ရည်းစားမရှိတဲ့လူတွေ ပညာယူသင့်သည့် ကောင်မလေးက ဝမ်းနည်းကာ ငိုနေလို့ မျက်ရည်လေးတွေသုတ်ပေးပြီး ခေါင်းလေးပွတ်သပ်ကာ ချော့မော့နေသူ မူကြိုကျောင်းသားလေး

ချစ်သူရည်းစားမရှိသူတွေဟာ ရည်းစားထားတာမကောင်းဘူးလို့ ဆိုနေကြပေမယ့် စိတ်ထဲမှာတော့ တစ်ခါတစ်လေတွင် ချစ်သူစုံတွဲတွေကို အားကြနေမှာ သေချာပါတယ်။လူတိုင်း၏နှလုံးသားထဲတွင် ချစ်တတ်သော စိတ်လေးရှိပေမယ့် မိမိချစ်ရသူကို ချဉ်းကပ်ဖို့အတွက် မဝံ့မရဲဖြစ်နေမှာသေချာပါတယ်။

ယခုအခါမှာတော့ မူကြိုကျောင်းသားလေး၏ အတန်းဖော်ကောင်မလေးအပေါ် ဂရုစိုက်ပြုစုပုံတွေဟာ ရည်းစားမရှိသူတွေအတွက် အတုယူစရာဖြစ်နေခဲ့ပါတယ်။မူကြိုကျောင်းသူလေးဟာ ကလေးတို့၏သဘာဝအတိုင်း အတန်းထဲ၌ ငိုနေချိန်တွင် မူကြိုကျောင်းသားလေးက အနားရောက်လာပြီး မျက်ရည်လေးတွေသုတ်ပေးကာ ချော့မော့နေခဲ့ပါတယ်။

ထို့အပြင် ကောင်မလေး၏ဦးခေါင်းကို ပွတ်သပ်ပေးရင်း အငိုတိတ်စေဖို့ နှစ်သိမ့်အားပေးနေခဲ့သေးတာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories