က်န္းမာေရးအတြက္ ကိုဗစ္စည္းကမ္းနဲ႔အညီ ဓားျပတိုက္ခဲ့တဲ့ အိႏၵိယက ဓားျပ(၃)ေယာက္ (႐ုပ္/သံ)

ကၽြန္ေတာ္တို႔ ကိုယ္တိုင္ ဓားျပအတိုက္ မခံဖူးရင္ေတာင္ ကၽြန္ေတာ္တို႔ ပတ္ဝန္းက်င္မွာ ဓားျပအတိုက္ခံရတဲ့ အမႈေတာ္ေတာ္မ်ားမ်ားကို ၾကားဖူးၾကမွာပါပဲ။ အခ်ိဳ႕ဓားျပေတြဟာ ဝုန္ဒိုင္းၾကဲျပီး ဓားျပတိုက္တတ္သလို တစ္ခ်ိဳ႕က်ျပန္ေတာ့လည္း ေသြးေအးေအးနဲ႔ပဲ ဓားျပတိုက္သြားေလ့ ရွိပါတယ္။ အခုေျပာျပခ်င္တဲ့ ဓားျပအမႈကေတာ့ နည္းနည္းေလး ထူးဆန္းပါတယ္။ ဓားျပ ၃ ေယာက္ဟာ ရတနာဆိုင္ထဲကို ရုပ္တည္ၾကီးနဲ႔ ဝင္လာျပီး ေစ်းဝယ္ေတာ့မလိုနဲ႔ ဓားျပတိုက္သြားတာပဲျဖစ္ေၾကာင္း Storypick သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။

အဆိုပါ ဓားျပအမႈဟာ အိႏၵိယႏိုင္ငံ၊ Uttar Pradesh ျပည္နယ္ရွိ Aligarh ျမိဳ႕က ရတနာဆိုင္တစ္ဆိုင္မွာ ျဖစ္ပြားခဲ့တာပဲ ျဖစ္ပါတယ္။ အဆိုပါ ရတနာဆိုင္ နာမည္ကေတာ့ Sunder Jewellers လို႔ အမည္ရျပီး အခင္းျဖစ္ပြားခ်ိန္ကေတာ့ စင္တင္ဘာလ ၁၁ ရက္ေန႔၊ ေန႕လည္ ၂ နာရီ ခန္႔မွာပဲ ျဖစ္ပါတယ္။ Mask တပ္ထားတဲ့ လူငယ္ ၃ ဦးဟာ ဆိုင္ထဲကို ရုတ္တရက္ဝင္လာခဲ့ျပီး ဆိုင္ကေပးတဲ့ လက္ေဆးရည္နဲ႔ လက္ကိုေတာင္ ေသေသခ်ာခ်ာ ပြတ္တိုက္ျပီး ေဆးေၾကာခဲ့ပါေသးတယ္။ အဲဒီေနာက္မွာေတာ့ အေရွ႕ဆံုးက လူငယ္ဟာ ခါးၾကားထဲထိုးလာတဲ့ ေသနတ္ကို ဆြဲထုတ္ခဲ့ျပီး ဓားျပတိုက္ခဲ့ပါတယ္။

အဲဒီေနာက္မွာေတာ့ ဆိုင္ထဲက မွန္ေဘာင္ထဲမွာထားရွိထားတဲ့ ရတနာပစၥည္းတစ္ခ်ိဳ႕၊ မွန္ေပၚမွာထားထားတဲ့ ေငြသားေတြနဲ႔ မီးခံေသတၱာထဲက ရတနာပစၥည္းေတြကို အကုန္လုယက္ယူငင္သြားေၾကာင္း သိရပါတယ္။ အဆိုပါ ဓားျပေတြလက္ထဲကို ရူပီး ၅၀,၀၀၀ အပါအဝင္ ရူပီး ၃၆ သိန္းေက်ာ္ဖိုး ရတနာပစၥည္းေတြ ပါသြားခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ဆိုင္ရဲ႕ CCTV ကရရွိထားတဲ့ ပံုေတြနဲ႔ ရဲတပ္ဖြဲ႕ကေတာ့ အဆိုပါ ဓားျပေတြကို အပူတျပင္း လိုက္လံစံုစမ္းေနေၾကာင္း သိရပါတယ္။

credit – shwemom

Unicode

ကျန်းမာရေးအတွက် ကိုဗစ်စည်းကမ်းနဲ့အညီ ဓားပြတိုက်ခဲ့တဲ့ အိန္ဒိယက ဓားပြ(၃)ယောက်

ကျွန်တော်တို့ ကိုယ်တိုင် ဓားပြအတိုက် မခံဖူးရင်တောင် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဓားပြအတိုက်ခံရတဲ့ အမှုတော်တော်များများကို ကြားဖူးကြမှာပါပဲ။ အချို့ဓားပြတွေဟာ ဝုန်ဒိုင်းကြဲပြီး ဓားပြတိုက်တတ်သလို တစ်ချို့ကျပြန်တော့လည်း သွေးအေးအေးနဲ့ပဲ ဓားပြတိုက်သွားလေ့ ရှိပါတယ်။ အခုပြောပြချင်တဲ့ ဓားပြအမှုကတော့ နည်းနည်းလေး ထူးဆန်းပါတယ်။ ဓားပြ ၃ ယောက်ဟာ ရတနာဆိုင်ထဲကို ရုပ်တည်ကြီးနဲ့ ဝင်လာပြီး ဈေးဝယ်တော့မလိုနဲ့ ဓားပြတိုက်သွားတာပဲဖြစ်ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ ဓားပြအမှုဟာ အိန္ဒိယနိုင်ငံ၊ Uttar Pradesh ပြည်နယ်ရှိ Aligarh မြို့က ရတနာဆိုင်တစ်ဆိုင်မှာ ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါ ရတနာဆိုင် နာမည်ကတော့ Sunder Jewellers လို့ အမည်ရပြီး အခင်းဖြစ်ပွားချိန်ကတော့ စင်တင်ဘာလ ၁၁ ရက်နေ့၊ နေ့လည် ၂ နာရီ ခန့်မှာပဲ ဖြစ်ပါတယ်။ Mask တပ်ထားတဲ့ လူငယ် ၃ ဦးဟာ ဆိုင်ထဲကို ရုတ်တရက်ဝင်လာခဲ့ပြီး ဆိုင်ကပေးတဲ့ လက်ဆေးရည်နဲ့ လက်ကိုတောင် သေသေချာချာ ပွတ်တိုက်ပြီး ဆေးကြောခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ အရှေ့ဆုံးက လူငယ်ဟာ ခါးကြားထဲထိုးလာတဲ့ သေနတ်ကို ဆွဲထုတ်ခဲ့ပြီး ဓားပြတိုက်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဆိုင်ထဲက မှန်ဘောင်ထဲမှာထားရှိထားတဲ့ ရတနာပစ္စည်းတစ်ချို့၊ မှန်ပေါ်မှာထားထားတဲ့ ငွေသားတွေနဲ့ မီးခံသေတ္တာထဲက ရတနာပစ္စည်းတွေကို အကုန်လုယက်ယူငင်သွားကြောင်း သိရပါတယ်။ အဆိုပါ ဓားပြတွေလက်ထဲကို ရူပီး ၅၀,၀၀၀ အပါအဝင် ရူပီး ၃၆ သိန်းကျော်ဖိုး ရတနာပစ္စည်းတွေ ပါသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဆိုင်ရဲ့ CCTV ကရရှိထားတဲ့ ပုံတွေနဲ့ ရဲတပ်ဖွဲ့ကတော့ အဆိုပါ ဓားပြတွေကို အပူတပြင်း လိုက်လံစုံစမ်းနေကြောင်း သိရပါတယ်။

credit – shwemom

  • Leave a Comment