အလုပ်ထုတ်ခံရသောအခါ အလုပ်ရှင်ကို မကျေနပ်သည့်အတွက် မြေကော်ကားဖြင့် ကုမ္ပဏီ၏ရုံးခန်းတစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့သည့် အမျိုးသား

လူသားတိုင်းသည်အသက်ရှင်သန်ရေးအတွက် အလုပ်လုပ်ပြီးပိုက်ဆံရှာနိုင်ရမှာဖြစ်ပါတယ်။အလုပ်လုပ်ရာတွင်လည်း ကုမ္ပဏီ၏စည်းကမ်းတွေကို လိုက်နာဆောင်ရွက်နိုင်ရမှာဖြစ်ပါတယ်။ကနေဒါနိုင်ငံ Ontarioရှိအမျိုးသားတစ်ဦး၏ အလုပ်ထုတ်ခံရသဖြင့် ပြန်လည်တုံပြန်ပုံဟာ ကြားသိရသူတွေကို ပြုံးမိစေခဲ့ပါတယ်။

အမျိုးသားဟာ အလုပ်ထုတ်ခံရပြီးနောက်တွင် အလုပ်ရှင်ကို မကျေမနပ်ဖြစ်နေခဲ့ပါတယ်။ထို့ကြောင့် မြေကော်စက်ကြီးကို မောင်းနှင်လာခဲ့ပြီး ကုမ္ပဏီ၏အခြေစိုက်ရုံးကို ဖျက်ဆီးခဲ့ခြင်းဖြစ်ပါတယ်။

အမျိုးသား၏ဖျက်ဆီးမှုကြောင့် ကုမ္ပဏီ၏အဆောက်အဦးဟာ တန်ဖိုး ပေါင်၅၀၀၀၀လောက် ထိခိုက်ပျက်စီးသွားရတယ်ဟုသိရကာ ရဲတပ်ဖွဲ့ကလည်း အမျိုးသားကို ဖမ်းဆီးပြီး အရေးယူဆောင်ရွက်ခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories