ကျောင်းတက်ရတော့မှာမလို့ ဆံပင်ကိုသပ်သပ်ရပ်ရပ်လေးညှပ်ပေးဖို့ပြောခဲ့ရာ ဆံပင်ညှပ်ဆရာက ကတုံးပေါက်စကေညှပ်ပေးလိုက်လို့ တစ်ခါတည်းထိုင်ငိုနေခဲ့တဲ့ကျောင်းသားလေး၏အဖြစ်

ကလေးငယ်တို့၏သဘာဝဟုပင်တင်စားရမလားမပြောတတ်ပေ။ကျောင်းသားအရွယ်လူငယ်ယောကျာ်းလေးတိုင်းသည်ဆံပင်အရှည်ထားရတာကိုအလွန်နှစ်သက်သဘောကျပေသည်။ထို့ကြောင့်လည်းဆရာမများကကျောင်းသားလေးတွေကိုဆံပင်ညှပ်ဖို့အမြဲဆူပူကြိမ်းမောင်းနေတတ်ကြပါတယ်။

ယခုတွင်လည်း ထိုင်းနိုင်ငံမှကျောင်းသားလေးတစ်ဦးဟာ ကျောင်းမသွားခင်တွင်ဆံပင်သပ်သပ်ရပ်ရပ်လေးဖြစ်စေဖို့ဆိုင်သွားညှပ်ခဲ့ပါတယ်။ဆိုင်သို့ရောက်သောအခါ ဆံသဆရာကိုကျောင်းသွားလျှင်ကြည့်ကောင်းအောင်ညှပ်ပေးဖို့ပြောကြားခဲ့ပါတယ်။

ထိုအခါဆံသဆရာကလည်းကျောင်းသားလေးကိုကတုံးဖြစ်အောင်ညှပ်ချပေးလိုက်ရာမှတော့ ကျောင်းသားလေးဟာတစ်ခါတည်းထိုင်ငိုနေခဲ့တော့တာဖြစ်ပါတယ်။ကျောင်းသားလေးကတော့ဆံပင်ညှပ်ဆိုင်အရွေးမှားပြီဆိုပြီးနောင်တရနေမှာသေချာပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories