အသက်၇၁နှစ်အရွယ်ရှိပြီဖြစ်သော်လည်း လူငယ်များထက်ပင် လက်စွမ်းပိုပြနိုင်ပြီး ဘတ်စကတ်ဘောကို ဆော့ကစားနေဆဲဖြစ်သည့် အံ့သြဖွယ်ရာအဖွားအို

အားကစားတစ်ခုကို လုပ်ဆောင်နိုင်ဖို့အတွက် အသက်အရွယ်သည် အလွန်အရေးကြီးလှတာဖြစ်ပါတယ်။အသက်အရွယ်အနည်းငယ်ရလာလျှင်ပင် လူငယ်များကြားတွင် အစွမ်းပြနိုင်ဖို့အတွက် ခက်ခဲလာတတ်ပါတယ်။

သို့သော်လည်း မက္ကဆီကိုနိုင်ငံ Andrea Garcia lopezဆိုသည့်အဖွားအိုဟာ အရင်က NBAကစားသမားတစ်ဦးဖြစ်ပါတယ်။ထို့နောက်အသက်အရွယ်ရလာသောအခါ ကစားသမားဘဝမှအနားယူခဲ့သော်လည်း ဘတ်စကတ်ဘောဆော့ကစားခြင်းကိုတော့ ယနေ့ထိတိုင်ဆော့ကစားနေဆဲဖြစ်ပါတယ်။

အဖွားအိုသည် လူငယ်လေးများနှင့် ယှဉ်ပြိုင်ရင်းနေ့စဉ်ဆော့ကစားရာတွင် လူငယ်များက လေးစားရသည့်လက်စွမ်းကို အရွယ်နှင့်မလိုက်အောင်ပြသနေခဲ့တာဖြစ်ပါတယ်။အသက်၇၀ကျော်အဖွားအိုတစ်ဦးက လူငယ်တွေနှင့်အပြိုင် ဆော့ကစားနိုင်သေးတာဟာ လူတိုင်းကို အံ့အားသင့်စေမှာသေချာပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories