မင်္ဂလာခန်းမကြီး၏အဝင်ပေါက်မုဒ်ဦးကို ကွမ်းသီး၊ငရုပ်သီးများဖြင့် ခမ်းနားကြီးကျယ်မှသော နဂါးရုပ်ကြီးရရှိစေဖို့အတွက် မင်္ဂလာဆောင်စရိတ်ထက်ပင် ငွေပိုသုံးကာ ဖန်တီးခဲ့ကြသည့် စုံတွဲနှစ်ဦး

ကြီးကျယ်ခမ်းနားလှသော မင်္ဂလာဆောင်ပွဲကြီးကျင်းပနိုင်ခြင်းဟာ ချမ်းသာသောဂုဏ်ဒြပ်တွေတို့၏ ပြယုဒ်တစ်ခုဟု ယူဆနေကြတာ လူတိုင်းပင်ဖြစ်ပါတယ်။ယခုတွင်လည်း ဗီယက်နမ်နိုင်ငံ Tien Giangမြို့တွင် ကျင်းပပြုလုပ်သော မင်္ဂလာပွဲတစ်ခု၏ ခန်းမအဝင်ဝကို ဖန်တီးဖို့အတွက် ဗီယက်နမ်ငွေ VDNသန်း၃၀အထိ ကုန်ကျခံပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

အဝင်ဝမုဒ်ဦးကို ကွမ်းသီး၊ပန်း၊ငရုပ်သီးများကို အသုံးပြုပြီး အသက်ဝင်လျသည့် အနုပညာလက်ရာတစ်ခုကို ၃ရက်ကြာအချိန်ယူဖန်တီးခဲ့တာဟု သတိုးသားဖြစ်သူ Mr.Tam Voကပြောပြလာခဲ့တာဖြစ်ပါတယ်။

ထို့ကြောင့်လည်း အသက်ဝင်လှတဲ့ ရုပ်ပုံတွေကို ပွဲလာဧည့်ပရိတ်များက အလွန်သဘောကျပြီး ဖန်တီးထားသူတွေကို ချီးကျူးမဆုံး ဖြစ်နေကြတယ်ဟုသိရပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories