လူတွေရဲ့အထင်အမြင်သေးသည့်အကြည့်တွေကို ဂရုမစိုက်ဘဲ လမ်းဘေးက ဗူးခွံတွေလိုက်ကောက်ပြီး ရရှိလာသည့်ပိုက်ဆံတွေကို အိမ်ခြေမဲ့များအား လှူဒါန်းလေ့ရှိသည့် လင်မယားနှစ်ဦး

ကျွန်ုပ်တို့လူသားတို့အားလုံးသည် သူတစ်ပါးကိုအထင်မသေးဘဲ တန်းတူညီမျှဆက်ဆံနိုင်ပါတယ်လို့ ပါးစပ်ကပြောနေပေမယ့် လမ်းဘေးကဆင်းရဲမွဲတေနေသူများကို တွေ့ရှိရပါက နှာခေါင်းရှုံးတတ်ကြပါတယ်။

ယခုတွင်တော့ ဗီယက်နမ်မှ ဇနီးမောင်နှံနှစ်ဦး၏ မွန်မြတ်လှသောစိတ်ထားလေးဖြင့် အိမ်ခြေမဲ့များအတွက် ကြိုးစားပုံဟာ လေးစားအံ့သြဖွယ်ရာကောင်းလှပါတယ်။လင်မယားနှစ်ယောက်ဟာ ဆိုင်ကယ်ဖြင့် နေရာအနှံအပြားက ပလပ်စတစ်ဗူးခွံနှင့်သ့ဗူးခွံတွေကို လိုက်ကောက်ပြီး ပိုက်ဆံရှာကြပါတယ်။

ထို့နောက်ရရှိလာသည့် ငွေကြေးများအားလုံးကိုလည်း အိမ်ခြေမဲ့များကို လှူဒါန်းပေးကမ်းလေ့ရှိကြတာဖြစ်ပါတယ်။သူတစ်ပါး၏ အထင်သေးခံပြီး လမ်းဘေးမှာအမှိုက်ကောက်ပြီး ကုသိုလ်ပြုနိုင်ဖို့ဆိုတာ အတော်လေးစိတ်ထားမြင့်မြတ်သူများသာ လုပ်ဆောင်နိုင်ခြင်းဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi

  • Leave a Comment

Categories