ဆွေမျိုးများက ကန့်ကွက်နေသည့်ကြားမှ စိတ်ငြိမ်အေးချမ်းသည့် သင်္ချိုင်းတစ်ခုတွင် မင်္ဂလာပွဲလေးကို ပျော်ရွင်စွာကျင်းပခဲ့သည့် စုံတွဲနှစ်ဦး

မကြာသေးမီရက်ပိုင်းက အသက်၂၄နှစ်အရွယ်ရှိပြီဖြစ်တဲ့ မစ္စတာ Juang Yuanjieနှင့် Zhuo Xingjuanဆိုသည့်အသက်၂၆နှစ်အရွယ် ကောင်မလေးတို့ဟာ စင်္ကါပူနိုင်ငံ၏ သင်္ချိုင်းတစ်ခုတွင်မင်္ဂလာပွဲကို ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။

ဆွေမျိုးအသိုင်းအဝိုင်းက သင်္ချိုင်းထဲတွင်ကျင်းပဖို့ကန့်ကွက်နေကြသော်လည်း မိဘတို့၏သဘောတူညီမှုကြောင့် သင်္ချိုင်းတစ်ခု၏ အရိုးပြာအိုးများသိမ်းဆည်းရာနေရာမှ မင်္ဂလာပွဲလေးကို ကျင်းပခဲ့ကြပါတယ်။

သူတို့နှစ်ယောက်၏မင်္ဂလာပွဲကို လူအများက စိတ်ဝင်စားပြီး စုံစမ်းကြည့်ရာမှာတော့ နှစ်ယောက်သားဟာ စျာပနာအခမ်းအနားတစ်ခုသို့သွားချိန်မှ တစ်ဦးနှင့်တစ်ဦး သိကျွမ်းပြီးချစ်သူတွေဖြစ်ခဲ့တာကြောင့် သင်္ချိုင်းထဲမှာ မင်္ဂလာဆောင်ဖို့အတွက် စီစဥ်ခဲ့တာဟု သိခဲ့ရပါတယ်။

Shoon (Cele Daily)

Zawgyi

ေဆြမ်ိဳးမ်ားက ကန္႔ကြက္ေနသည့္ၾကားမွ စိတ္ၿငိမ္ေအးခ်မ္းသည့္ သခ်ႋဳင္းတစ္ခုတြင္ မဂၤလာပြဲေလးကို ေပ်ာ္႐ြင္စြာက်င္းပခဲ့သည့္ စုံတြဲႏွစ္ဦး

မၾကာေသးမီရက္ပိုင္းက အသက္၂၄ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ မစၥတာ Juang Yuanjieႏွင့္ Zhuo Xingjuanဆိုသည့္အသက္၂၆ႏွစ္အ႐ြယ္ ေကာင္မေလးတို႔ဟာ စကၤါပူႏိုင္ငံ၏ သခ်ႋဳင္းတစ္ခုတြင္မဂၤလာပြဲကို က်င္းပခဲ့ျခင္းျဖစ္ပါတယ္။

ေဆြမ်ိဳးအသိုင္းအဝိုင္းက သခ်ႋဳင္းထဲတြင္က်င္းပဖို႔ကန္႔ကြက္ေနၾကေသာ္လည္း မိဘတို႔၏သေဘာတူညီမႈေၾကာင့္ သခ်ႋဳင္းတစ္ခု၏ အ႐ိုးျပာအိုးမ်ားသိမ္းဆည္းရာေနရာမွ မဂၤလာပြဲေလးကို က်င္းပခဲ့ၾကပါတယ္။

သူတို႔ႏွစ္ေယာက္၏မဂၤလာပြဲကို လူအမ်ားက စိတ္ဝင္စားၿပီး စုံစမ္းၾကည့္ရာမွာေတာ့ ႏွစ္ေယာက္သားဟာ စ်ာပနာအခမ္းအနားတစ္ခုသို႔သြားခ်ိန္မွ တစ္ဦးႏွင့္တစ္ဦး သိကြၽမ္းၿပီးခ်စ္သူေတြျဖစ္ခဲ့တာေၾကာင့္ သခ်ႋဳင္းထဲမွာ မဂၤလာေဆာင္ဖို႔အတြက္ စီစဥ္ခဲ့တာဟု သိခဲ့ရပါတယ္။

Shoon (Cele Daily)

  • Leave a Comment

Categories