ချစ်သူကောင်လေးက တက်တူးထိုးထားလို့ မိဘတွေသဘောမတူတာကိုဆန့်ကျင်ပြီး သူမပါတက်တူးလိုက်ထိုးခဲ့သည့် မိန်းကလေး

တက်တူးထိုးခြင်းသည် လူငယ်တွေအတွက်တော့ အဆန်းတကြယ်မဟုတ်ပေမယ့် လူကြီးတွေကျတော့ လက်မခံနိုင်ကြပဲရှိရာ တက်တူးနဲ့ကောင်လေးတွေကိုမြင်ရင် လူဆိုးလူမိုက်လို့ပဲ ထင်နေကြသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ ချစ်သူစုံတွဲနှစ်ဦးသည်လည်း နှစ်အတော်ကြာ တွဲလာခဲ့ပြီးနောက် လက်ထပ်ရန်စီစဥ်ခဲ့ချိန်တွင် ကောင်လေးကသူ့ရဲ့လည်ပင်းမှာ တက်တူးထိုးထား၍ မိန်းကလေးရဲ့မိဘတွေက သဘောမတူနိုင်ကြောင်း ငြင်းဆန်ခဲ့သည်။

သူတို့နှစ်ဦးသည် ထိုတက်တူးကြောင့်ပဲ ဝေးရတော့မည့်ချိန်တွင် မိန်းကလေးသည် သတ္တိရှိစွာနဲ့ပဲ ချစ်သူကောင်လေးနဲ့ပုံစံတူ လည်ပင်းမှာ အနာခံပြီးတော့ သူမလည်းတက်တူးလိုက်ထိုးကာ မိဘတွေဆီကနေ သဘောတူအောင်လုပ်ခဲ့သည်။

နောက်ဆုံးမှာတော့ မိဘနှစ်ပါးလည်း သူတို့နှစ်ဦးကို သဘောတူလိုက်ရပြီး မင်္ဂလာပွဲကျင်းပရန်စီစဥ်ရာတွင် အပျော်သဘောဖြင့် အမှတ်တရအနေနဲ့ သတို့သမီး သတို့သားဝတ်စုံကို လဲဝတ်ပြီးတော့ ပုံလေးတွေ ပျော်ပျော်ရွှင်ရွှင် ရိုက်ကူးခဲ့ကြသည်။

Rain (For Ialinks)

Zawgyi






Rain (For Ialinks)

  • Leave a Comment

Categories