အ႐ုပ္မနဲ႔တူေတာင္ အႀကိမ္ေပါင္း 100 ေက်ာ္ခန္႔ မ်က္ႏွာခြဲစိတ္ျပဳျပင္မႈလုပ္ခဲ့တဲ့ 15ႏွစ္အရြယ္မိန္းကေလး

မိန္းကေလးေတြအေတာ္မ်ားမ်ားက အလွကိုႏွစ္သက္ၾကသလို ၊ အ႐ုပ္မေလးေတြလို ပံုစံမ်ိဳးလိုခ်င္တက္မက္တတ္ၾကပါတယ္ ။ အခ်ိဳ႕ဆိုရင္ အ႐ုပ္မေလးနဲ႔တူေအာင္ မိတ္ကပ္ ၊ အဝတ္အစားေတြနဲ႔ ျပဳျပင္ၾကေပမဲ့ အခ်ိဳ႕က​ေတာ့ လိုတာထက္ပိုၿပီး အ႐ုပ္မေလးနဲ႔တူခ်င္လို႔ ခြဲစိတ္ျပဳျပင္မႈေတြလုပ္လာၾကပါတယ္ ။ ဒီတစ္ေခါက္မွာလည္း တ႐ုတ္ႏိုင္ငံက အသက္ 15ႏွစ္အရြယ္ Little Z Nana အမည္႐ွိတဲ့ influencer မေလးဟာ သူမအသက္ 13 ႏွစ္အရြယ္ကတည္းကစၿပီး အ႐ုပ္မေလးနဲ႔တူေအာင္ ေငြေပါင္းေျမာက္မ်ားစြာအကုန္အက်ခံၿပီး ခြဲစိတ္ျပဳျပင္မႈေပါင္းအႀကိမ္ 100 ေက်ာ္ခန္႔ျပဳလုပ္ခဲ့ပါတယ္ ။

သူမျပဳလုပ္ခဲ့တဲ့ အႀကိမ္ 100 ေက်ာ္ ခြဲစိတ္ျပဳျပင္မႈေတြထဲမွာဆိုရင္ မ်စ္ရစ္ေဖာ္တဲ့ခြဲစိတ္မႈ 6 ႀကိမ္ ၊ မ်က္လံုးေအာက္ပိုင္းေထာင့္ေလးကို 5 ႀကိမ္ ၊ ခနၶာကိုယ္ဝမ္းဗိုက္ပိုင္းအဆီထုတ္တာ 3ႀကိမ္ ၊ မ်က္ႏွာတစ္ခုလံုးရဲ႕ အ႐ိုးေတြကိုျပဳျပင္ေျပာင္းလဲတာ 1ႀကိမ္ ၊ မ်က္ႏွာအဆီထုတ္တာ 2ႀကိမ္ ၊ ေပါင္တံအဆီထုတ္တာ 2 ႀကိမ္ ႏွင့္ ႏႈတ္ခမ္းခြဲစိတ္တာ 3ႀကိမ္ အစ႐ွိတဲ့ ခြဲစိတ္ျပဳျပင္ေျပာင္းလဲမႈမ်ား ပါ႐ွိခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။

တစ္ခါတစ္ေလ ခြဲစိတ္ျပဳျပင္တဲ့ဒဏ္ေၾကာင့္ က်န္းမာေရးမေကာင္းလို႔ ေက်ာင္းမသြားႏိုင္တဲ့အခ်ိန္မ်ိဳး႐ွိခဲ့ေၾကာင္း သိရပါတယ္ ။ သို႔ေပမဲ့လည္း သူမရဲ႕႐ုပ္ရည္သြင္ျပင္နဲ႔ပက္သက္ၿပီး ေနာင္တရတာမ်ိဳးမ႐ွိတဲ့အျပင္ ၊ အလွအပစံခ်ိန္နဲ႔မျပည့္မီလို႔ ေဝဖန္မႈမ်ားခံေနရေပမဲ့လည္း ပိုက္ဆံအကုန္အက်ခံၿပီလုပ္ထားတဲ့အရာအတြက္ ေပ်ာ္ရႊင္ၿပီး ၊ ကိုယ့္ကိုယံုၾကည္မႈပို႐ွိလာေၾကာင္း သူမကျပန္လည္ေျဖၾကားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Unicode

အရုပ်မနဲ့တူတောင် အကြိမ်ပေါင်း 100 ကျော်ခန့် မျက်နှာခွဲစိတ်ပြုပြင်မှုလုပ်ခဲ့တဲ့ 15နှစ်အရွယ်မိန်းကလေး

မိန်းကလေးတွေအတော်များများက အလှကိုနှစ်သက်ကြသလို ၊ အရုပ်မလေးတွေလို ပုံစံမျိုးလိုချင်တက်မက်တတ်ကြပါတယ် ။ အချို့ဆိုရင် အရုပ်မလေးနဲ့တူအောင် မိတ်ကပ် ၊ အဝတ်အစားတွေနဲ့ ပြုပြင်ကြပေမဲ့ အချို့ကတော့ လိုတာထက်ပိုပြီး အရုပ်မလေးနဲ့တူချင်လို့ ခွဲစိတ်ပြုပြင်မှုတွေလုပ်လာကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံက အသက် 15နှစ်အရွယ် Little Z Nana အမည်ရှိတဲ့ influencer မလေးဟာ သူမအသက် 13 နှစ်အရွယ်ကတည်းကစပြီး အရုပ်မလေးနဲ့တူအောင် ငွေပေါင်းမြောက်များစွာအကုန်အကျခံပြီး ခွဲစိတ်ပြုပြင်မှုပေါင်းအကြိမ် 100 ကျော်ခန့်ပြုလုပ်ခဲ့ပါတယ် ။

သူမပြုလုပ်ခဲ့တဲ့ အကြိမ် 100 ကျော် ခွဲစိတ်ပြုပြင်မှုတွေထဲမှာဆိုရင် မျစ်ရစ်ဖော်တဲ့ခွဲစိတ်မှု 6 ကြိမ် ၊ မျက်လုံးအောက်ပိုင်းထောင့်လေးကို 5 ကြိမ် ၊ ခန္ဓာကိုယ်ဝမ်းဗိုက်ပိုင်းအဆီထုတ်တာ 3ကြိမ် ၊ မျက်နှာတစ်ခုလုံးရဲ့ အရိုးတွေကိုပြုပြင်ပြောင်းလဲတာ 1ကြိမ် ၊ မျက်နှာအဆီထုတ်တာ 2ကြိမ် ၊ ပေါင်တံအဆီထုတ်တာ 2 ကြိမ် နှင့် နှုတ်ခမ်းခွဲစိတ်တာ 3ကြိမ် အစရှိတဲ့ ခွဲစိတ်ပြုပြင်ပြောင်းလဲမှုများ ပါရှိခဲ့ကြောင်း သိရှိရပါတယ် ။

တစ်ခါတစ်လေ ခွဲစိတ်ပြုပြင်တဲ့ဒဏ်ကြောင့် ကျန်းမာရေးမကောင်းလို့ ကျောင်းမသွားနိုင်တဲ့အချိန်မျိုးရှိခဲ့ကြောင်း သိရပါတယ် ။ သို့ပေမဲ့လည်း သူမရဲ့ရုပ်ရည်သွင်ပြင်နဲ့ပက်သက်ပြီး နောင်တရတာမျိုးမရှိတဲ့အပြင် ၊ အလှအပစံချိန်နဲ့မပြည့်မီလို့ ဝေဖန်မှုများခံနေရပေမဲ့လည်း ပိုက်ဆံအကုန်အကျခံပြီလုပ်ထားတဲ့အရာအတွက် ပျော်ရွှင်ပြီး ၊ ကိုယ့်ကိုယုံကြည်မှုပိုရှိလာကြောင်း သူမကပြန်လည်ဖြေကြားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment