လမ်းမလျှောက်နိုင်ဘဲ ဝှီးချဲလေးနဲ့ သွားလာနေရသည့်ဖခင်ဖြစ်သူကို သွားချင်တဲ့နေရာသွားနိုင်ဖို့အတွက် တတ်နိုင်တဲ့စွမ်းအားလေးနဲ့ တွန်းပို့ပေးရှာသည့် ၂နှစ်အရွယ်သားငယ်

၂နှစ်အရွယ်မျှသာရှိသေးသည့် ကလေးငယ်လေးက ဝှီးချဲစီးနေရသော လူကြီးတစ်ယောက်ကို လဲမကျသွားအောင် ထိန်းထားပေးပြီး တွန်းပေးနေရှာသည့် ပုံရိပ်လေးဟာ လူတိုင်း၏အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။

ထို့ကြောင့် လူအများ၏စူးစမ်းမှုတွေကြောင့်အဖြစ်မှန်ကို သိလာခဲ့ရပါတယ်။Mr.Wang Wanzeဆိုသည့်အမျိုးသားဟာ လွန်ခဲ့သောငါးနှစ်ခန့်က ကားမတော်တဆမှုကြောင့် လမ်းမလျှောက်နိုင်သည့်ဘဝသို့ ရောက်ခဲ့ရတာဖြစ်ပါတယ်။

ထို့ကြောင့် အမျိုးသား၏သွားချင်သည့်နေရာတွေကို တွန်းပေးနေသည့် ကလေးငယ်ဟာ အသက်၂နှစ်အရွယ်သာရှိသေးပြီး အမျိုးသား၏သားငယ်လေးဟုသိရပါတယ်။အရွယ်နှင့်မလိုက်အောင်ပင် တတ်နိုင်သောစွမ်းအားဖြင့် ဖခင်​ဖြစ်သူ အဆင်ပြေစေဖို့ ကြိုးစားကူညီပေးနေသည့် ကလေးငယ်လေးဟာ အရွယ်လေးစားဖွယ်ရာ ကောင်းလှပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories