ကိုယ္ပိုင္ဝင္ေငြေလးေတြစုၿပီး ပထမဆုံးဖုန္းေလးတစ္လုံးဝယ္ႏိုင္ခဲ့တဲ့ ႏိုင္းႏိုင္းရဲ႕သမီးအႀကီးဆုံး floreece

ေပ်ာ္စရာမိသားစုဘဝေလးမွာ သားသမီးေလးေယာက္အထိထြန္းကားခဲ့တဲ့ ႏိုင္းႏိုင္းနဲ႔ စႏၵီခ်ိဳတို႔ဟာ သားသမီးေတြကို အက်င့္ေကာင္းေလး ေတြနဲ႔ပ်ိဳးေထာင္ေပးထားခဲ့ၿပီး ေႏြးေထြးတဲ့ မိဘေမတၱာေတြလည္း အျပည့္အဝေပးႏိုင္ခဲ့ပါတယ္။ အေမရိကေရာက္သြားတဲ့အခ်ိန္တိုင္း ေဖေဖႏိုင္းႏိုင္းက ရဲေဘာ္ေလးေတြနဲ႔အတူတူကစားတတ္ၿပီး ေပ်ာ္စရာအခ်ိန္ေလးေတြကို ကုန္ဆုံးတတ္ပါေသးတယ္။

ဒီေန႔မွာလည္း ေမေမစႏၵီခ်ိဳက သမီးအႀကီးဆုံးေလး floreece တစ္ေယာက္ ကိုယ္ပိုင္ေငြေလးေတြစုၿပီး သူလိုခ်င္တဲ့ဖုန္းေလးတစ္လုံး ဝယ္ႏိုင္ခဲ့တဲ့အမွတ္တရေလးကို လူမႈကြန္ရက္မွာ ေဖာ္ျပခဲ့ပါတယ္။ ေငြစုတတ္တဲ့အက်င့္နဲ႔ ကိုယ္လိုခ်င္တာရွိရင္ ကိုယ္တိုင္ႀကိဳးစား ရမယ္ဆိုတဲ့ အသိစိတ္ေလး ရေအာင္လုပ္ေပးႏိုင္တဲ့ မိခင္တစ္ေယာက္ပါပဲ။ ဒီလိုအရည္အခ်င္းရွိသူကို ဇနီးေတာ္ရတာ ႏိုင္းႏိုင္းအတြက္ ေတာ့ တကယ္ကိုကံေကာင္းပါတယ္။

ကိုယ္လိုခ်င္တာေလးပိုင္ဆိုင္သြားခဲ့တဲ့သမီးေလးကလည္း ေပ်ာ္႐ႊင္မႈေတြအတိုင္းမသိပါပဲ။ ဒီဖုန္းေလးကိုေတာ့ floreece ေလး အိမ္ျပန္ေရာက္တာနဲ႔ေမေမက သိမ္းထားမွာျဖစ္ၿပီး အျပင္ေရာက္ေနတဲ့အခ်ိန္ေတြမွာေတ့ာ အေရးေပၚအေျခအေနေတြမွာ ဆက္သြယ္ႏိုင္ ေအာင္ ေပးထားမယ္လို႔လည္း အားလုံးကိုေျပာခဲ့ပါေသးတယ္။

credit – Cele Zone
Photo – Sandy Cho

Unicode

ကိုယ်ပိုင်ဝင်ငွေလေးတွေစုပြီး ပထမဆုံးဖုန်းလေးတစ်လုံးဝယ်နိုင်ခဲ့တဲ့ နိုင်းနိုင်းရဲ့သမီးအကြီးဆုံး floreece

ပျော်စရာမိသားစုဘဝလေးမှာ သားသမီးလေးယောက်အထိထွန်းကားခဲ့တဲ့ နိုင်းနိုင်းနဲ့ စန္ဒီချိုတို့ဟာ သားသမီးတွေကို အကျင့်ကောင်းလေး တွေနဲ့ပျိုးထောင်ပေးထားခဲ့ပြီး နွေးထွေးတဲ့ မိဘမေတ္တာတွေလည်း အပြည့်အဝပေးနိုင်ခဲ့ပါတယ်။ အမေရိကရောက်သွားတဲ့အချိန်တိုင်း ဖေဖေနိုင်းနိုင်းက ရဲဘော်လေးတွေနဲ့အတူတူကစားတတ်ပြီး ပျော်စရာအချိန်လေးတွေကို ကုန်ဆုံးတတ်ပါသေးတယ်။

ဒီနေ့မှာလည်း မေမေစန္ဒီချိုက သမီးအကြီးဆုံးလေး floreece တစ်ယောက် ကိုယ်ပိုင်ငွေလေးတွေစုပြီး သူလိုချင်တဲ့ဖုန်းလေးတစ်လုံး ဝယ်နိုင်ခဲ့တဲ့အမှတ်တရလေးကို လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။ ငွေစုတတ်တဲ့အကျင့်နဲ့ ကိုယ်လိုချင်တာရှိရင် ကိုယ်တိုင်ကြိုးစား ရမယ်ဆိုတဲ့ အသိစိတ်လေး ရအောင်လုပ်ပေးနိုင်တဲ့ မိခင်တစ်ယောက်ပါပဲ။ ဒီလိုအရည်အချင်းရှိသူကို ဇနီးတော်ရတာ နိုင်းနိုင်းအတွက် တော့ တကယ်ကိုကံကောင်းပါတယ်။

ကိုယ်လိုချင်တာလေးပိုင်ဆိုင်သွားခဲ့တဲ့သမီးလေးကလည်း ပျော်ရွှင်မှုတွေအတိုင်းမသိပါပဲ။ ဒီဖုန်းလေးကိုတော့ floreece လေး အိမ်ပြန်ရောက်တာနဲ့မေမေက သိမ်းထားမှာဖြစ်ပြီး အပြင်ရောက်နေတဲ့အချိန်တွေမှာတေ့ာ အရေးပေါ်အခြေအနေတွေမှာ ဆက်သွယ်နိုင် အောင် ပေးထားမယ်လို့လည်း အားလုံးကိုပြောခဲ့ပါသေးတယ်။

credit – Cele Zone
Photo – Sandy Cho

  • Leave a Comment