အကာအကွယ်ဦးထုပ်သာ ဆောင်းမထားခဲ့ဘူးဆိုရင် တကယ့်ကိုဆိုးရွားတဲ့အခြေအနေနဲ့ ရင်ဆိုင်ရနိုင်ကြောင့် သက်သေပြနေတဲ့ ဓာတ်ပုံတွေ
1980 ပြည့်လွန်နှစ်အေစောပိုင်းတွင် David Hollister ဟာ မစ်ရှီဂန်တွင် ထိုင်ခုံခါးပတ်ပတ်ခြင်းဆိုင်ရာ ဥပဒေကြမ်းကိုမိတ်ဆက်ခဲ့ပြီး ထိုင်ခုံခါးပတ်မပတ်တဲ့သူတွေကို ဒဏ်ငွေချမှတ်ခဲ့တာကြောင့် သူ့ကိုဟစ်တလာနဲ့နှိုင်းယှဉ်တဲ့ မုန်းတီးကြောင်းရေးသားထားတဲ့မေးလ်ကို လက်ခံရရှိခဲ့ပါတယ်။ ထိုအချိန်က ဖက်ဒရယ်အစိုးရဟာ 1968 ခုနှစ်မှစတင်ကာ ကားအသစ်တွေအားလုံးမှာ ပေါင်နဲ့ ပခုံးပတ်လိုအပ်ကြောင်း ပြောကြားခဲ့ပေမယ့် အမေရိကန်နိုင်ငံသား 14 ရာခိုင်နှုန်းသာ ထိုင်ခုံခါးပတ်ပတ်လေ့ရှိကြတာ ဖြစ်ပါတယ်။ ယဉ်မောင်းများနဲ့ခရီးသည်များက ထိုင်ခုံခါးပတ်ပတ်ခြင်းဟာ သက်တောင့်သက်သာမရှိခြင်းနဲ့ တင်းကျပ်ကြောင်းငြင်းခုံနေကြဆဲဖြစ်ပါတယ်။
ကားထိုင်ခုံခါးပတ်တွေကဲ့သို့ပင် ဦးထုပ်တွေကလည်း မကြာခဏအသက်နဲ့ သေဆုံးခြင်းကို အဆုံးအဖြတ်ပေးတဲ့ အချက်တစ်ခုပဲဖြစ်ပါတယ်။ ဦးထုပ်ဆောင်းခြင်းဟာ သင်လုပ်ဆောင်နိုင်တဲ့ အကောင်းဆုံးအချက်ဖြစ်ကြောင်းကို ဖော်ပြနေတဲ့ ကြောက်မက်ဖွယ်မတော်တဆမှုတွေကို ဖော်ပြပေးလိုက်ပါတယ်။
“အရမ်းပူတာကြောင့် အဆင်မပြေဘူး” “ဆံပင်တွေကိုပုံပျက်စေတယ်” “နီးနီးနားနားပဲသွားမှာကို” “ဘာမှဖြစ်မှာမဟုတ်ဘူး ဒါကြောင့်ဦးထုပ်ဆောင်းဖို့ မလိုအပ်ဘူး” စသဖြင့် လူအများစုဟာ ဆိုင်ကယ်ဦးထုပ်ဆောင်းဖို့ကို အကြောင်းအမျိုးမျိုးပြပြီး ငြင်းဆန်တတ်ကြပါတယ်။ စကိတ်စီးခြင်း၊ စက်ဘီးစီးခြင်း၊ စကူတာ သို့မဟုတ် မော်တော်ဆိုင်ကယ်စီးခြင်း ဒါမှမဟုတ် တစ်ခြားအန္တရာယ်များတဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခြင်းစတဲ့ အကြောင်းအရင်းတစ်ချို့ကို လူတွေကပေါ့ဆစွာနဲ့ လုပ်ဆောင်နေကြပါတယ်။
ဆိုင်ကယ်စီးစဉ်ဦးထုပ်မဆောင်းခြင်းက ဦးခေါင်းခွံကွဲအက်ခြင်း၊ မှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ အာရုံမစိုက်နိုင်ခြင်း၊ အိပ်မပျော်ခြင်း၊ မသန်စွမ်းဖြစ်ခြင်းနဲ့ သေဆုံးခြင်းအန္တရာယ်တွေနဲ့ပင် တွေ့ကြုံနိုင်တာကြောင့် တကယ့်ကိုဂရုစိုက်သင့်တဲ့ အရာတစ်ခုပါ။ ဦးထုပ်ဆောင်းခဲ့ကြတာကြောင့် အန္တရာယ်အခြေအနေကနေ လွတ်မြောက်ခဲ့ကြပြီး တကယ်လို့ဦးထုပ်သာဆောင်းမထားခဲ့ဘူးဆိုရင် ဘယ်လိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ရမလဲဆိုတာကို မတွေးရဲေလောက်အောင်ဖြစ်သွားစေနိုင်တဲ့ ဓာတ်ပုံတစ်ချို့ကို ဝေမျှပေးလိုက်ပါတယ်။
Credit-SHWEMOM
Zawgyi
Credit-SHWEMOM
  • Leave a Comment
Categories