ဆံကေသာဆိုသည်မှ လူတစ်ယောက်၏ဒုတိယမျက်နှာဟုပင် တင်စားထားရလောက်သော အရေးပါသည့်အလှတရားတစ်ခုဖြစ်ပါတယ်။ယခုတွင်လည်း အမေရိကန်နိုင်ငံမှ Melanie Shahaဆိုသည့်အမျိုးသမီးဟာ ကင်ဆာရောဂါကြောင့် ဓာတ်ရောင်ခြည်ကုထုံးကို ခံယူခဲ့ရပြီး ဆံပင်တွေကို ဆုံးရှုံးခဲ့ရပါတယ်။
ထိုအခါ သားဖြစ်သူMattက မိခင်၏ဆံပင်မရှိသည့် ပုံစံကိုမကြည့်ရက်သဖြင့် ကိုယ်တိုင်ဆံပင်အရှည်ထားပေးခဲ့ပါတယ်။သားဖြစ်သူဟာ ဆံပင်အရျည်ရဖို့အတွက် သုံးနှစ်အထိစောင့်ခဲ့ရပြီးနောက်မှာတော့ မိခင်အတွက် ဆံပင်အတုလေးကို ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ဆံပင်အတုကို ဝယ်ယူနိုင်တယ်ဆိုပေမယ့် သားဖြစ်သူက မိခင်၏အလှတရားအတွက် ကိုယ်တိုင်ပြုစုထားသည့် ဆံကေသာလေးတွေဟာ မိခင်အတွက် တန်းဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခုဖြစ်နေမှာသေချာပါတယ်။
Shoon (Cele Daily)
Zawgyi
ကင်ဆာရောဂါကြောင့် ကတုံးရိတ်လိုက်ရသည့်မိခင်ကို ဆံပင်တုအသုံးပြုနိုင်ဖို့အတွက် ၃နှစ်ကြာအောင်ဆံပင်အရှည်ထားပေးခဲ့သည့် သားလိမ္မာ
Shoon (Cele Daily)