မတ်တပ်ကောင်းကောင်းမရပ်နိုင်သည့်မိခင်က ရောဂါစစ်ဆေးစဥ် ထိုင်ဖို့အတွက်ထိုင်ခုံမရှိသဖြင့် သားဖြစ်သူက ဒူးလေးထောက်ကာ ထိုင်စရာလုပ်ပေးရှာသည့် ကြည်နူးဖွယ်ရာမြင်ကွင်းလေး

လူသားတစ်ယောက်ဖြစ်လာခဲ့ပြီဆိုပါက အိုခြင်းနာခြင်းဆိုသော သဘာဝတရားကြီးနှင့် မလွဲမသွေကြုံတွေ့ရမှာဖြစ်ပါတယ်။ထိုသို့အိုမင်းမစွမ်းဖြစ်လာသည့်အချိန်တွင် မိဘတို့၏ကျေးဇူးကို သိတတ်သောသားလိမ္မာလေးတွေကို ပိုင်ဆိုင်ထားရသူများအတွက် ဒုက္ခတွေကိုရင်ဆိုင်ဖို့ လွယ်ကူအဆင်ပြေနေနိုင်ပါတယ်။

ယခုတွင်လည်း တရုတ်နိုင်ငံ Zhejiang ပြည်နယ် Huzhouမြို့ရှိ ဆေးရုံတစ်ခုတွင် မိဘတို့၏ကျေးဇူးကို သိတတ်သော သားလိမ္မာလေးတစ်ယောက်၏အပြုအမူဟာ လူတိုင်း၏အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။မိခင်ဖြစ်သူဟာ အိုမင်းလာသည်နှင့်အမျှ အားအင်ချည့်နဲ့လာပြီး မတ်တပ်ရပ်ဖို အခက်အခဲဖြစ်လာခဲ့သည်။

ထို့သို့အခြေအနေတွင် ဆေးရုံး၌သွေးပေါင်ချိန်စစ်ဆေးခံနေစဥ်တွင် မတ်တပ်ရပ်နေဖို့မဖြစ်နိုင်သောအခါ ထိုင်ခုံကလည်းမရှိသည့်အခြေအနေတွင် သားဖြစ်သူဟာ သူ၏ခြေထောက်ဖြင့်ထိုင်ခုံသဖွယ်ပြုလိုက်ပေးခဲ့ခြင်းဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories