




Unicode

ချစ်သူသက်တမ်း (၇) နှစ်တိုင်တိုင် လက်တွဲနိုင်ခဲ့တဲ့ အဓိကအကြောင်းအရင်းကို ပြောပြလာတဲ့ မောင်နဲ့ ရီရီပွင့်ဖြူ

ပြည်သူချစ် အနုပညာရှင်နှစ်ယောက်ဖြစ်ကြတဲ့ မောင်နဲ့ ရီရီပွင့်ဖြူတို့ကို ပရိသတ်ကြီး ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ရင်းနှီးပြီးသား ဖြစ်မှာပါ။ မောင်နဲ့ ရီရီပွင့်ဖြူတို့နှစ်ယောက်စလုံးက အနုပညာလောကမှာ အထိုက်အလျောက်အောင်မြင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို မလုပ်ကိုင်တော့ပဲ သာမာန်လူတွေအဖြစ်ပဲ အလုပ်တွေကိုယ်စီလုပ်ကိုင်နေခဲ့တာပဲ ဖြစ်ပါတယ်။ အချိန်တွေအကြာကြီး သိုသိုသိပ်သိပ်နဲ့ လက်တွဲခဲ့ကြတဲ့ မောင်နဲ့ ရီရီပွင့်ဖြူက ပြီးခဲ့တဲ့နှစ်ပိုင်းကမှ ချစ်သူတွေဖြစ်နေကြကြောင်း ပရိသတ်ကို ချပြခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ စက်တင်ဘာလ (၁၅) ရက်နေ့မှာတော့ မောင်နဲ့ ရီရီပွင့်ဖြူတို့ရဲ့ ချစ်သူသက်တမ်း (၇) နှစ်ပြည့်တဲ့နေ့လေးဖြစ်ပါတယ်။ မောင်နဲ့ရီရီပွင့်ဖြူတို့က ချစ်သူသက်တမ်း (၇) နှစ်တိတိတိုင် လက်တွဲနိုင်ခဲ့တဲ့ အဓိကအကြောင်းအရင်းကို ” ရည်းစားသက်တမ်း ၇ နှစ်ပြည့်ဖို့ဆိုတာမလွယ်ပါဘူး။

ပျော်လိုက် ပါးလိုက် သောက်လိုက် စားလိုက် ခရီးတွေသွားလိုက်နဲ့ တော်တော် ရုန်းကန်ခဲ့ရပါတယ် 🤪🤪🤪🤪 တကယ်တော့ Healthy Relationship တခုဖြစ်ဖို့ဆိုတာ drama တွေသိပ့်မခင်းဘဲ နှစ်ယောက်လုံး ကမျင်းကြောထနေဖို့ပဲ လိုတာပါ 🥰🥰🥰🥰” ဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။

မောင်နဲ့ ရီရီပွင့်ဖြူတို့ကတော့ အခုလို ခေတ်ကြီးထဲမှာ ချစ်သူတွေအဖြစ် (၇) နှစ်တိတိ လက်တွဲလာနိုင်ခဲ့တာ အားကျစရာပါပဲနော်။ မောင်နဲ့ ရီရီပွင့်ဖြူတို့ စုံတွဲလေး ချစ်သူသက်တမ်း (၇) နှစ်မှတိုင် နှစ် (၇၀) ထိ အခုလိုပဲ စိတ်တူကိုယ်တူချစ်နိုင်ကြပါစေနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

  • Leave a Comment