဖြစ်မလဲဆိုတာတော့ အောက်မှာ ဆက်လက်ကြည့်ရှုလေ့လာလိုက်ရအောင်နော်…

၁။ သံချပ်ကာကား

ရှေးခေတ်သံချပ်ကာကားတွေလို့ ယူဆရတဲ့ ပုံတွေကို ၁၅ ရာစုထဲက အီတလီ လီရိုနာဒို ဒါ ဗင်ချီရဲ့ ပန်းချီလက်ရာတွေထဲမှာ မြင်တွေ့ခဲ့ရတာပါ ။ အဲဒီတုန်းကတော့ လိပ်ခွံပုံစံကို မှီငြမ်း ထားတာကြောင့် ကတော့ပုံစံ ရှိနေပြီး ပတ်ချာလည်မှာ အမြှောက်တွေတပ်ဆင်ထားခဲ့ပါတယ်။

၂။ အန်းနလော့ခ် ကွန်ပြူတာ

အန်တီကိုင်သာရာလို့ခေါ်တဲ့ ဖြစ်စဉ်က ဘီစီ ၂ရာစုဝန်းကျင်ထဲက စတင်ပေါ်ထွက်ခဲ့တာပါ ။ ရှုပ်ထွေးလှပြီး စက်သွားပေါင်း အနည်းဆုံး ၃၀ ပါဝင်ပါတယ်။ ပြက္ခဒိန်နဲ့ နက္ခတ်ဗေဒအတွက် အသုံးပြုခဲ့ကြတဲ့ ကိရိယာပါတဲ့…

၃။ရေတပ်ရဲ့ ရေငုပ်သင်္ဘော

ပထမဆုံး အောင်မြင်သွားတဲ့ ရေငုပ်သင်္ဘောကို ၁၆၂၀ အင်္ဂလန်မှာ တည်ဆောက်နိုင်ခဲ့တာပါ ။ စမ်းသပ်နေတဲ့အချိန် ရေအောက်မှာ သုံးနာရီ ကြာ ငုပ်နိုင်ခဲ့ပါတယ်။ လှော်တက်တွေကိုတော့ ရှေ့ကို ချီတက်ဖို့ သုံးပြီး ပိုက်လိုင်းတွေကိုတော့ အဖွဲ့သားတွေ လေရှုပေါက်အဖြစ်သုံးခဲ့တာပါ ။ နှစ်ပေါင်း ၁၀၀ နီးပါးကြာပြီးတဲ့နောက် ၁၇၁၈ ခုနှစ် ရုရှား လက်သမားက သူ့ရဲ့ စိတ်ကူးဖြစ်တဲ့ ပထမဆုံးရေငုပ်သင်္ဘော ကို အကောင်အထည်ဖော်ခဲ့တယ်

၄။အလိုအလျောက်ပွင့်တဲ့ တံခါး

သူ့ကိုလည်း အလက်ဇန်းဒရီးရား တီထွင်ခဲ့တာဖြစ်ပြီး ဘုရားကျောင်းတွေအတွက် အထူး တီထွင်ခဲ့တာပါ ။ ဘုန်းတော်ကြီးတွေ မီးတိုင်ကို အလိုအလျောက် မီးညှိလိုက်ရုံနဲ့ အတွင်းထဲက စက်ကိရိယာတွေ အလုပ်လုပ်ပြီး အလိုလို တံခါးပွင့်သွားအောင် လုပ်ခဲ့တဲ့ပုံပါပဲ…

၅။ ထိန်းချုပ်လို့ရတဲ့ စက်ရုပ်

နောက်ထပ် အလန်းဇန်းဒရီးရားရဲ့ တီထွင်မှုပါ ။ ပထမဆုံး ထိန်းချုပ်နိုင်တဲ့စက်ရုပ်ဆိုလဲဟုတ်ပါတယ်။ ဘီးတပ်ထားတဲ့ လှည်းကို အလေးချိန်ရှိတဲ့ပစ္စည်းကျလိုက်ခြင်းအားဖြင့် ဝင်ရိုးပတ်လည်က ကြိုးကို ပုံစံအမျိုးမျိုး ရစ်ပတ်လိုက်ရင် လှည်းက သေချာတဲ့ လမ်းကြောင်းတစ်ခုအတိုင်း သွားမှာပဲဖြစ်ပါတယ်…

၆။ အပူရောင်ခြည် လက်နက်

ရှေးခေတ် ဂရိ သမိုင်းပညာာရှင်တွေ မှတ်တမ်းတင်ခဲ့တာကတော့ အာခိမီးဒိစ်ဖန်တီးခဲ့တဲ့ အပူရောင်ခြည်လက်နက်က ဘီစီ ၂၁၄-၂၁၂ ဆိုင်ရာကုစ် စစ်ပွဲအတွင်း ရန်သူ့သင်္ဘောတွေကို မီးရှို့ ပစ်နိုင်ခဲ့ပါတယ်တဲ့ ။ မှန်တွေကို ကမ်းခြေမှာစီထားပြီး နေရောင်ခြည်ကို အမှတ်တစ်ခုထဲပေါ်မှာ ဗဟိုပြုပြီး ဖန်တီးခဲ့တာပါ…

၇။ တာဝေးဆက်သွယ်မှုကွန်ယက်

၁၇၉၂ ပြင်သစ်မှာ တစ်နိုင်ငံလုံး ဆက်သွယ်လို့ ရနိုင်အောင် တည်ဆောက်ထားတဲ့ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၅၅၆ ခုရှိခဲ့ပါတယ်တဲ့…

၈။ စိတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေး

၁၃ရာစု မွန်ဂိုလီရန်း အင်ပါယာ ဦးဆောင်နေချိန်အတွင်း ဂန်ဟစ်ခန်က စိတ်ပိုင်းဆိုင်ရာ စစ်ပွဲပေါင်းများစွာကို ဖန်တီးခဲ့ပါတယ်။ သူတို့က ကြောက်စရာကောင်းတဲ့ အသံထွက်ပေါ်လာစေတဲ့ မြှားတွေကို သုံးခဲ့တာပါ…

၉။လေယာဉ်ပစ် အမြှောက်

၁၉၁၈ အမေရိကန်စစ်တပ်က စတင်ဖန်တီးခဲ့ပြီး ပထမဆုံး ဒုံးကျည်ပါတဲ့ လေယာဉ်ပါ…

  • Leave a Comment

Categories