လူတစ်ယောက်ဟာ အသက်အရွယ်ကြီးရင့်လာသည့်အချိန်မှ အလုပ်လုပ်ကိုင်အောင်မြင်ဖို့အတွက် ကြိုးစားချင်ကြတာဖြစ်ပါတယ်။ဆယ်ကျော်သက်အရွယ်၌မူဆော့ကစားရန်သာ ခေါင်းထဲရှိနေကြတာဖြစ်ပါတယ်။
သို့သော်လည်း လောကတွင် ရှားပါးလှသည်ဟုဆိုရမည့် ဗီယက်နမ်နိုင်ငံမှ Bao Ngoc ဆိုသည့်သမီးငယ်လေးဟာ အသက်၁၁နှစ်အရွယ်မှာဘဲ ကိုယ်ပိုင်ရင်းနှင်းမြှုပ်နှံမှုအနေဖြင့် လက်ဖက်ရည်ဆိုင်ဖွင့်ခဲ့တာဖြစ်ပါတယ်။ငယ်စဥ်အရွယ်မှာဘဲ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်လာဖို့ ဝါသနာပါခဲ့ပြီး ကိုယ်တိုင်လေ့လာပြီး အောင်မြင်ရန်ကြိုးစားခဲ့ခြင်းဖြစ်ပါတယ်။
ထို့နောက်မှ စီးပွားရေးလုပ်ငန်းမျိုးစုံကို လုပ်ကိုင်ပြီး အမှန်တကယ်အောင်မြင်ကျော်ကြားလာခဲ့ကာ နိုင်ငံရုပ်သံကပင် ခေါ်ယူမေးမြန်းရသည်အထိ လူသိများလာခဲ့ပါတယ်။ယခုအခါမှာတော့ ကောင်မလေးဟာ အရွယ်ရောက်လာခဲ့ပြီး တက္ကသိုလ်မှဘွဲ့ရခဲ့ပါတယ်။
Shoon (Cele Daily)
Zawgyi
အသက်၁၁နှစ်အရွယ်မှာဘဲ ကိုယ်ပိုင်လက်ဖက်ရည်ဆိုင်ဖွင့်ပြီး အောင်မြင်သည့်လူတစ်ယောက်အနေဖြင့် လျှောက်လှမ်းနိုင်ခဲ့ကာ နိုင်ငံ၏စံပြဖြစ်လာခဲ့သည့် ကောင်မလေး
Shoon (Cele Daily)