ကြမ်းပြင်ပေါ်က အိမ်မြောင်လေးကို မတော်တဆနင်းမိပြီး ဒဏ်ရာပြင်းထန်စွာရရှိသွားသောအခါ ဆေးခန်းခေါ်ပြပြီး ခွဲစိတ်ပေးခဲ့သော်လည်း သေဆုံးသွားလို့ ကောင်းစွာမြှုပ်နှံပေးခဲ့သည့် ကောင်မလေး

တိရိစ္ဆာန်များသည်လည်း အသွေးအသားတို့ဖြင့် တည်ဆောက်ထားသည့် သက်ရှိများဖြစ်သည့်အတွက် ညှင်းပန်းနှိပ်စက်တာမျိုးမလုပ်ဖို့ ငယ်စဥ်ကတည်းကပင် ဆုံးမခံခဲ့ကြရတာဖြစ်ပါတယ်။ယခုတွင်လည်း ထိုင်းနိုင်ငံမှ ကောင်မလေးတစ်ဦး၏ တိရိစ္ဆာန်လေးပေါ်တွင် ချစ်ခင်သနားမှုရှိနေခဲ့ပါတယ်။

တစ်ရက်တွင် ကြမ်းပြင်ပေါ်ပြုတ်ကျနေသော အိမ်မြှောင်လေးတစ်ကောင်ကို မမြင်မိဘဲ တက်နင်းမိခဲ့သောအခါ အိမ်မြှောင်လေးက ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်။ထိုအခါ ချက်ချင်းပင် အိမ်မြှောင်လေးကို ဆေးခန်းခေါ်သွားပြီး ကုသပေးခဲ့သော်လည်း နောက်၂ရက်အကြာတွင် သေဆုံးသွားခဲ့ပါတယ်။

ထို့ကြောင့် ကောင်မလေးဟာ စိတ်မကောင်းစွာဖြင့် အိမ်မြှောင်ကို သေချာစွာမြှပ်နှံပေးခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories