လမ္းေဘးမွာ ေဖ်ာ္ေျဖတင္ဆက္မႈလုပ္ေနတဲ့ သ႐ုပ္ေဆာင္ကို တကယ္ဒဏ္ရာရေနတယ္ထင္ၿပီး ဝင္ကူညီေပးခဲ့တဲ့ ေခြးေလး (႐ုပ္သံ)

Turkey ႏိုင္ငံ႐ွိ လမ္းမႀကီးေဘးတစ္ေနရာမွာ ျပဇာတ္show တစ္ခုလုပ္ေနရင္း Numan Ertugrul Uzunsoy အမည္႐ွိတဲ့ သ႐ုပ္ေဆာင္တစ္ဦးက ဒဏ္ရာေၾကာင့္နာက်င္လြန္းလို႔ ၾကမ္းျပင္ေပၚလဲက်သြားတဲ့ဇာတ္႐ုပ္မ်ိဳးသ႐ုပ္ေဆာင္ေနခဲ့တာပါ ။ သို႔ေပမဲ့ လဲက်ေနတဲ့ Uzunsoy ကိုဒဏ္ရာရေနတယ္လို႔ အမွန္တကယ္ထင္ၿပီး လမ္းေဘးေခြးတစ္ေကာင္က ဝင္ေရာက္ကူညီေပးခဲ့ပါတယ္ ။ ေခြးေလးက Uzunsoy အနီးသို႔ေရာက္႐ွိလာၿပီး တိုးေဝွ့ပူးကပ္နမ္း႐ႈိက္ကာ ေပြ႔ဖက္ေပးခဲ့ပါတယ္ ။ ေခြးေလးရဲ႕ ၾကင္နာတတ္တဲ့ခ်စ္စဖြယ္ေကာင္းလြန္းတဲ့ အခိုက္အတန္႔ေလးကို video အမိအရ႐ိုက္ယူထားႏိုင္ခဲ့ပါတယ္ ။

သ႐ုပ္ေဆာင္ Uzunsoy ရဲ႕ေျပာျပခ်က္အရ ‘ ကြၽန္ေတာ့္မ်က္ႏွာ ေႏြးေထြးလာတယ္လို႔ခံစားလိုက္ရတယ္ ၊ အစပိုင္းေတာ့ အျခားတြဲဖက္သ႐ုပ္ေဆာင္ေတြ ကြၽန္ေတာ့္အနားေရာက္လာတယ္လို႔ ထင္ေနခဲ့တာ ၊ သိလိုက္တဲ့အခ်ိန္မွာေတာ့ စိတ္မထိန္းႏိုင္ေတာ့ဘဲ ကြၽန္ေတာ္ျပံဳးလိုက္မိတယ္ဗ် ၊ ေခြးေလးက ကြၽန္ေတာ့္ကိုနမ္းလိုက္ေတာ့ အေတာ္ေလးေပ်ာ္မိတယ္ ၊ ရင္ထဲထိသြားတာပဲ ၊ ကြၽန္ေတာ့္ကို ကူညီေပးခ်င္တဲ့ နတ္သားေလး က်ေနတာပဲ ၊ ကြၽန္ေတာ့္အတြက္ အေတာ္ေလးရင္ထဲထိေစခဲ့တဲ့ အခိုက္အတန္႔ေလးပါ ၊ ကြၽန္ေတာ္အဲ့လိုျဖစ္မယ္လို႔ မေမ်ွာ္လင့္ထားခဲ့ဘူးဗ် ” ဆိုၿပီး သူ႔ရဲ႕အျဖစ္အပ်က္ကို ေဖာ္ျပခဲ့ပါတယ္ ။

ေဖ်ာ္ေျဖတင္ဆက္မႈလုပ္ေနတုန္းဆိုေတာ့ ေခြးေလးကိုအျပင္ဖက္သို႔ေခၚထုတ္သြားခဲ့ပါတယ္ ။ ေခြးေလးကလည္း Uzunsoy ရဲ႕အေျခအေနကို ၾကည့္လိုက္ၿပီး ၊ Ok ၿပီဆိုေတာ့မွ အဆိုပါေနရာကေနထြက္ခြာသြားခဲ့ပါတယ္ ။ Uzunsoy က ေခြးေလးနဲ႔ျပန္ဆံုခ်င္လို႔ ေနာက္တစ္ရက္မွာေတာ့ အဆိုပါေနရာမွာပဲ ေခြးေလးကိုျပန္လာ႐ွာခဲ့ပါတယ္ ။ အနီးအနားပတ္ဝန္းက်င္မွလူမ်ားကေတာ့ ေခြးေလးဟာအဆိုပါ ပတ္ဝန္းက်င္မွာပဲ လည့္ပတ္သြားလာေနေၾကာင္း ေျပာျပခဲ့ပါတယ္ ။ Uzunsoy ကေတာ့ ‘ ေခြးေလးကို ေတြ႔ေအာင္႐ွာအံုမယ္ ၊ ကြၽန္ေတာ္လည္း တိရစာၦန္ခ်စ္တတ္တဲ့သူမို႔ပါ ‘ ဆိုၿပီး ေျပာျပသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Unicode

လမ်းဘေးမှာ ဖျော်ဖြေတင်ဆက်မှုလုပ်နေတဲ့ သရုပ်ဆောင်ကို တကယ်ဒဏ်ရာရနေတယ်ထင်ပြီး ဝင်ကူညီပေးခဲ့တဲ့ ခွေးလေး (ရုပ်သံ)

Turkey နိုင်ငံရှိ လမ်းမကြီးဘေးတစ်နေရာမှာ ပြဇာတ်show တစ်ခုလုပ်နေရင်း Numan Ertugrul Uzunsoy အမည်ရှိတဲ့ သရုပ်ဆောင်တစ်ဦးက ဒဏ်ရာကြောင့်နာကျင်လွန်းလို့ ကြမ်းပြင်ပေါ်လဲကျသွားတဲ့ဇာတ်ရုပ်မျိုးသရုပ်ဆောင်နေခဲ့တာပါ ။ သို့ပေမဲ့ လဲကျနေတဲ့ Uzunsoy ကိုဒဏ်ရာရနေတယ်လို့ အမှန်တကယ်ထင်ပြီး လမ်းဘေးခွေးတစ်ကောင်က ဝင်ရောက်ကူညီပေးခဲ့ပါတယ် ။ ခွေးလေးက Uzunsoy အနီးသို့ရောက်ရှိလာပြီး တိုးဝှေ့ပူးကပ်နမ်းရှိုက်ကာ ပွေ့ဖက်ပေးခဲ့ပါတယ် ။ ခွေးလေးရဲ့ ကြင်နာတတ်တဲ့ချစ်စဖွယ်ကောင်းလွန်းတဲ့ အခိုက်အတန့်လေးကို video အမိအရရိုက်ယူထားနိုင်ခဲ့ပါတယ် ။

သရုပ်ဆောင် Uzunsoy ရဲ့ပြောပြချက်အရ ‘ ကျွန်တော့်မျက်နှာ နွေးထွေးလာတယ်လို့ခံစားလိုက်ရတယ် ၊ အစပိုင်းတော့ အခြားတွဲဖက်သရုပ်ဆောင်တွေ ကျွန်တော့်အနားရောက်လာတယ်လို့ ထင်နေခဲ့တာ ၊ သိလိုက်တဲ့အချိန်မှာတော့ စိတ်မထိန်းနိုင်တော့ဘဲ ကျွန်တော်ပြုံးလိုက်မိတယ်ဗျ ၊ ခွေးလေးက ကျွန်တော့်ကိုနမ်းလိုက်တော့ အတော်လေးပျော်မိတယ် ၊ ရင်ထဲထိသွားတာပဲ ၊ ကျွန်တော့်ကို ကူညီပေးချင်တဲ့ နတ်သားလေး ကျနေတာပဲ ၊ ကျွန်တော့်အတွက် အတော်လေးရင်ထဲထိစေခဲ့တဲ့ အခိုက်အတန့်လေးပါ ၊ ကျွန်တော်အဲ့လိုဖြစ်မယ်လို့ မမျှော်လင့်ထားခဲ့ဘူးဗျ ” ဆိုပြီး သူ့ရဲ့အဖြစ်အပျက်ကို ဖော်ပြခဲ့ပါတယ် ။

ဖျော်ဖြေတင်ဆက်မှုလုပ်နေတုန်းဆိုတော့ ခွေးလေးကိုအပြင်ဖက်သို့ခေါ်ထုတ်သွားခဲ့ပါတယ် ။ ခွေးလေးကလည်း Uzunsoy ရဲ့အခြေအနေကို ကြည့်လိုက်ပြီး ၊ Ok ပြီဆိုတော့မှ အဆိုပါနေရာကနေထွက်ခွာသွားခဲ့ပါတယ် ။ Uzunsoy က ခွေးလေးနဲ့ပြန်ဆုံချင်လို့ နောက်တစ်ရက်မှာတော့ အဆိုပါနေရာမှာပဲ ခွေးလေးကိုပြန်လာရှာခဲ့ပါတယ် ။ အနီးအနားပတ်ဝန်းကျင်မှလူများကတော့ ခွေးလေးဟာအဆိုပါ ပတ်ဝန်းကျင်မှာပဲ လည့်ပတ်သွားလာနေကြောင်း ပြောပြခဲ့ပါတယ် ။ Uzunsoy ကတော့ ‘ ခွေးလေးကို တွေ့အောင်ရှာအုံမယ် ၊ ကျွန်တော်လည်း တိရစ္ဆာန်ချစ်တတ်တဲ့သူမို့ပါ ‘ ဆိုပြီး ပြောပြသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment