အလုပ်တစ်ခုတွင် ဝန်ထမ်းများအားလုံးထဲမှာ တစ်ဦးတည်းသာချီးမြှင့်သည့်ဆုတံဆိပ်ကို ရရှိရန်မှာ မလွယ်ကူလှပေ။သာမန်ထက်ပိုသော ကြိုးစားအားထုတ်မှုတို့နှင့် အာရုံစိုက်နိုင်မှ ထူးချွန်သောဝန်ထမ်းတစ်ဦးဖြစ်လာမှပါ။
ဘရားဇီးနိုင်ငံရှိ နာမည်ကြီးကားကုမ္ပဏီတစ်ခုတွင် ဝန်ထမ်းခွေးလေးက အတော်ဆုံးသောဝန်ထမ်းအဖြစ်ဆုချခံခဲ့ရပါတယ်။ခွေးကလေးကို ကုမ္ပဏီပိုင်ရှင်က လမ်းဘေးမှကောက်ယူပြီး Tucson Primeဟုအမည်ပေးကာ ဆိုင်အစောင့်ရအောင် မွေးထားခဲ့ခြင်းဖြစ်ပါတယ်။
ထို့နောက် ခွေးကလေး၏အပြုအမှုကြောင့် ဆိုင်သို့လာသည့်လူအများက သတိထားမိခဲ့ပြီးနောက် အချစ်တွေကို သိမ်းပိုက်နိုင်ခဲ့ပြီး ဝယ်ယူသူတွေကို ဆွဲဆောင်နိုင်ခဲ့ကာ ကုမ္ပဏီ၏ရောင်းကို တိုးလာအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
Shoon (Cele Daily)
Zawgyi
ကားအရောင်းပြခန်းတွင် လုံခြုံရေးအနေဖြင့် စတင်အလုပ်လုပ်ခဲ့ရာမှ လူအများ၏ချစ်ခင်မှုကြောင့် နာမည်ကြီးလာသည့်အပြင် ကုမ္ပဏီ၏ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခြင်းကို ခံခဲ့ရသည့် ခွေးလေး
Shoon (Cele Daily)