ကုတင်တွင် အင်ဂျင်နဲ့ဘီးတွေတပ်ပြီး အိပ်ရာကမထဘဲ လိုရာကိုသွားနိုင်အောင်တီထွင်ခဲ့ပြီး ငယ်စဥ်ကစိတ်ကူးယဥ်အိမ်မက်တွေကို လက်တွေ့အကောင်အထည့်ဖော်ခဲ့သည့် အမျိုးသား

လူတိုင်းသည်ငယ်ရွယ်စဥ်အခါက ကျောင်းသွားရမည်ဆိုပြီး မိဘတို့ကလာနိုးသည့်အချိန်ကို မှတ်မိနေကြပေလိမ့်မည်။အိပ်ရာကမထချင်သော်လည်း မဖြစ်မနေအိပ်ရာကထပြီး ကျောင်းသွားနေရဖြစ်ပါတယ်။

ယခုတွင်လည်း တရုတ်နိုင်ငံ အနောက်ပိုင်းယူနန်ပြည်နယ်မှ မစ္စတာ Gu Yupeng ဆိုသည့်အသက်၃၉နှစ်အရွယ်အမျိုးသားဟာ ငယ်စဥ်အခါက ကျောင်းသွားဖို့အိပ်ရာစောစောထရသည့်အခါတိုင်း မကျေမနပ်ဖြစ်နေတတ်ပြီး အိပ်ရာကမထဘဲ ကျောင်းသွားဖို့ စိတ်ကူးယဥ်ခဲ့တာဟုသိရပါတယ်။

ထို့ကြောင့် အသက်ကြီးလာချိန်မှာတော့ ငယ်စဥ်ကအိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်ခဲ့နာဖြစ်ပါတယ်။အင်ဂျင်နှင့်ဘီးတပ်ထားသော ကုတင်ကိုတီထွင်ပြီး လိုရာခရီးကိုသွားနိုင်အောင် ပြင်ဆင်ခဲ့ပြီးနောက်တွင် ကျောင်းမသွားရသော်လည်း အပြင်သွားသည့်အချိန်တိုင်း အိပ်ရာထဲကမထဘဲ သွားလာနေခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories