မင်္ဂလာပါ။လူတွေက ကိုယ့်မျက်စိနဲ့ မြင်ရတဲ့ အရာတွေကို ရာနှုန်းပြည့် ယုံကြည်ကြလေ့ရှိပါတယ်။ ဒါပေမယ့် ကိုယ့်မျက်လုံးနဲ့ မြင်ရတိုင်း မယုံကြည်ရဘူးဆိုတာကို သက်သေပြနေတဲ့ ဓာတ်ပုံတွေလည်းရှိပါသေးတယ်။
အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေကတော့ ပရိသတ်တွေကိုယ်တိုင် မျက်လုံးနဲ့ မြင်နေရပေမယ့် မယုံမကြည်ဖြစ်ပြီး မေးခွန်းထုတ်မိစေမယ့် ဓာတ်ပုံတွေပဲဖြစ်ပါတယ်။
(၁)
ခွေးနှစ်ကောင် ပူးကပ်ထိုင်နေတာဖြစ်ပေမယ့်
အရောင်ရောစပ်သွားမှုကြောင့် မျက်လုံးအမြင်လှည့်စားမှုတွေ ဖြစ်နေတာပါ။
(၂)
မနက်မိုးလင်းကာစ ကောင်းကင်ကြီးပေါ်မှာ
ပေါ်နေတဲ့ ဝက်ဝံရုပ်တိမ်စိုင်ကြီး..
(၃)
လူရုပ်သေးသေးလေးတွေနဲ့ ဘဲတစ်အုပ်ကို ရိုက်ကူးထားတဲ့ ဓာတ်ပုံဆိုပေမယ့်
ပရိသတ်တွေကို မျက်စိအမြင်လှည့်စားနိုင်ခဲ့ပါတယ်။
(၄)
ဖန်ခွက်ကို ရိုက်ကူးထားတဲ့ ဓာတ်ပုံဟာ နောက်ခံမြင်ကွင်းနဲ့ ရောသွားပြီး
ခွက်အကျိုးအပဲ့ ပုံစံမျိုးဖြစ်နေတာပါ။
(၅)
ကမ်းခြေမှာ အခန့်မသင့်ရင် အခုလို ဧရာမ ပင်လယ်ဇင်ယော်ကြီးတွေကို တွေ့နိုင်ပါလိမ့်မယ်…
ဒါပေမယ့် အမြင်အာရုံလှည့်စားနိုင်ဖို့ ရှုထောင့်မှန်ကနေ ဓာတ်ပုံရိုက်တတ်တဲ့ သူတစ်ယောက်တော့ လိုတာပေါ့လေ
(၆)
မြင်းတွေပြေးနေတဲ့ ပုံပါတဲ့ ကော်ဇောပေါ်မှာ လှဲအိပ်နေတဲ့ ကြောင်လေး…
တစ်ယောက်ယောက်က မသိဘဲ တက်နင်းမိရင် ဒုက္ခ
(၇)
ကမ်းခြေမှာလွင့်နေတဲ့ ပေ၉၀ ရှည်လျှားလှတဲ့ ဝေလငါးပုံစံ စွန်
(၈)
ဇီးကွက်သေးသေးလေးလို၊ နှာခေါင်းပေါက်လိုလို
ဖြစ်နေတဲ့ အစေ့အဆန်လေး
(၉)
သူမရဲ့ ခန္ဓာကိုယ်က
တစ်ခုခုတော့ လွဲနေသလိုပဲ။
(၁၀)
ကြက်ဥအနှစ်တွေက ရောသွားပြီး စိတ်ပျက်လက်ပျက်
မျက်နှာကြီးပေါ်နေတာပါ။
(၁၁)
ဘာတွေ စိုက်ထားတဲ့ စိုက်ခင်းလဲလို့ တွေးနေတာလားပရိသတ်တို့ရေ….
ကြောင်လေးရဲ့ အမွှေးကို ရိုက်ကူးထားတဲ့ ဓာတ်ပုံပါနော်။
(၁၂)
အမျိုးသမီးရဲ့လက်က ကလေးရဲ့လက်ကို ကွယ်ထားတော့
ကလေးရဲ့လက်က အကြီးကြီးလို ဖြစ်နေတာပါ။
(၁၃)
ကောင်မလေးရဲ့ ဒေါက်ဖိနပ်ပုံစံက ရုတ်တရက်ကြည့်လိုက်ရင်
ခြေထောက်လေးတွေက တုတ်ချောင်းလေးတွေလို ထင်မိသွားတယ်။
(၁၄)
သေချာကြည့်အုံးနော်..ဓာတ်ပုံထဲ
ကောင်မလေးတစ်ယောက်မှ မရှိဘူး
(၁၅)
ဆီဘီရီးယားကောင်းကင်ပေါ်က ဌက်ပုံစံ တိမ်အစု
(၁၆)
အဖြေလွှာစာရွက်ပြန်ရတော့ ဆရာမက SALSA ထိုးပေးလိုက်တယ်ထင်တာ…
သေချာကြည့်မှ 59/59 ရေးထားမှန်းသိတယ်။
(၁၇)
မှန်ထဲမှာပေါ်နေတဲ့ အရိပ်မှာ မျက်မှန်ရဲ့မှန်နှစ်ဘက်
မတူညီတာကို တွေ့ရမှာဖြစ်ပါတယ်။
(၁၈)
လက်ယောင်ဆောင်သော ခွေး…
(၁၉)
မြေပြင်ပေါ်မှာ ကျနေတဲ့ ထင်းရှးပင်ခြောက်တွေဟာ
အထင်ကြီးဖို့ကောင်းတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ။
(၂၀)
ဘီယာခွက်ထဲမှာ ခွေးပုံလေးကို ဘယ်သူမြင်လဲ
(၂၁)
ဒီဓာတ်ပုံဟာ မျက်စိပုံမဟုတ်ပါဘူး…
ရေထဲကို ဓာတ်ဆီစက်ချလိုက်တဲ့အခါ ဖြစ်သွားတဲ့ပုံပါ။
(၂၂)
ကတုံးလူကြီးတွေလား….သားရေ ထိုင်ခုံလားမသဲကွဲတော့ဘူးနော်
(၂၃)
ရထားပေါ်က သန့်စင်ခန်းဟာ လိုအပ်ပစ္စည်းတွေကိုထားပေးထားတယ်။ သိပ်ကောင်းတာပဲပေါ့….
အနားရောက်မှ နံံရံကပ်စက္ကူဒီဇိုင်းမှန်းသိတော့တယ်။
(၂၄)
ရုတ်တရက်ကြည့်လိုက်တာ
လူမျက်နှာနဲ့ ခွေးခန္ဓာကိုယ်ဖြစ်နေတယ်ထင်လို့
(၂၅)
လေပေါ်ပျံနေတဲ့ စွမ်းအားရှင်ကြောင်လေးပေါ့ ..တကယ်တော့ သူက ကားခေါင်မိုးပေါ် တက်ထိုင်နေတာပါ။
(၂၆)
ကောင်မလေးကလည်း တော်တော်နောက်တတ်တယ်နော်..
ဓာတ်ပုံရိုက်ပြီးတောင် မှတ်တမ်းတင်ထားသေးတယ်
(၂၇)
အင်္ကျီအရောင်ကအစ တိုက်ဆိုင်မှုရှိနေတာ
နည်းနည်းတော့ ထူးဆန်းနေပြီ
(၂၈)
ဝိတ်မရတာ အတော်ဝါသနာပါတဲ့ ကြောင်လေးဖြစ်ရမယ်…
ဗလက နည်းတာမဟုတ်ဖူး
(၂၉)
ရုတ်တရက်ကြည့်လိုက်တော့ ဆက်ဆီမော်ဒယ်တစ်ယောက်လို့
ထင်သွားကြတယ်မလား
ပရိသတ်တွေရော..အခုလိုမျိုး ကိုယ်မျက်စိနဲ့မြင်တွေ့ရတာ မယုံနိုင်တဲ့ တခြားသောဓာတ်ပုံတွေကို မြင်ဖူးပါသလား.
ကိုယ်တိုင်အမှတ်မထင်ရိုက်ကူးမိထားတဲ့ ဓာတ်ပုံတွေရှိရင်လည်း မျှဝေပေးခဲ့ပါအုံးနော်။
Ref:Brightside