စာမရေးနိုင်ဘဲ ပိုလီယိုရောဂါခံစားနေရသည့် လူငယ်လေးက ကမ္ဘာ့အဖွံ့ဖြိုးတိုးတက်ဆုံးနိုင်ငံတွင် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသည့်အပြင် googleကုမ္ပဏီကပင် အလုပ်လုပ်ပေးဖို့ ကမ်းလှမ်းခံခဲ့ရ

အရည်းအချင်းရှိသူတစ်ယောက်ကို မည်မျှပင် ပိတ်ပင်တားဆီးနေပါစေ အောင်မြင်မှုပန်းတိုင်ကို မရောက်ရောက်အောင် လျှောက်လှမ်းနိုင်မှာသေချာပါတယ်။ယခုတွင်လည်း Tran Manh Chanh Quanဆိုသည့်အမျိုးသားဟာ မိခင်ဖြစ်သူက ကိုယ်ဝန်ဆောင်၇လအရွယ်မှာ ယာဥ်မတော်တဆဖြစ်ပြီး ခွဲစိတ်မွေးမြုခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။

လမစေ့ဘဲ မွေးဖွားခဲ့ရမှုကြောင့် မှတ်ညဏ်ချို့ယွင့်ပြီး စာမရေးနိုင်အောင် လက်တွေက ချို့တဲ့နေခဲ့ပါတယ်။ထို့ကြောင့် မိဘတွေက ခြေထောက်ဖြင့် ကွန်ပျူတာစာရိုက်နိုင်အောင် ငယ်စဥ်တည်းက လေ့ကျင့်သင်ကြားပေးခဲ့တာဖြစ်ပါတယ်။

လူငယ်လေး၏ ပညာနှင့်အရည်အချင်းများကြောင့် အမေရိကန်တွင် ပညာသင်ဆုရရှိကာ ကောလိပ်တတ်ခွင့်ခဲ့သည့်အပြင် ဂုဏ်ထူးဆောင်လက်မှတ်ကိုပါ ချီးမြှင့်ခဲ့ခြင်းဖြစ်ပါတယ်။ထို့နောက် ကမ္ဘာတစ်ခုလုံးအတွက် မရှိမဖြစ်အရေးပါလှသော googleကုမ္ပဏီကပင် ဆော့ဝဲအင်ဂျင်နီယာဖြင့် အလုပ်လုပ်ကိုင်ရန် ကမ်းလှမ်းခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories