သ႐ုပ္ေဆာင္ ယြန္းယြန္း ရဲ႕ ရွက္တတ္တဲ့ အက်င့္ေလးတစ္ခုကို ပရိတ္သတ္ေတြ သိေအာင္ ေျပာျပလာတဲ့ ဟဲဗီးၿဖိဳး

တစ္​ခ်ိန္​က ျပည္​သူခ်စ္​ က​ေလးသ႐ုပ္​​ေဆာင္​​ေတြျဖစ္​ၾကတဲ့ ဟဲဗီးၿဖိဳး နဲ႔ ယြန္းယြန္းတို႔က​ေတာ့ ပရိသတ္​ရင္​ထဲထိ​ေစတဲ့ ဇာတ္​ကား​ေတြကို အတြဲညီညီသ႐ုပ္​​ေဆာင္​ခဲ့ၾကသူ​မ်ားပဲျဖစ္​ပါတယ္​။

အငို အလြမ္း ဟာသ ကာ႐ိုက္​တာစုံကို ​ေပၚလြင္​​ေအာင္​​ေဖာ္​ျပႏိုင္​ခဲ့ၾကတဲ့ က​ေလးသ႐ုပ္​​ေဆာင္​၂​ေယာက္​က​ေတာ့ ငယ္​ငယ္​က႐ိုက္​ကြင္း​ေတြမွာ အတူဆုံရင္း​ေဆာ့ကစားျဖစ္​​ေပမယ့္ အခု​ေတာ့ အဆက္​အသြယ္​မရွိၾကဘူးလို႔ဆိုပါတယ္​။

ဟဲဗီးၿဖိဳးက​ေတာ့” ယြန္းယြန္း​ေမြး​ေန႔တစ္​ခါသြားရင္းပဲဆုံျဖစ္​ပါတယ္​ ယြန္းယြန္းနဲ႔က ညီအစ္​ကို​ေမာင္​ႏွမ​ေတြလိုပါပဲ အႏုပညာ​ေမာင္​ႏွမ​ေတြက ​ေမာင္​ႏွမ​ေတြပါပဲ ညီမေလးက စရင္ ရယ္ေနတာပဲ သူက ရွက္တတ္တယ္ အခုေနာက္ပိုင္းက သိပ္မစျဖစ္ေတာ့ဘူး ေမးထူးေခၚေျပာေလာက္ပဲ ရွိေတာ့တယ္ ” လက္​ရွိယြန္းယြန္းနဲ႔ဆက္​ဆံ​ေရးကို​ အင္​တာဗ်ဴးမွာ ​ေျဖဆိုထားပါတယ္​။

သူတို႔၂ဦးဟာ ​ေနာက္​ဆုံးအ​ေနနဲ႔ ကြၽန္​မက ႏွင္းဆီးပါ​ေမာင္​ဇာတ္​ကားမွာ က​ေလးသ႐ုပ္​​ေဆာင္​​ေတြအ​ေနနဲ႔ တြဲဖက္​သ႐ုပ္​​ေဆာင္​ခဲ့ၾကတာပါ။

ယြန္းယြန္းက​ေတာ့”ကိုဟဲဗီးၿဖိဳးက​ အရမ္းသ​ေဘာ​ေကာင္းတယ္​ စိတ္​ထားလည္းျပည့္ဝတယ္​ အငယ္​​ေတြကိုလည္းတြဲ​ေခၚခ်င္​စိတ္​ ညႇာခ်င္​စိတ္​အျပည့္ရွိတယ္​ ကြၽန္​မကႏွင္းဆီပါ​ေမာင္​႐ိုက္​တုန္းကဆိုရင္​လည္း ​ဖိနပ္​စီးရတဲ့အခန္း ​ေျခ​ေထာက္​​ေဆးရတဲ့အခန္း​ေတြပါတယ္​ သမီးဘက္​ကအ​ေနခက္​​ေပမယ့္ ကိုဟဲဗီးၿဖိဳးက တြဲ႐ိုက္​ရတဲ့သူအ​ေပၚမွာ စိတ္​သက္​​ေတာင့္သက္​သာျဖစ္​​ေအာင္​လုပ္​​ေပးသြားတယ္​” လို႔ ႐ိုက္​ကြင္း​ေပၚက အမွတ္​တရ​ေတြကို​ အင္​တာဗ်ဴးတစ္​ခုမွာ ​ေျဖဆိုထားပါ​ေသးတယ္​။

ဟဲဗီးၿဖိဳးက​ေတာ့ ယြန္းယြန္းနဲ႔ အတူ ဇာတ္​ကားတြဲ႐ိုက္​ခ်င္​လားဆိုတဲ့​ေမးခြန္းကို “ဇာတ္​ကား႐ိုက္​ခ်င္​စိတ္​က​ေတာ့ရွိတာ​​ေပါ့ ဇာတ္​ကား႐ိုက္​ဖို႔စီစဥ္​ထားတာ​ေတာ့မရွိ​ေသးပါဘူး ဘယ္​လို႐ိုက္​ခ်င္​လဲဆိုတာက​ေတာ့ ကြၽန္​​ေတာ္​တို႔ကို႐ိုက္​​ေပးမယ့္လူ​ေတြအ​ေပၚမူတည္​တာ​ေပါ့” ဆိုခဲ့ပါတယ္​။

Yin Khat Pan ( Writer – LLA )

Unicode

သရုပ်ဆောင် ယွန်းယွန်း ရဲ့ ရှက်တတ်တဲ့ အကျင့်လေးတစ်ခုကို ပရိတ်သတ်တွေ သိအောင် ပြောပြလာတဲ့ ဟဲဗီးဖြိုး

တစ်​ချိန်​က ပြည်​သူချစ်​ က​လေးသရုပ်​​ဆောင်​​တွေဖြစ်​ကြတဲ့ ဟဲဗီးဖြိုး နဲ့ ယွန်းယွန်းတို့က​တော့ ပရိသတ်​ရင်​ထဲထိ​စေတဲ့ ဇာတ်​ကား​တွေကို အတွဲညီညီသရုပ်​​ဆောင်​ခဲ့ကြသူ​များပဲဖြစ်​ပါတယ်​။

အငို အလွမ်း ဟာသ ကာရိုက်​တာစုံကို ​ပေါ်လွင်​​အောင်​​ဖော်​ပြနိုင်​ခဲ့ကြတဲ့ က​လေးသရုပ်​​ဆောင်​၂​ယောက်​က​တော့ ငယ်​ငယ်​ကရိုက်​ကွင်း​တွေမှာ အတူဆုံရင်း​ဆော့ကစားဖြစ်​​ပေမယ့် အခု​တော့ အဆက်​အသွယ်​မရှိကြဘူးလို့ဆိုပါတယ်​။

ဟဲဗီးဖြိုးက​တော့” ယွန်းယွန်း​မွေး​နေ့တစ်​ခါသွားရင်းပဲဆုံဖြစ်​ပါတယ်​ ယွန်းယွန်းနဲ့က ညီအစ်​ကို​မောင်​နှမ​တွေလိုပါပဲ အနုပညာ​မောင်​နှမ​တွေက ​မောင်​နှမ​တွေပါပဲ ညီမလေးက စရင် ရယ်နေတာပဲ သူက ရှက်တတ်တယ် အခုနောက်ပိုင်းက သိပ်မစဖြစ်တော့ဘူး မေးထူးခေါ်ပြောလောက်ပဲ ရှိတော့တယ် ” လက်​ရှိယွန်းယွန်းနဲ့ဆက်​ဆံ​ရေးကို​ အင်​တာဗျူးမှာ ​ဖြေဆိုထားပါတယ်​။

သူတို့၂ဦးဟာ ​နောက်​ဆုံးအ​နေနဲ့ ကျွန်​မက နှင်းဆီးပါ​မောင်​ဇာတ်​ကားမှာ က​လေးသရုပ်​​ဆောင်​​တွေအ​နေနဲ့ တွဲဖက်​သရုပ်​​ဆောင်​ခဲ့ကြတာပါ။

ယွန်းယွန်းက​တော့”ကိုဟဲဗီးဖြိုးက​ အရမ်းသ​ဘော​ကောင်းတယ်​ စိတ်​ထားလည်းပြည့်ဝတယ်​ အငယ်​​တွေကိုလည်းတွဲ​ခေါ်ချင်​စိတ်​ ညှာချင်​စိတ်​အပြည့်ရှိတယ်​ ကျွန်​မကနှင်းဆီပါ​မောင်​ရိုက်​တုန်းကဆိုရင်​လည်း ​ဖိနပ်​စီးရတဲ့အခန်း ​ခြေ​ထောက်​​ဆေးရတဲ့အခန်း​တွေပါတယ်​ သမီးဘက်​ကအ​နေခက်​​ပေမယ့် ကိုဟဲဗီးဖြိုးက တွဲရိုက်​ရတဲ့သူအ​ပေါ်မှာ စိတ်​သက်​​တောင့်သက်​သာဖြစ်​​အောင်​လုပ်​​ပေးသွားတယ်​” လို့ ရိုက်​ကွင်း​ပေါ်က အမှတ်​တရ​တွေကို​ အင်​တာဗျူးတစ်​ခုမှာ ​ဖြေဆိုထားပါ​သေးတယ်​။

ဟဲဗီးဖြိုးက​တော့ ယွန်းယွန်းနဲ့ အတူ ဇာတ်​ကားတွဲရိုက်​ချင်​လားဆိုတဲ့​မေးခွန်းကို “ဇာတ်​ကားရိုက်​ချင်​စိတ်​က​တော့ရှိတာ​​ပေါ့ ဇာတ်​ကားရိုက်​ဖို့စီစဉ်​ထားတာ​တော့မရှိ​သေးပါဘူး ဘယ်​လိုရိုက်​ချင်​လဲဆိုတာက​တော့ ကျွန်​​တော်​တို့ကိုရိုက်​​ပေးမယ့်လူ​တွေအ​ပေါ်မူတည်​တာ​ပေါ့” ဆိုခဲ့ပါတယ်​။

Yin Khat Pan ( Writer – LLA )

  • Leave a Comment