မင်္ဂလာပါ။ကမ္ဘာပေါ်မှာအံ့အားသင့်စရာအရာတွေမကုန်နိုင်ပါဘူး။ အခုလိုမျိုး အရာရာကို ရှာဖွေနိုင်တဲ့ အင်တာနက်ခေတ်ကြီးထဲမှာတော့ မမြင်ဖူးသေးတဲ့ ကမ္ဘာ့အနှံ့က အံ့သြစရာတွေကိုလည်း ရှာတွေ့နိုင်ပါပြီ။ ကမ္ဘာကြီးပေါ်မှာ တကယ်ရှိနေတဲ့ အံ့သြစရာတွေအကြောင်းကို ဖော်ပြပေးလိုက်တယ်နော်။
(၁)
ပါကစ်စတန်မှာ မုန်းတိုင်းကျအပြီး သစ်ပင်ပေါ်မှာ ပင့်ကူအိမ်တွေ တင်နေခဲ့တာပဲ ဖြစ်ပါတယ်
(၂)
အဆောက်အဦးကို ဖောက်ပြီး ဆောက်လုပ်ထားတဲ့ ရထားလမ်း
အဲ့ဒီအဆောက်အဦးမှာ လည်း လူတွေနေနေပါတယ်။
(၃)
ကုလားအုတ်ရဲ့ အမွှေးကို ခုလိုပုံစံမျိုးပေါ်အောင်
အသေးစိတ်ပုံဖော်ထားတာဖြစ်ပါတယ်။
(၄)
ပေတံနဲ့တိုင်းပြီး ဆွဲထားသလား ထင်ရလောက်အောင် ညီညာနေတာပဲ ဖြစ်ပါတယ်
(၅)
အံ့အားသင့်စရာ တစ်ဘက်ခြမ်းကို ထွင်းဖောက်မြင်နိုင်တဲ့ လိပ်ပြာရဲ့ အတောင်ပံ.. အဲ့ဒီလိပ်ပြာကို Greta oto လိပ်ပြာလို့ ခေါ်ပါတယ်။
(၆)
မယုံနိုင်စရာကြီးမားလွန်းတဲ့
ဧရာမဝေလငါးကြီးရဲ့ အရိုးစု
(၇)
အရောင်စုံလွန်းလှတဲ့
bearded agama ပုတ်သင်ညိုမျိုး..
(၈)
အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ဆီနီဗန် မီးတောင်ပေါက်ကွဲစဉ်မှာ
ကောင်းကင်ပေါ်ကို အလိမ့်လိုက်တက်လာတဲ့ မီးခိုးငွေ့ကြီးတွေပဲဖြစ်ပါတယ်။
(၉)
ခရာဘီတာ ပင်လယ်ဖျံရဲ့
အရိုးစုနဲ့မေးရိုး
(၁၀)
ငါးမန်းပါးစပ်ထဲကနေ နောက် ငါးမန်းတစ်ကောင် ထွက်လာခဲ့တာပဲ ဖြစ်ပါတယ်
(၁၁)
ငါးပူတင်း ငါးရဲ့ အရိုးစု
တကယ့်ကို အံ့သြစရာ ကောင်းလှပါတယ်။
(၁၂)
စာတိုက်ပုံး ၂ ခုရဲ့ အရိပ်ဆုံရာကနေ ခုလို မြှားလေး ပေါ်လာခဲ့ပါတယ်
(၁၃)
ထူးဆန်းလှတဲ့ အနက်ရောင် ကျောက်မျက်တစ်မျိုး..
အနက်ရောင်နဲ့အပြာရောင်ရောထွေးနေပုံက ဆန်းကျယ်လွန်းပါတယ်။
(၁၄)
လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းက သစ်ပင်ထဲမှာ ရိုက်ထည့်ထားတဲ့ သံချောင်းကို ခုလိုပဲ မြင်တွေ့ရပါတယ်
(၁၅)
နယူးဇီလန်မှာ တချို့အိမ်တွေကို ခုလိုမျိုး မြင်တွေ့ရတတ်ပါတယ်
(၁၆)
ရေလှိုင်းအောက်မှာ ဘယ်လိုဖြစ်ပေါ်နေသလဲဆိုတာ အမိအရ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်
(၁၇)
ကားမှန်အရိပ်က လူပေါ်ကျလာခဲ့အခါမှာ ခုလို ဖြစ်သွားခဲ့ပါတယ်
(၁၈)
၁၉၆၅ ခုနှစ်က လူတွေကိုယ်တိုင်ဖန်တီးပြုလုပ်ခဲ့တဲ့
ကာလီဖိုးနီးယားက လူလုပ် ဖရီးမန်းကျွန်း
(၁၉)
ပီးဘော်ဒီအက်စ်စက် ပြတိုက်ထဲမှာ
ပြသထားတဲ့ နေရာတစ်ခု..
(၂၀)
ခရီတေးရှပ်ကာလပိုင်းက ကျောက်ဖြစ်ရုပ်ကြွင်းကို
ကန်ဇန်းသမုဒ္ဒရာထဲကနေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
(၂၁)
မသိရင်တော့ ဂြိုလ်ပေါ်ကပဲ ဆင်းလာသလို… တကယ်တော့ ဥ◌ီးထုပ်နဲ့လူကို ဓာတ်ပုံရိုက်ကူးထားတာပဲ ဖြစ်ပါတယ်
(၂၂)
ဘာကိုင်ထားတယ်လို့ ထင်ကြလဲ….
တကယ်တော့ ဒီအရာက ဝေလငါးရဲ့ သွားဖြစ်ပါတယ်။
(၂၃)
သူ့ရဲ့အသားက အပြာရောင်ဖြစ်နေတဲ့ငါးပါ။
ဘယ်လိုလဲ စားရဲကြရဲ့လား…
(၂၄)
လှပပြီး အသည်းယားစရာကောင်းလွန်းတဲ့ ခရစ္စမတ်ကျွန်းက ဂဏန်းများဖြစ်ပါတယ်။ နှစ်စဉ်ဂဏန်း ၄၃ သန်းခန့်က ဥတွေဥဖို့ သမုဒ္ဒရာကို အစုလိုက် အပြုံလိုက် ရွှေ့ပြောင်းကြပါတယ်။ ဒေသခံအာဏာပိုင်တွေကလည်း အဲဒီအချိန်မှာဆို လမ်းအများစုကို တစ်ပတ်လောက် ပိတ်ထားပေးတယ်လို့ ဆိုပါတယ်။ ဂဏန်းတွေရဲ့ ပြောင်းရွှေ့မှုကို ကူညီပေးဖို့ ဒီလိုစီစဉ်ပေးထားတာပဲ ဖြစ်ပါတယ်။
(၂၅)
ကျွဲဆက်ရက်လို့ လူသိများကြပြီး အချို့ကလည်း ငန်းနက်လို့တင်စားခေါ်ဝေါ်ကြတဲ့ ငှက်တွေဟာ အကောင် ပေါင်းငါးသောင်းကျော်လောက်
ကောင်းကင်မှာ အုပ်စုဖွဲ့ပျံသန်းလေ့ရှိပါတယ်။ ဒီသဘာဝဖြစ်စဉ်ကို ထစ်ချုန်း ခြင်းလို့လည်း နာမည်ပေးထားပါတယ်။
(၂၆)
ပန်းချီဆွဲထားတာမဟုတ်ဘဲ အပေါက်ကြီးပဲ နှစ်သောင်းလောက်ဖောက်ပြီး ဖန်တီးထားတဲ့ ကြက်ဥခွံ…
တော်တော်လေးလက်ဝင်ပြီးတော့ တော်တော်စိတ်ရှည်ရှည်လုပ်ရမှာပဲ။
(၂၇)
“ပြေးနေတဲ့ ဆာဒင်းငါးတွေ” ဆိုပြီးတော့ ဆာဒင်းငါးတွေအုပ်စုဖွဲ့ ကူးခတ်နေတာကို တင်စားထားတာပါ။
မေလကနေ ဇူလိုင်လအထိ ဘီလီယံနဲ့ ချီတဲ့ ဆာဒင်းငါးတွေက တောင်အာဖရိကရဲ့
အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက် မြောက်ဘက်သို့ ကူးသွားလေ့ ရှိတတ်တာပဲ ဖြစ်ပါတယ်။
(၂၈)
ဒီကျောက်ကတော့ ပန်းချီဆရာ ရေးဆွဲထားတဲ့အတိုင်း သဘာဝအတိုင်းကို လှချင်တိုင်း လှပနေတော့တာပဲ။
ဖော်ပြပေးခဲ့တဲ့ ဓာတ်ပုံတွေထဲကအရာတွေအကုန်လုံးက ကမ္ဘာပေါ်မှာ တကယ်ရှိနေတဲ့ အမှန်တရား တွေပဲဖြစ်ပါတယ်။
တစ်ခါမှ မကြားဖူးမမြင်ဖူးတဲ့ အကြောင်းအရာတွေကို ဖတ်ရှုခဲ့ရတယ်ဆိုရင်တော့ စာစုလေးကို သူငယ်ချင်းတွေကို မျှဝေလိုက်ပါအုံးနော်.
Ref:Brightside