ဇနီးဖြစ်သူထားသွားပြီးနောက်ပိုင်း ဝေးလံခေါင်သီသော ကုန်းမြင့်ဒေသမှာ တစ်ယောက်တည်း ပြောင်းရွှေ့နေထိုင်ခဲ့သည့် အဖိုးအို

လူတိုင်းက အသက်ကြီးလာသည့်အခါ အနားမှာပြုစုပေးမည့်အဖော်တစ်ယောက်လောက်တော့ ရှိစေချင်ကြပေမယ့် ကံကြမ္မာအရ တစ်ယောက်တည်းထဲလည်း ရှင်သန်ဖို့ကြိုးစားရပေသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံ ကုန်းမြင့်ကျေးလက်ဒေသ ရှိ အသက်၆၀ကျော်အရွယ် အဖိုးအိုတစ်ဦးသည် အမိုးရောအကာရောပါ ဟောင်းနွမ်းစုတ်ပြတ်နေသည့် တဲစုတ်လေးတွင် တစ်ယောက်တည်းနေထိုင်ခဲ့သည်။

အဖိုးအိုသည် လွန်ခဲ့သော ၁၅နှစ်လောက်က ဟနွိုင်းမြို့မှာ ဇနီး၊သားသမီးတွေနဲ့အတူ နေထိုင်ခဲ့သော်လည်း ဇနီးဖြစ်သူမှ သူ့ထက်သာသည့်ခင်ပွန်းအသစ်တွေ့ပြီးတော့ သားသမီးတွေပါခေါ်သွားပြီးတော့ အိမ်ကထွက်သွားခဲ့သည်။

ထိုအခါ အဖိုးအိုသည် တစ်ယောက်တည်း မြို့ထဲမှာနေပြီးရှာစားရတာထက် အေးချမ်းသော ကုန်းမြင့်ဒေသသို့ပြောင်းလာကာ နေထိုင်ခဲ့ပြီး စားဝတ်နေရေးအတွက်ကျ ဘူးခွံနဲ့အမှိုက်တို့ကောက်ရောင်းကာ ဖြတ်သန်းခဲ့သော်လည်း တစ်ခါတစ်လေ သားသမီးတွေကိုသတိရလွမ်းဆွတ်မိကြောင်းဆိုခဲ့သည်။

Rain (For Ialinks)

Zawgyi






Rain (For Ialinks)

  • Leave a Comment

Categories