ကျောင်းပိတ်လို့ အိမ်ပြန်လာသည့် သားဖြစ်သူအတွက် မိခင်ကဝယ်ထည့်ပေးလိုက်သည့် ပစ္စည်းတွေကြောင့် စျေးရောင်းထွက်ရမလိုဖြစ်နေခဲ့သည့် တက္ကသိုလ်ကျောင်းသားလေး၏အဖြစ်

ကျေးလက်မြို့ရွာများတွင်​ နေထိုင်သူများအတွက် တက္ကသိုလ်တက်ရောက်ပြီး ပညာသင်ကြားနိုင်ရန်အတွက် ကျောင်းရှိရာမြို့ပေါ်သို့ သွားရောက်နေထိုင်ကာ သင်ယူရပါတယ်။မိဘများနှင့် ခွဲခွာပြီး နေထိုင်ရသည့်အတွက် စားဝတ်နေရေးကို ကြုံသလိုဖြေရှင်းနေရပြီး ခေါက်ဆွဲပြုတ်သာစားနေရသည့် ဘဝကို ကျောင်းသားအချင်းချင်းနားလည်ခံစားမိပေလိမ့်မည်။

မိဘတို့ကလည်း သားသမီးတို့ကို အဆင်ပြေမလားဆိုတဲ့ စိုးရိမ်စိတ်ဖြင့် စားစရာတွေကို ပို့ပေးချင်ကြပါတယ်။ယခုတွင်လည်း တက္ကသိုလ်ကျောင်းသားလေးတစ်ဦးဟာ ကျောင်းပိတ်လို့ အိမ်သို့ပြန်လာခဲ့ပါတယ်။ထိုအခါ မိခင်ဖြစ်သူက သားလေးလိုအပ်မည်ထင်သည့် ပစ္စည်းမျိုးစုံကို ဝယ်ယူပြီး ဆိုင်ကယ်ပေါ်တင်ထားပေးခဲ့ပါတယ်။

ထို့နောက်သားဖြစ်သူက ကျောင်းပြန်ဖို့ ကြည့်လိုက်ချိန်မှာတော့ များလွန်းလှသည့် ပစ္စည်းတွေကြောင့် မျက်လုံးပြူးခဲ့ရတာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi

ကျောင်းပိတ်လို့ အိမ်ပြန်လာသည့် သားဖြစ်သူအတွက် မိခင်ကဝယ်ထည့်ပေးလိုက်သည့် ပစ္စည်းတွေကြောင့် ဈေးရောင်းထွက်ရမလိုဖြစ်နေခဲ့သည့် တက္ကသိုလ်ကျောင်းသားလေး၏အဖြစ်




Shoon (Cele Daily)

  • Leave a Comment

Categories