ေတာင္ေပၚမွမိုးေရေတြကို ရြာကလူေတြအသံုးျပဳႏိုင္ေအာင္ ႏွစ္ေပါင္း 30 ၾကာသည္အထိ တူးေျမာင္းႀကီး တူးေဖာ္ခဲ့တဲ့ အဘိုးအို

အိႏၵိယႏိုင္ငံ Bihar ျပည္နယ္က ရြာငယ္ေလးတစ္ရြာမွာေနထိုင္ေနလ်က္႐ွိတဲ့ အဘိုးအိုတစ္ဦးဟာ ရြာအနီးမွာ႐ွိတဲ့ေတာင္ကုန္းေပၚကေန မိုးေရေတြရြာအထိစီးဆင္လာေအာင္ 3km အ႐ွည္႐ွိတဲ့ တူးေျမာင္းႀကီးကို အျခားသူေတြရဲ႕အကူအညီမပါဘဲ ႏွစ္ေပါင္း 30 ၾကာသည္အထိ တစ္ကိုယ္တည္း တူးေဖာ္ခဲ့ပါတယ္ ။ Laungi Bhuiyan အမည္႐ွိတဲ့ အဘိုးအိုကေတာ့ ‘ ရြာထဲက ေရကန္အထိေရေတြေရာက္ဖို႔ ဒီတူးေျမာင္းႀကီးကို ႏွစ္ 30 ေလာက္အခ်ိန္ယူၿပီး တူးခဲ့ရတယ္ ‘ ဆိုၿပီး ေျပာျပသြားခဲ့ပါတယ္ ။ ‘ လြန္ခဲ့တဲ့ ႏွစ္ေပါင္း 30 ခန္႔က ကြၽန္ေတာ္ေတာထဲမွာ ကြၽဲႏြားေက်ာင္းရင္း တူးေျမာင္းကို တူးေနခဲ့တာပါ ၊ ကြၽန္ေတာ္အားထုတ္ႀကိဳးစားေနခ်ိန္ ဘယ္သူကမွ ဝင္မကူခဲ့ပါဘူး ၊ ရြာသားေတြက ေငြ႐ွာဖို႔ၿမိဳ႕တက္ၿပီး အလုပ္လုပ္ၾကတယ္ ကြၽန္ေတာ္ကေတာ့ ရြာမွာပဲေနရစ္ခဲ့ပါတယ္ ‘ ဆိုၿပီး အဘိုးအိုကေျပာျပခဲ့ပါေသးတယ္ ။

အခုခ်ိန္မွာေတာ့ တူးေျမာင္းႀကီးကလံုးဝၿပီးဆံုးသြားပါၿပီ ။ ရြာသားေတြကလည္း အဘိုးအိုရဲ႕လုပ္ရပ္ဟာ လူေတြအတြက္ဘယ္ေလာက္အေရးပါလဲ ဆိုတာကိုသိ႐ွိသြားခဲ့ပါၿပီ ။ ‘ မ်ားစြာေသာ တိရစာၦန္ေတြ နဲ႔ စိုက္ကြင္းေတြထဲ ေရသြယ္ႏိုင္ခဲ့လို႔ အက်ိဳးေက်းဇူးေတြအမ်ားႀကီးရခဲ့ပါတယ္ ၊ သူ႔ရဲ႕အက်ိဳးအတြက္မဟုတ္ဘဲ အမ်ားအက်ိဳးအတြက္ သူလုပ္ေပးခဲ့တာပါ ‘ ဆိုၿပီးရြာသားတစ္ဦးက ေျပာျပခဲ့ပါတယ္ ။

အျခားရြာသားတစ္ဦးကလည္း ‘ ဒီကလူေတြအတြက္ အက်ိဳးေက်းဇူးအမ်ားႀကီးရခဲ့ပါတယ္ ၊ သူ႔ရဲ႕လုပ္ရပ္ေၾကာင့္ အခုဆိုရင္ လူအေတာ္မ်ားမ်ားက သူ႔ကို သိေနၾကပါၿပီ ‘ ဆိုၿပီး ေျပာၾကားခဲ့ပါတယ္ ။ အခေၾကးေငြမရဘဲ အလုပ္ႀကိဳးစားခဲ့တဲ့အဘိုးအိုကို တစ္စံုတစ္ေယာက္ကသာ ဝင္ကူေပးခဲ့မယ္ဆိုရင္ ဒီေလာက္ႏွစ္ေတြၾကာမွာ မဟုတ္ဘူးဆိုတဲ့ အေတြးေလးေတာ့ စာဖတ္သူတိုင္းခံစားမိသြားမယ္လို႔ ထင္မိပါတယ္ ။

