ဦးနှောက်ခွဲစိတ်ဖို့အတွက် ခွဲခန်းထဲမဝင်ခင်မှာ ခွဲစိတ်မှုမအောင်မြင်ခဲ့ပါက ဝမ်းနည်းမနေဘဲ ကလေးနောက်တစ်ယောက်မွေးပြီး ဘဝကိုပျော်ရွင်စွာဖြတ်သန်းသွားရန် မိခင်ကိုမှာနေခဲ့သည့် ၉နှစ်အရွယ်သားငယ်လေး

မိမိတို့လူသားများအတွက် ကျန်းမာခြင်းဟာလဏ်တစ်ပါးဟုပင် တင်စားပြောဆိုနိုင်တာဖြစ်ပါတယ်။မည်မျှသောစည်းစိမ်ဥစ္စာတွေကို ပိုင်ဆိုင်ထားပါစေ နေမကောင်းပါက ပျော်ရွင်မှုဆိုတာ မရှိနိုင်တော့ပေ။

ယခုတွင်လည်း တရုတ်နိုင်ငံမှ Loa Loaဆိုသည့်ကလေးဟာ မွေးရာပါချို့ယွင်းမှုကြောင့် လမ်းမလျှောက်နိုင်ဘဲ ဦးနှောက်အာရုံကြောနှင့် ထိဆက်နေခဲ့တာဟုသိရပါတယ်။ထို့ကြောင့် ၉နှစ်အရွယ်မှာတော့ သားငယ်လေးကို မိဘများက ခွဲစိတ်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။

အန္တရာယ်များသော ခွဲစိတ်မှုကြောင့် ကလေးငယ်လေးဟာ ခွဲစိတ်မှုမအောင်မြင်ခဲ့ရင် မိခင်ကဝမ်းနည်းနေမှာစိုးရိမ်လို့ ကလေးနောက်တစ်ယောက်မွေးပြီး ပျော်ပျော်နေဖို့အတွက် မျက်ရည်တွေနှင့်မှာနေခဲ့တာဖြစ်ပါတယ်။ထို့နောက်မှာတော့ ကလေးကို အောင်မြင်စွာ ကုသနိုင်ခဲ့တယ်ဟုသိရပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories