ကမ်းခြေသို့ အပန်းဖြေဖို့လာလည်ရင်း စည်းကမ်းမဲ့စွန့်ပစ်ထားသော အမှိုက်တွေကို ကူညီသိမ်းဆည်းပေးခဲ့သော်လည်း နာမည်ကြီးချင်လို့ ကူညီခဲ့သည်ဟု စွပ်စွဲခံခဲ့ရသော ကောင်မလေးတစ်စု

အမှိုက်များကို တွေ့ရာနေရာတွင် စည်းကမ်းမဲ့စွာစွန့်ပစ်လိုက်ခြင်းဟာ လူသားတို့၏ကျန်းမာရေးကို များစွာထိခိုက်လာစေနိုင်တာဖြစ်ပါတယ်။ပင်လယ်ကမ်းခြေများတွင် အမှိုက်များကို စွန့်ပစ်မိပါက ရေနေသတ္တာဝါများအပြင် ကမ္ဘာကြီးတစ်ခုလုံးကိုပါ ထိခိုက်လာနိုင်ခဲ့တာဖြစ်ပါတယ်။

ယခုတွင်လည်း ဗီယက်နမ်သူလေးတွေဖြစ်တဲ့ Vinh Hy Bay နှင့် Ngo Nhu Quynhတို့ဟာ သူငယ်ချင်းတစ်စုနှင့် ကမ်းခြေသွားခဲ့တာဖြစ်ပါတယ်။ထိုအချိန်တွင် အမှိုက်ကောက်အဖွဲ့တစ်ခုဟာ ကမ်းခြေတစ်ခုလုံးကအမှိုက်တွေကို လိုက်လံသိမ်းဆည်းနေတာကို မြင်လိုက်ရသောအခါ ကူညီပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။

ထိုသို့ကူညီရာတွင် ကောင်မလေးတို့ဟာ ရေကူးဝတ်စုံလေးတွေဝတ်ပြီး ကူညီခဲ့သဖြင့် လူအများ၏အာရုံစိုက်မှုကိုခံရဖို့ ဟန်ဆောင်ကူညီနေကြတာဟု စွပ်စွဲခံခဲ့ရတာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories