အမကို ႀကိဳက္ရင္လိုက္ ေယာက္ဖလို႔ ေခၚခံရလည္း စိတ္မဆိုးဘူးလို႔ ဆိုလာတဲ့ သ႐ုပ္ေဆာင္ သင္ဇာဝင့္ေက်ာ္ ရဲ႕ ေမာင္ေလး ညီဆက္ေက်ာ္

မင္းသမီးေခ်ာေလး သင္ဇာဝင့္ေက်ာ္ကေတာ့ ပရိသတ္ေတြရဲ႕စိတ္ဝင္တစားအားေပးမႈကို အျပည့္အဝရရွိေနတဲ့ ျပည္သူခ်စ္အႏုပညာရွင္တစ္ဦးပဲ ျဖစ္ပါတယ္။ အႏုပညာအလုပ္ေတြကို ႏွစ္အေတာ္ၾကာေအာင္ လုပ္ကိုင္ခဲ့တဲ့ သင္ဇာဝင့္ေက်ာ္က အခုခ်ိန္အထိ သူမရဲ႕ေအာင္ျမင္မႈေတြကို ထိန္းထားႏိုင္တာ ျဖစ္ပါတယ္။ အထူးသျဖင့္ သင္ဇာဝင့္ေက်ာ္က ပုရိသေတြၾကားမွာ သည္းသည္းလႈပ္ေရပန္းစားေနတာပဲ ျဖစ္ပါတယ္။

သင္ဇာဝင့္ေက်ာ္ရဲ႕ ေမာင္ျဖစ္သူ ကိုညီဆက္ေက်ာ္ကေတာ့ သင္ဇာဝင့္ေက်ာ္ရဲ႕ လက္ရွိအခ်စ္ေရးနဲ႔ပတ္သတ္ၿပီး အမျဖစ္သူဟာ အပ်ိဳႀကီးပဲျဖစ္ဖို႔မ်ားတယ္လို႔ဆိုပါတယ္ သူ႔အေနနဲ႔ ငယ္စဥ္ကတည္းက သူငယ္ခ်င္းေတြရဲ႕ ေယာက္ဖလို႔ အဗခၚကာ စေနာက္မႈကိုခံခဲ့ရေပမယ့္ ဘာမွ မခံစားရဘူးလို႔လည္း ဆိုခဲ့တာပါ

ကိုညီဆက္ေက်ာ္က “အထက္တန္းေရာက္သြားတဲ့အခ်ိန္ကတည္းက ေယာက္ဖ ေယာက္ဖနဲ႔ ခဏခဏ အစခံရတယ္ လာေခၚလည္း ႀကိဳက္ရင္လိုက္လို႔ပဲေျပာလိုက္တယ္ ငါ့အမ မႀကိဳက္နဲ႔ မထိနဲ႔ေတြဘာေတြလည္း ေျပာမေနဘူး တေယာက္နဲ႔တေယာက္ေတာ့မတူဘူးေပါ့ေနာ္ ကြၽန္ေတာ္ကေတာ့အဲ့လို လာေခၚလည္း ဘာမွ မျဖစ္ဘူး စိတ္ထဲမွာမထားတတ္ဘူး ” လို႔ ခဏခဏ အစခံရတဲ့အေၾကာင္းေျပာလာခဲ့တာျဖစ္ပါတယ္

သင္ဇာဝင့္ေက်ာ္ရဲ႕ အခ်စ္ေရးနဲ႔ပတ္သတ္ၿပီးလည္း မင္းဆက္ေက်ာ္က ” သူက အပ်ိဴႀကီး ျဖစ္ဖို႔မ်ားတယ္ အရမ္းသည္းခံႏိုင္တဲ့ သူတစ္ေယာက္ျဖစ္မွ သူနဲ႔ အဆင္ေျပမွာ….အိမ္ေထာင္က်ပါေစလည္း မေျပာခ်င္သလို အပ်ိဳႀကီးျဖစ္ပါေစလို႔လည္း မေျပာခ်င္ဘူး ဒါေပမယ့္သူ႔ပုံစံအရကို ေျပာျပတာပါ ” လို႔ဆိုလာခဲ့တာပါ ပရိသတ္ႀကီးေရ

ကိုမင္းဆက္ေက်ာ္ကေတာ့ အမျဖစ္သူနဲ႔ပတ္သတ္ၿပီး သူမအေပၚ အျမင္ေတြကို ပြင့္ပြင့္လင္းလင္းဖြင့္စလာခဲ့တာပါ ပရိသတ္ႀကီးေရ ပရိသတ္ႀကီးရဲ႕ အျမင္ကိုလည္းေျပာခဲ့ၾကပါအုန္းေနာ္

credit – Shwe Yaung Myanmar

Unicode

အမကို ကြိုက်ရင်လိုက် ယောက်ဖလို့ ခေါ်ခံရလည်း စိတ်မဆိုးဘူးလို့ ဆိုလာတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော် ရဲ့ မောင်လေး ညီဆက်ကျော်

မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ပရိသတ်တွေရဲ့စိတ်ဝင်တစားအားပေးမှုကို အပြည့်အဝရရှိနေတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို နှစ်အတော်ကြာအောင် လုပ်ကိုင်ခဲ့တဲ့ သင်ဇာဝင့်ကျော်က အခုချိန်အထိ သူမရဲ့အောင်မြင်မှုတွေကို ထိန်းထားနိုင်တာ ဖြစ်ပါတယ်။ အထူးသဖြင့် သင်ဇာဝင့်ကျော်က ပုရိသတွေကြားမှာ သည်းသည်းလှုပ်ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ရဲ့ မောင်ဖြစ်သူ ကိုညီဆက်ကျော်ကတော့ သင်ဇာဝင့်ကျော်ရဲ့ လက်ရှိအချစ်ရေးနဲ့ပတ်သတ်ပြီး အမဖြစ်သူဟာ အပျိုကြီးပဲဖြစ်ဖို့များတယ်လို့ဆိုပါတယ် သူ့အနေနဲ့ ငယ်စဉ်ကတည်းက သူငယ်ချင်းတွေရဲ့ ယောက်ဖလို့ အဗခါ်ကာ စနောက်မှုကိုခံခဲ့ရပေမယ့် ဘာမှ မခံစားရဘူးလို့လည်း ဆိုခဲ့တာပါ

ကိုညီဆက်ကျော်က “အထက်တန်းရောက်သွားတဲ့အချိန်ကတည်းက ယောက်ဖ ယောက်ဖနဲ့ ခဏခဏ အစခံရတယ် လာခေါ်လည်း ကြိုက်ရင်လိုက်လို့ပဲပြောလိုက်တယ် ငါ့အမ မကြိုက်နဲ့ မထိနဲ့တွေဘာတွေလည်း ပြောမနေဘူး တယောက်နဲ့တယောက်တော့မတူဘူးပေါ့နော် ကျွန်တော်ကတော့အဲ့လို လာခေါ်လည်း ဘာမှ မဖြစ်ဘူး စိတ်ထဲမှာမထားတတ်ဘူး ” လို့ ခဏခဏ အစခံရတဲ့အကြောင်းပြောလာခဲ့တာဖြစ်ပါတယ်

သင်ဇာဝင့်ကျော်ရဲ့ အချစ်ရေးနဲ့ပတ်သတ်ပြီးလည်း မင်းဆက်ကျော်က ” သူက အပျိူကြီး ဖြစ်ဖို့များတယ် အရမ်းသည်းခံနိုင်တဲ့ သူတစ်ယောက်ဖြစ်မှ သူနဲ့ အဆင်ပြေမှာ….အိမ်ထောင်ကျပါစေလည်း မပြောချင်သလို အပျိုကြီးဖြစ်ပါစေလို့လည်း မပြောချင်ဘူး ဒါပေမယ့်သူ့ပုံစံအရကို ပြောပြတာပါ ” လို့ဆိုလာခဲ့တာပါ ပရိသတ်ကြီးရေ

ကိုမင်းဆက်ကျော်ကတော့ အမဖြစ်သူနဲ့ပတ်သတ်ပြီး သူမအပေါ် အမြင်တွေကို ပွင့်ပွင့်လင်းလင်းဖွင့်စလာခဲ့တာပါ ပရိသတ်ကြီးရေ ပရိသတ်ကြီးရဲ့ အမြင်ကိုလည်းပြောခဲ့ကြပါအုန်းနော်

credit – Shwe Yaung Myanmar

  • Leave a Comment