Jasmine (Mckzone Daily)

Unicode

တောင်ပေါ်မှမိုးရေတွေကို ရွာကလူတွေအသုံးပြုနိုင်အောင် နှစ်ပေါင်း 30 ကြာသည်အထိ တူးမြောင်းကြီး တူးဖော်ခဲ့တဲ့ အဘိုးအို

အိန္ဒိယနိုင်ငံ Bihar ပြည်နယ်က ရွာငယ်လေးတစ်ရွာမှာနေထိုင်နေလျက်ရှိတဲ့ အဘိုးအိုတစ်ဦးဟာ ရွာအနီးမှာရှိတဲ့တောင်ကုန်းပေါ်ကနေ မိုးရေတွေရွာအထိစီးဆင်လာအောင် 3km အရှည်ရှိတဲ့ တူးမြောင်းကြီးကို အခြားသူတွေရဲ့အကူအညီမပါဘဲ နှစ်ပေါင်း 30 ကြာသည်အထိ တစ်ကိုယ်တည်း တူးဖော်ခဲ့ပါတယ် ။ Laungi Bhuiyan အမည်ရှိတဲ့ အဘိုးအိုကတော့ ‘ ရွာထဲက ရေကန်အထိရေတွေရောက်ဖို့ ဒီတူးမြောင်းကြီးကို နှစ် 30 လောက်အချိန်ယူပြီး တူးခဲ့ရတယ် ‘ ဆိုပြီး ပြောပြသွားခဲ့ပါတယ် ။ ‘ လွန်ခဲ့တဲ့ နှစ်ပေါင်း 30 ခန့်က ကျွန်တော်တောထဲမှာ ကျွဲနွားကျောင်းရင်း တူးမြောင်းကို တူးနေခဲ့တာပါ ၊ ကျွန်တော်အားထုတ်ကြိုးစားနေချိန် ဘယ်သူကမှ ဝင်မကူခဲ့ပါဘူး ၊ ရွာသားတွေက ငွေရှာဖို့မြို့တက်ပြီး အလုပ်လုပ်ကြတယ် ကျွန်တော်ကတော့ ရွာမှာပဲနေရစ်ခဲ့ပါတယ် ‘ ဆိုပြီး အဘိုးအိုကပြောပြခဲ့ပါသေးတယ် ။

အခုချိန်မှာတော့ တူးမြောင်းကြီးကလုံးဝပြီးဆုံးသွားပါပြီ ။ ရွာသားတွေကလည်း အဘိုးအိုရဲ့လုပ်ရပ်ဟာ လူတွေအတွက်ဘယ်လောက်အရေးပါလဲ ဆိုတာကိုသိရှိသွားခဲ့ပါပြီ ။ ‘ များစွာသော တိရစ္ဆာန်တွေ နဲ့ စိုက်ကွင်းတွေထဲ ရေသွယ်နိုင်ခဲ့လို့ အကျိုးကျေးဇူးတွေအများကြီးရခဲ့ပါတယ် ၊ သူ့ရဲ့အကျိုးအတွက်မဟုတ်ဘဲ အများအကျိုးအတွက် သူလုပ်ပေးခဲ့တာပါ ‘ ဆိုပြီးရွာသားတစ်ဦးက ပြောပြခဲ့ပါတယ် ။

အခြားရွာသားတစ်ဦးကလည်း ‘ ဒီကလူတွေအတွက် အကျိုးကျေးဇူးအများကြီးရခဲ့ပါတယ် ၊ သူ့ရဲ့လုပ်ရပ်ကြောင့် အခုဆိုရင် လူအတော်များများက သူ့ကို သိနေကြပါပြီ ‘ ဆိုပြီး ပြောကြားခဲ့ပါတယ် ။ အခကြေးငွေမရဘဲ အလုပ်ကြိုးစားခဲ့တဲ့အဘိုးအိုကို တစ်စုံတစ်ယောက်ကသာ ဝင်ကူပေးခဲ့မယ်ဆိုရင် ဒီလောက်နှစ်တွေကြာမှာ မဟုတ်ဘူးဆိုတဲ့ အတွေးလေးတော့ စာဖတ်သူတိုင်းခံစားမိသွားမယ်လို့ ထင်မိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment