မိဘ၏အနားတွင်နေထိုင်ပြီး စောင့်ရှောက်ချင်လို့ အသက်၈၂နှစ်အရွယ်မိခင်နှင့်အတူ ညစဥ်ညတိုင်းအမှိုက်ကောက်ပြီး ဝင်ငွေရှာဖွေကာ ပျော်ရွင်စွာနေထိုင်နေသည့် အသက်၅၂နှစ်အရွယ် သားလိမ္မာ

သားတစ်ယောက်၏ မိခင်ဖြစ်သူကို ပြုစုစောင့်ရှောက်ပေးချင်သော စိတ်ထားလေးဟာ အလွန်မွန်မြတ်လှသော စေတနာလေးတစ်ခုဖြစ်ပါတယ်။ယခုတွင်လည်း အသက်၅၂နှစ်အရွယ် သားဖြစ်သူဟာ အချိန်တိုင်းမိခင်၏အနားတွင် ရှိနေပေးပြီး စောင့်ရှောင့်ချင်ခဲ့ပါတယ်။

ထို့ကြောင့် ညအချိန်တွင် မြို့တစ်ခုလုံး၏လမ်းမပေါ်က အမှိုက်တွေကို လိုက်လံကောက်ယူပြီး အတိုအစတွေကို ရောင်းချကာ ဝင်ငွေရှာဖွေနေခဲ့ပါတယ်။

အလုပ်ကသိမ်ငယ်စရာဖြစ်ပြီး ချမ်းသာမှုကိုမပိုင်ဆိုင်နိုင်သော်လည်း မိခင်ကိုပြုစုရင်း ပျော်ရွင်ဖွယ်ဘဝလေးကို ပိုင်ဆိုင်ထားရသောကြောင့် သားလိမ္မာတစ်ယောက်အတွက်တော့ ချမ်းမြေ့ဖွယ်နိဗ္ဗာန်လေးကို ပိုင်ဆိုင်ထားရသလိုဖြစ်နေမှာသေချာပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories