




credit – Myanmarload

Unicode

ချစ်ဇနီးလေးဝိတ်ကျသွားအောင် သူကိုယ်တိုင် Personal Trainer လုပ်ပေးပြီး အတူတူဘောလုံးကစားပေးခဲ့တဲ့ အောင်သူရဲ့ဗီဒီယို

သရုပ်ဆောင် မင်းသမီးချောလေး ပိုးအိအိခန့်ကတော့ မြန်မာ့လက်ရွေးစင် ဘောလုံးသမားအောင်သူနဲ့ ထိမ်းမြားလက်ထပ်ခဲ့တာပဲ ဖြစ်ပါတယ် ။ အောင်သူနဲ့ ပိုးအိအိခန့်တို့စုံတွဲလေးဟာဆိုရင် တစ်ယောက်ကိုတစ်ယောက် စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေနဲ့အပြန်အလှန် ချစ်မြတ်နိုးကြတာလည်း ဖြစ်ပါတယ် ။ ဒါကြောင့်လည်း သူတို့စုံတွဲလေးက နေနဲ့လ ရွှေနဲ့မြလို အရမ်းကိုလိုက်ဖက်တင့်တယ်နေတာ ဖြစ်ပါတယ် ။

လက်ရှိမှာတော့ အောင်သူနဲ့ ပိုးအိအိခန့်တို့စုံတွဲလေးက ချစ်စရာကောင်းတဲ့သားလေးတစ်ယောက်ကိုပါ ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ် ။ ပိုးအိအိခန့်ကတော့ မိသားစုအပေါ်မှာတာဝန်ကျေပွန်ပြီး သူမကိုလည်း ဂရုတစိုက်ချစ်ပေးတဲ့ ခင်ပွန်းကောင်းကို ရရှိထားတာကြောင့် ပျော်ရွှင်နေရတာ ဖြစ်ပါတယ် ။ အခုလည်း ပိုးအိအိခန့်က သူမကိုကူညီပြီး ဝိတ်ချပေးခဲ့တဲ့ ချစ်ခင်ပွန်းအောင်သူနဲ့ အမှတ်တရဗီဒီယိုလေးကို မျှဝေထားတာ ဖြစ်ပါတယ် ။

ပိုးအိအိခန့်က “ကျွန်မကို ဝိတ်ချပေးခဲ့သော personal trainer ကြီးကို သတိရသော အားဖြင့် အမှတ်တရတင်လိုက်ပါတယ်ရှင် (၁၂၃) ပေါင်မှာ (၁၁၆) ပေါင်ဆီသို့ ….Video လေးက (၁၂၃) ပေါင်တုန်းကပါ နောက်မှဆက်လက်၍ (၁၀)ပေါင်လောက်ထပ်ချပါမည် ခုတော့ trainer မအားသေးတုန်း ထမင်းတွေစားပြီး ဝိတ်ထိန်းထားတယ် (၁၁၆) ပဲ ” ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အောင်သူနဲ့ ပိုးအိအိခန့်တို့ဇနီးမောင်နှံရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Poe Ei Ei Khant’s FB Page

credit – Myanmarload

  • Leave a Comment