သမီးကအိမ်ခေါ်လာသည့် သားမက်လောင်းလေးနှင့် ဧည့်ခန်းကထိုင်ခုံတစ်ခုတည်းမှာ အတူတူထိုင်ပြီး စကားတစ်ခွန်းမှမပြောဘဲ ပိတ်ထားသည့် တီဗွီအမဲကြီးကို ထိုင်ကြည့်နေခဲ့သည့် ဖခင်နှင့် လူငယ်လေးတို့၏ ရယ်စရာအဖြစ်

သမီးရည်းစားဘဝမှ မိဘတို့နှင့် မိတ်ဆက်ပေးရသော အချိန်ကာလသည် ချစ်သူစုံတွဲတို့အတွက် ဘဝတွင် အခက်အခဲဆုံးသော အခြေအနေများထဲမှ တစ်ခုဖြစ်ပါတယ်။ယခုတွင်လည်း တရုတ်နိုင်ငံမှ ကောင်မလေးတစ်ဦး၏ ချစ်သူကောင်လေးကို ဖခင်နှင့်မိတ်ဆက်ပေးခဲ့သောအဖြစ်ဟာ ရယ်ရခက်ငိုရခက်ဖြစ်နေခဲ့ရပါတယ်။

ကောင်မလေးဟာ ချစ်သူကိုဖခင်နှင့်အတူ စကားပြောစေဖို့ ဧည့်ခန်းထဲမှာထားခဲ့ပြီး စားသောက်စရာအချို့ကို သွားယူပေးခဲ့ပါတယ်။စားစရာတွေယူလာချိန်တွင် ချစ်သူနှင့်ဖခင်တို့နှစ်ယောက်လုံးဟာ စကားတစ်ခွန်းမှမပြောကြဘဲ ပိတ်ထားသည့် တီဗွီအမဲကြီးကိုသာ အတူတူထိုင်ကြည့်နေခဲ့ကြပါတယ်။

အတူတူထိုင်နေကြည့်နေသည့် ပုံစံလေးကြောင့် ကောင်မလေးကတော့ ပါးစပ်အဟောင်းသားဖြစ်နေခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories