မထင္မွတ္ဘဲ ႐ိုက္လုိက္မိတဲ့ TikTok ဗြီဒီယုိထဲမွာ ကေလးသရဲပုံ ပါလာတဲ့အျဖစ္ (႐ုပ္/သံ)

TikTok အသုံးျပဳသူအမ်ိဳးသမီးတစ္ေယာက္ဟာ သူမရဲ႕မိခင္က ေပးပုိ႔ခဲ့တဲ့ ဗြီဒီယုိဖုိင္ေလးတစ္ခုကို လူမႈကြန္ရက္မွာ တင္ခဲ့ရာ၊ ထင္မွတ္မထားဘဲ ၾကည့္႐ႈသူ (၁.၈)သန္းအထိ ရွိခဲ့ပါတယ္။ အေၾကာင္းကေတာ့ အဲဒီဗြီဒီယုိထဲမွာ ကေလးသရဲတစ္ေကာင္ရဲ႕ မ်က္ႏွာပုံစံ ပါလာခဲ့တာကို မူလမွ်ေဝသူက သတိထားမိခဲ့ပါတယ္။

ဗြီဒီယုိဖုိင္ဟာ အိမ္ရာအေဟာင္းတစ္ခုကို အေပ်ာ္သေဘာ ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ပထမဆုံး ျပန္လည္မွ်ေဝသူ အမ်ိဳးသမီးရဲ႕အမည္ကေတာ့ Rebecca ျဖစ္ၿပီး သူမ မိခင္က သူမဆီကုိ သီျခားပုိ႔ေပးခဲ့တဲ့ဗြီဒီယုိျဖစ္ေၾကာင္း၊ အဲဒီဗြီဒီယုိကို သူမက လူမႈကြန္ရက္မွာ ျပန္လည္ျဖန္႔ေဝခဲ့တာပါ။ လွပခမ္းနားတဲ့ အိမ္ႀကီးအေၾကာင္း မိခင္က ဗြီဒီယုိ႐ိုက္ရင္း ရွင္းျပထားပါတယ္။

မိခင္ကေတာ့ တစ္ခုေသာ ျပဴတင္းေပါက္တစ္ခုမွာေတာ့ ကေလးတစ္ေယာက္ရဲ႕ မ်က္ႏွာနဲ႔ ခပ္ဆင္ဆင္ ပုံရိပ္တစ္ခုကို သတိထားမိခဲ့ျခင္း မရွိပါဘူး။ Rebecca က သရဲတစ္ေကာင္ ရွိေနေၾကာင္း မိခင္ကို ေထာက္ျပခ်ိန္မွာေတာ့ သူမက အရမ္းအံ့ၾသသြားတယ္လုိ႔ ဆုိပါတယ္။ ဒီဗြီဒီယုိကိုၾကည့္႐ႈၿပီး လူမႈကြန္ရက္မွာ မွတ္ခ်က္ေတြ ေထာင္နဲ႔ခ်ီ ေရးသားခဲ့ရာ-

အမ်ားအားျဖင့္ေတာ့ ကေလးသရဲတစ္ေကာင္ကုိ ျမင္ေတြ႕ရေၾကာင္း ဆုိထားပါတယ္။ Rebecca က “ဒီဗြီဒီဖုိင္ကို ကၽြန္မအေမက လွမ္းပုိ႔ခဲ့တာပါ … ေတာင္တက္လမ္းေဘးက အိမ္အုိေဟာင္းတစ္ခုကို မွတ္တမ္းတင္ထားတာပါ … ကၽြန္မက ျပဴတင္းေပါက္မွာ မ်က္ႏွာပုံစံတစ္ခုကို သတိထားမိခဲ့ပါတယ္ … “လုိ႔ လူမႈကြန္ရက္မွာ ေရးထားပါတယ္။

မိခင္ျဖစ္သူရဲ႕ စုံစမ္းမႈအရ ဒီအိမ္ႀကီးဟာ Murphy house တစ္ခုျဖစ္ေၾကာင္း၊ သရဲေျခာက္တဲ့ အိမ္စာရင္းအတြင္းမွာ ပါဝင္ၿပီး၊ Rebecca ကေတာ့ ဒီလုိ အိမ္လွလွႀကီးတစ္ခုတည္းမွာ ဝိဉာဥ္ေတြ ေနတယ္ဆုိတာ မယုံႏုိင္ဖြယ္ရာပဲလုိ႔ ေျပာခဲ့ပါတယ္။ မွတ္ခ်က္ေရးသူတစ္ဦးက ” အုိဘုရားေရ … ဒါက ကေလးသရဲပဲ … ကၽြန္မမွာေတာ့ အိပ္ရာဝင္မလုိ႔ရွိေသး ၾကည့္လုိက္မိတာ “လုိ႔ ေရးခဲ့ပါတယ္။

လင္းသုတ

Ref ; Mirror

Unicode

မထင်မှတ်ဘဲ ရိုက်လိုက်မိတဲ့ TikTok ဗွီဒီယိုထဲမှာ ကလေးသရဲပုံ ပါလာတဲ့အဖြစ်

TikTok အသုံးပြုသူအမျိုးသမီးတစ်ယောက်ဟာ သူမရဲ့မိခင်က ပေးပို့ခဲ့တဲ့ ဗွီဒီယိုဖိုင်လေးတစ်ခုကို လူမှုကွန်ရက်မှာ တင်ခဲ့ရာ၊ ထင်မှတ်မထားဘဲ ကြည့်ရှုသူ (၁.၈)သန်းအထိ ရှိခဲ့ပါတယ်။ အကြောင်းကတော့ အဲဒီဗွီဒီယိုထဲမှာ ကလေးသရဲတစ်ကောင်ရဲ့ မျက်နှာပုံစံ ပါလာခဲ့တာကို မူလမျှဝေသူက သတိထားမိခဲ့ပါတယ်။

ဗွီဒီယိုဖိုင်ဟာ အိမ်ရာအဟောင်းတစ်ခုကို အပျော်သဘော ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ပထမဆုံး ပြန်လည်မျှဝေသူ အမျိုးသမီးရဲ့အမည်ကတော့ Rebecca ဖြစ်ပြီး သူမ မိခင်က သူမဆီကို သီခြားပို့ပေးခဲ့တဲ့ဗွီဒီယိုဖြစ်ကြောင်း၊ အဲဒီဗွီဒီယိုကို သူမက လူမှုကွန်ရက်မှာ ပြန်လည်ဖြန့်ဝေခဲ့တာပါ။ လှပခမ်းနားတဲ့ အိမ်ကြီးအကြောင်း မိခင်က ဗွီဒီယိုရိုက်ရင်း ရှင်းပြထားပါတယ်။

မိခင်ကတော့ တစ်ခုသော ပြူတင်းပေါက်တစ်ခုမှာတော့ ကလေးတစ်ယောက်ရဲ့ မျက်နှာနဲ့ ခပ်ဆင်ဆင် ပုံရိပ်တစ်ခုကို သတိထားမိခဲ့ခြင်း မရှိပါဘူး။ Rebecca က သရဲတစ်ကောင် ရှိနေကြောင်း မိခင်ကို ထောက်ပြချိန်မှာတော့ သူမက အရမ်းအံ့သြသွားတယ်လို့ ဆိုပါတယ်။ ဒီဗွီဒီယိုကိုကြည့်ရှုပြီး လူမှုကွန်ရက်မှာ မှတ်ချက်တွေ ထောင်နဲ့ချီ ရေးသားခဲ့ရာ-

အများအားဖြင့်တော့ ကလေးသရဲတစ်ကောင်ကို မြင်တွေ့ရကြောင်း ဆိုထားပါတယ်။ Rebecca က “ဒီဗွီဒီဖိုင်ကို ကျွန်မအမေက လှမ်းပို့ခဲ့တာပါ … တောင်တက်လမ်းဘေးက အိမ်အိုဟောင်းတစ်ခုကို မှတ်တမ်းတင်ထားတာပါ … ကျွန်မက ပြူတင်းပေါက်မှာ မျက်နှာပုံစံတစ်ခုကို သတိထားမိခဲ့ပါတယ် … “လို့ လူမှုကွန်ရက်မှာ ရေးထားပါတယ်။

မိခင်ဖြစ်သူရဲ့ စုံစမ်းမှုအရ ဒီအိမ်ကြီးဟာ Murphy house တစ်ခုဖြစ်ကြောင်း၊ သရဲခြောက်တဲ့ အိမ်စာရင်းအတွင်းမှာ ပါဝင်ပြီး၊ Rebecca ကတော့ ဒီလို အိမ်လှလှကြီးတစ်ခုတည်းမှာ ဝိဉာဉ်တွေ နေတယ်ဆိုတာ မယုံနိုင်ဖွယ်ရာပဲလို့ ပြောခဲ့ပါတယ်။ မှတ်ချက်ရေးသူတစ်ဦးက ” အိုဘုရားရေ … ဒါက ကလေးသရဲပဲ … ကျွန်မမှာတော့ အိပ်ရာဝင်မလို့ရှိသေး ကြည့်လိုက်မိတာ “လို့ ရေးခဲ့ပါတယ်။

လင်းသုတ

Ref ; Mirror

  • Leave a Comment