တန်ဖိုးကြီးBMWဇိမ်ခံကားကို တိုက်လိုက်မိပြီးနောက် လျော်ပေးရန်မတတ်နိုင်၍ ကားပိုင်ရှင်နားကပ်ချွဲပြီး ခွင့်လွှတ်ပေးဖို့ တောင်းဆိုနေသည့် မိန်းကလေး

လမ်းမပေါ်တွင် ယာဉ်များမောင်းနှင်နေစဉ် မတော်တဆ တိုက်မှုတွေဖြစ်သွားပါက မှားတဲ့ဖက်ကနေ အတိုက်ခံရတဲ့တစ်ဖက်လူကို လိုအက်သလောက် လျော်ကြေးပေးဆောင်ရပြီး ရဲစခန်းမှာလည်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းများနဲ့အညီ ဒဏ်ငွေပေးဆောင်ကြရမှာဖြစ်သည်။

သို့ဖြစ်၍ တရုတ်နိုင်ငံ Guangxiမြို့ လမ်းမပေါ်တွင် မိန်းကလေးတစ်ဦးသည် သတိမထားမိလိုက်ချိန်၌ ရုတ်တရက် ကားတစ်စီးကိုတိုက်မိခဲ့ပြီး သူမတိုက်လိုက်မိတဲ့ကားကလည်း သာမန်မဟုတ်ပဲ တန်ဖိုးကြီး BMWဇိမ်ခံကားဖြစ်နေတာကြောင့် လျော်ပေးဖို့ရာမတတ်နိုင်ပဲ ခေါင်းကိုက်စေခဲ့သည်။

ကားပိုင်ရှင်မှာအမျိုးသားတစ်ဦးလည်းဖြစ်နေရော မိန်းကလေးသည် အကြံတစ်ခုရခဲ့ပြီး ထိုအမျိုးသားဆီချဉ်းကပ်ကာ သနားစရာငိုသံပါသည့်အသံလေးနဲ့အတူ သူမအားခွင့်လွှတ်ပေးရန် အတင်းတွေလိုက်ဖက်ပြီးတော့ ကပ်ချွဲပြီးပြောဆိုနေခဲ့သည်။

ကားပိုင်ရှင်အမျိုးသားသည် အစပိုင်းတော့ ဒေါသတွေအရမ်းထွက်နေပေမယ့် မိန်းကလေးရဲ့သနားစရာ အပြုအမူလေးကြောင့် စိတ်ကိုလျှော့ကာ နောက်ခါဂရုစိုက်မောင်းဖို့ပြောကြားခဲ့ပြီး လျော်ကြေးလည်းမတောင်းတော့ပဲ ခွင့်လွှတ်ပေးခဲ့သည်။

Rain (For Ialinks)

Zawgyi






Rain (For Ialinks)

  • Leave a Comment

Categories