




credit – sankyipar

Unicode

ပရိတ်သတ်တွေရှေ့ ပြန်လည်ရောက်ရှိတော့မယ့်အကြောင်း တရားဝင်ကြေညာလိုက်ပြီဖြစ်တဲ့ စွမ်းဇာနည်

ပြည့်သူ့အချစ်တော် ဇာတ်မင်းသားလေး စွမ်ဇာနည်ကတော့ ကျန်းမာရေးအခြေအနေအရရော .. တခြားသောလူမှုရေး ပြဿနာတွေ ကြောင့် အနုပညာလောက ကနေ ခေတ္တအနားယူခဲ့ပြီး ပရိသတ်တွေရှေ့က ကိုယ်ယောင်ပျောက်နေခဲ့တာပါ ။ ပရိသတ်တွေကတော့ အမြန်ဆုံး ပြန်လာဖို့မျှော်လင့်နေခဲ့ကြပြီး ဆက်လက်အားပေးချစ်ခင်နေကြဆဲပါ ။

လတ်တလောမှာတော့ စွမ်းဇာနည် တစ်ယောက် ” အားလုံးပဲ နေကောင်းကြရဲ့လား မတွေ့တာကြာပီနော် ကျွန်တော်လည်း အားလုံးကို သတိရပါတယ် လက်ရှိ ကျွန်တော် ဒီ Swam Zarni ဆိုတဲ့ အကောင့်တစ်ခုပဲ သုံးနေပါတယ် မကြာခင်မှာ အနုပညာအလုပ်တွေနဲ့အတူ အားလုံးရှေ့ပြန်လာတော့မှာမို့ ကျတော့်ကိုချစ်တဲ့ ပရိသတ်ကြီးများ ဒီအကောင့်လေးမှာ စောင့်ကြည့်အားပေးကြပါနော် ဆိုတဲ့ စာသားလေးနဲ့အတူ ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ် ။

အချိန်အကြာကြီး ပရိတ်သတ်မြင်ကွင်းကနေ ပျောက်ကွယ်ခဲ့တာကြောင့် ကောလဟာလများလည်း ထွက်ပေါ်လာခဲ့သလို အမာခံပရိတ်သတ်များကလည်း နောက်ထပ်တကြိမ် မြင်တွေ့ရဖို့ စောင့်မျှော်နေခဲ့ကြတာပါ။

အနုပညာအလုပ်တွေလည်း ပြန်လည်လုပ်ကိုင်တော့မှာဖြစ်လို့ ပရိသတ်တွေကတော့ အရမ်းကို ပျော်ရွှင်နေကြပါတယ် ။ စွမ်းက သူချစ်တဲ့ ပရိသတ်ကြီးကိုလည်း ဒီကာလမှာ ကျန်းမာရေးလဲ ဂရုစိုက်ကြဖို့ အတွက် သတိပေးစကားဆိုခဲ့ပါသေးတယ် ။ ပရိသတ်ကြီးထဲမှာရော စွမ်းရဲ့ ပရိသတ်တွေရှိလား မှတ်ချက်ပေးခဲ့ပါဦးနော် ..။

credit – sankyipar

  • Leave a Comment