ဆင္းရဲစြာေနထုိင္ရတဲ့ အိမ္နီးနားခ်င္းအဖုိးအိုကို အိမ္ေပၚေခၚတင္ၿပီး လုပ္ေကၽြးေနသူ

အမ်ိဳးသားတစ္ေယာက္ဟာ အိမ္နီးနားခ်င္းအဖုိးအုိတစ္ဦး တစ္ကိုယ္ေရ ဆင္းရဲစြာေနထုိင္ေနရတာကို မၾကည့္ရက္တာေၾကာင့္ သူရဲ႕ေနအိမ္ကို လာေရာက္ေနထုိင္ဖုိ႔ ဖိတ္ေခၚခဲ့ၿပီး၊ အစားအစာ အဝတ္အစားကိုလည္း ေထာက္ပံ့ေပးသြားမယ္လုိ႔ ဆုိပါတယ္။ အဆုိပါ အမ်ိဳးသားဟာ မေလး-အိႏၵိယကျပားတစ္ေယာက္ျဖစ္ၿပီး၊ Kuantan မွာ ေနထုိင္ပါတယ္။

သူဟာ အသက္(၂၃)ႏွစ္သာရွိေသးၿပီး၊ သူ႕အိမ္မွာေတာ့ အသက္(၇၁)ႏွစ္အရြယ္ အဖြားေအလည္း ရွိပါတယ္။ အိမ္နီးနားခ်င္း အဖုိးအုိကေတာ့ အသက္(၈၇)ႏွစ္ျဖစ္ၿပီး၊ အုိဇာတာမေကာင္းရွာသူ ဆင္းဆင္းရဲရဲနဲ႔ ဘဝကုိ ႐ုန္းကန္ေနရသူ ျဖစ္ပါတယ္။ အိမ္ရွင္ေကာင္ေလးအေနနဲ႔ တစ္လမွ ရင္းဂစ္(၁၅၀၀)ကေန (၁၈၀၀)ၾကားသာ ဝင္ေငြရွိပါတယ္။

အိမ္ရွင္ေကာင္ေလးအမည္မွာ Thinagaran လုိ႔သာ သိရၿပီး၊ အဖြားနာမည္ကေတာ့ Kamala လုိ႔ သိရပါတယ္။ ညီမေလးလည္း အတူတူေနပါတယ္။ သူတုိ႔ ေျမးအဖြား(၃)ေယာက္ဟာ Kubang Buaya မွာ အိမ္ငွားေနၾကၿပီး၊ အဖြားက အေပၚထပ္မွာ ေနတာပါ။ အိမ္နီးနားခ်င္းအဖုိးအုိကေတာ့ Yep လုိ႔ သိရပါတယ္။ သူတုိ႔ဟာ (၁၀)ႏွစ္ေက်ာ္ၾကာ အိမ္နီးနားခ်င္းဘဝမွာ ေျမးလုိအဖုိးလုိ ခင္တြယ္ၾကပါတယ္။

Thinagaran ဟာ ငယ္စဥ္ကတည္းက ဖခင္ကို ဆုံး႐ႈံးခဲ့ရသူ ျဖစ္ပါတယ္။ အစတုန္းက အဖုိး Yep နဲ႔ ဧရိယာတစ္ခုတည္းမွာ ေနထုိင္ခဲ့ၾကၿပီး၊ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္က အဲဒီဧရိယာဟာ ရာသီဥတုေၾကာင့္ ဆုိးရြားစြာ ပ်က္စီးခဲ့တာပါ။ အဖုိးအုိဟာ တဲငယ္တစ္လုံးမွာ ျဖစ္သလုိ ေနေနရတဲ့အျပင္ ေက်ာေထာက္ေနာက္ခံလည္း မရွိေတာ့ အေတာ္ေလး ဆင္းရဲပင္ပန္းစြာ ႐ုန္းကန္ေနရတာပါ။

ဒါေၾကာင့္ Thinagaran က အဖုိး Yep ကို အိမ္မွာပဲ လာေနဖုိ႔ဖိတ္ေခၚခဲ့တာပါ။ ေနာက္ၿပီး သူတုိ႔ေမာင္ႏွမႏွစ္ေယာက္ဟာ အဖုိး Yep ရဲ႕ ထိန္းသိမ္းမႈေအာက္မွာ ႀကီးျပင္းခဲ့ၾကသူေတြမုိ႔ ေက်းဇူးသံေယာဇဥ္ကလည္း သူတုိ႔ၾကားမွာ ႀကီးမားပါတယ္တဲ့။ သူတုိ႔အေနနဲ႔လည္း ဘယ္ေလာက္ပဲ ဆင္းရဲေနၾကေသာ္လည္း အဖုိးအုိတစ္ေယာက္ကိုေတာ့ တင္ေကၽြးႏုိင္တယ္လုိ႔ Thinagaran က ေျပာပါတယ္။

အဖြားကေတာ့ တစ္လကုိ ပင္စင္ရင္းဂစ္ (၃၅၀) ရပါေသးတယ္။ အိမ္ငွားခကေတာ့ တစ္လကုိ ရင္းဂစ္(၄၀၀) ျဖစ္ၿပီး၊ ရင္းဂစ္(၁၀၀)ေလာက္ကေတာ့ ကုန္က်စာရိတ္ ျဖစ္ပါတယ္။ အဖုိးအုိနဲ႔ အဖြားျဖစ္သူတုိ႔မွာ ႏွစ္ေယာက္သား သာမန္အေမာေရာဂါေလာက္သာ ရွိၿပီး က်န္းမာေနၾကဆဲပါ။ တခ်ိဳ႕ကေတာ့ အဖုိးဟာ အဖြားရဲ႕ငယ္ရည္းစားဆုိၿပီး သြားပုပ္ေလလြင့္ ေျပာေနၾကေပမယ့္ အဖြားကေတာ့ ဂ႐ုမစိုက္ဘူးလုိ႔ ေျပာပါတယ္။ သတင္းမီဒီယာထက္မွာေတာ့ ဒီမိသားစုကုိ ေထာက္ပံ့ဖုိ႔ အလွဴေငြ ေကာက္ခံစုေဆာင္းေနတယ္လုိ႔ သိရပါတယ္။

credit – shwetoday

Ref ; WorldOfBuzz

Unicode

ဆင်းရဲစွာနေထိုင်ရတဲ့ အိမ်နီးနားချင်းအဖိုးအိုကို အိမ်ပေါ်ခေါ်တင်ပြီး လုပ်ကျွေးနေသူ

အမျိုးသားတစ်ယောက်ဟာ အိမ်နီးနားချင်းအဖိုးအိုတစ်ဦး တစ်ကိုယ်ရေ ဆင်းရဲစွာနေထိုင်နေရတာကို မကြည့်ရက်တာကြောင့် သူရဲ့နေအိမ်ကို လာရောက်နေထိုင်ဖို့ ဖိတ်ခေါ်ခဲ့ပြီး၊ အစားအစာ အဝတ်အစားကိုလည်း ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။ အဆိုပါ အမျိုးသားဟာ မလေး-အိန္ဒိယကပြားတစ်ယောက်ဖြစ်ပြီး၊ Kuantan မှာ နေထိုင်ပါတယ်။

သူဟာ အသက်(၂၃)နှစ်သာရှိသေးပြီး၊ သူ့အိမ်မှာတော့ အသက်(၇၁)နှစ်အရွယ် အဖွားအေလည်း ရှိပါတယ်။ အိမ်နီးနားချင်း အဖိုးအိုကတော့ အသက်(၈၇)နှစ်ဖြစ်ပြီး၊ အိုဇာတာမကောင်းရှာသူ ဆင်းဆင်းရဲရဲနဲ့ ဘဝကို ရုန်းကန်နေရသူ ဖြစ်ပါတယ်။ အိမ်ရှင်ကောင်လေးအနေနဲ့ တစ်လမှ ရင်းဂစ်(၁၅၀၀)ကနေ (၁၈၀၀)ကြားသာ ဝင်ငွေရှိပါတယ်။

အိမ်ရှင်ကောင်လေးအမည်မှာ Thinagaran လို့သာ သိရပြီး၊ အဖွားနာမည်ကတော့ Kamala လို့ သိရပါတယ်။ ညီမလေးလည်း အတူတူနေပါတယ်။ သူတို့ မြေးအဖွား(၃)ယောက်ဟာ Kubang Buaya မှာ အိမ်ငှားနေကြပြီး၊ အဖွားက အပေါ်ထပ်မှာ နေတာပါ။ အိမ်နီးနားချင်းအဖိုးအိုကတော့ Yep လို့ သိရပါတယ်။ သူတို့ဟာ (၁၀)နှစ်ကျော်ကြာ အိမ်နီးနားချင်းဘဝမှာ မြေးလိုအဖိုးလို ခင်တွယ်ကြပါတယ်။

Thinagaran ဟာ ငယ်စဉ်ကတည်းက ဖခင်ကို ဆုံးရှုံးခဲ့ရသူ ဖြစ်ပါတယ်။ အစတုန်းက အဖိုး Yep နဲ့ ဧရိယာတစ်ခုတည်းမှာ နေထိုင်ခဲ့ကြပြီး၊ လွန်ခဲ့တဲ့နှစ်အနည်းငယ်က အဲဒီဧရိယာဟာ ရာသီဥတုကြောင့် ဆိုးရွားစွာ ပျက်စီးခဲ့တာပါ။ အဖိုးအိုဟာ တဲငယ်တစ်လုံးမှာ ဖြစ်သလို နေနေရတဲ့အပြင် ကျောထောက်နောက်ခံလည်း မရှိတော့ အတော်လေး ဆင်းရဲပင်ပန်းစွာ ရုန်းကန်နေရတာပါ။

ဒါကြောင့် Thinagaran က အဖိုး Yep ကို အိမ်မှာပဲ လာနေဖို့ဖိတ်ခေါ်ခဲ့တာပါ။ နောက်ပြီး သူတို့မောင်နှမနှစ်ယောက်ဟာ အဖိုး Yep ရဲ့ ထိန်းသိမ်းမှုအောက်မှာ ကြီးပြင်းခဲ့ကြသူတွေမို့ ကျေးဇူးသံယောဇဉ်ကလည်း သူတို့ကြားမှာ ကြီးမားပါတယ်တဲ့။ သူတို့အနေနဲ့လည်း ဘယ်လောက်ပဲ ဆင်းရဲနေကြသော်လည်း အဖိုးအိုတစ်ယောက်ကိုတော့ တင်ကျွေးနိုင်တယ်လို့ Thinagaran က ပြောပါတယ်။

အဖွားကတော့ တစ်လကို ပင်စင်ရင်းဂစ် (၃၅၀) ရပါသေးတယ်။ အိမ်ငှားခကတော့ တစ်လကို ရင်းဂစ်(၄၀၀) ဖြစ်ပြီး၊ ရင်းဂစ်(၁၀၀)လောက်ကတော့ ကုန်ကျစာရိတ် ဖြစ်ပါတယ်။ အဖိုးအိုနဲ့ အဖွားဖြစ်သူတို့မှာ နှစ်ယောက်သား သာမန်အမောရောဂါလောက်သာ ရှိပြီး ကျန်းမာနေကြဆဲပါ။ တချို့ကတော့ အဖိုးဟာ အဖွားရဲ့ငယ်ရည်းစားဆိုပြီး သွားပုပ်လေလွင့် ပြောနေကြပေမယ့် အဖွားကတော့ ဂရုမစိုက်ဘူးလို့ ပြောပါတယ်။ သတင်းမီဒီယာထက်မှာတော့ ဒီမိသားစုကို ထောက်ပံ့ဖို့ အလှူငွေ ကောက်ခံစုဆောင်းနေတယ်လို့ သိရပါတယ်။

credit – shwetoday

Ref ; WorldOfBuzz

  • Leave a Comment