သားဖြစ်သူက ဂိမ်းဆိုင်တွင် ၈ရက်တိတိအိမ်ပြန်မလာဘဲ ဂိမ်းဆော့နေခဲ့သောကြောင့် ကလေးကိုအိမ်ပြန်ဖို့မခိုင်းသည့် ဆိုင်ပိုင်ရှင်ကို ပြသနာသွားရှာခဲ့သည့် ဖခင်တစ်ဦး

က​လေးသူငယ်များသည် ဆော့ကစားရတာကို အလွန်ခုံမင်ကြပြီး ဂိမ်းဆိုင်တွင် ဂိမ်းသွားဆော့ရပါက ထမင်းမေ့ဟင်းမေ့ဖြစ်သွားတတ်ကြပါတယ်။စာဖတ်သူတို့အထဲ၌ပင် ဂိမ်းဆိုင်က နေအိမ်လိုဖြစ်နေသည်အထိ အရူးအမူးဆော့ကစားဖူးတွေလည်း ပါဝင်နေမှာသေချာပါတယ်။

ယခုတွင်လည်း တရုတ်နိုင်ငံမှ အသက်၉နှစ်အရွယ်သားငယ်လေးဟာ ဂိမ်းဆိုင်တွင် ၈ရက်တိတိကို အိမ်မပြန်ဘဲ ဂိမ်းထိုင်ဆော့နေခဲ့ပါတယ်။ထိုအခါဖခင်ဖြစ်သူကလည်း ကလေးကို စိတ်ပူပြီး ဂိမ်းဆိုင်သို့လိုက်လာကာ ဆိုင်ပိုင်ရှင်ကို ပြသနာရှာခဲ့ပါတယ်။

အကြောင်းကတော့ သားဖြစ်သူကို ဂိမ်းကိုအမြဲတမ်းမဆော့စေဘဲ အိမ်ပြန်ဖို့မတိုက်တွန်းဘဲ ကြည်ဖြူစွာပေးဆော့နေသည့်အတွက် မကျေမနပ်ဖြစ်ကာ ပြသနာရှာခဲ့ပါတယ်။ထိုပြသနာတွင် လူအများကြား၌အမြင်ကွဲလွဲနေကြပြီး အချို့က ကလေး၏ဖခင်ဖြစ်သူကို ဝေဖန်နေကြသလို အချို့ကလည်း ဆိုင်ပိုင်ရှင်ကို အပြစ်မြင်နေကြပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories