ခုိေတြကိုအစာေကၽြးလုိ႔ ဒဏ္ေငြသိန္း(၃၀၀)နီးပါးအထိ ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရတဲ့ အဖြားအုိ

အမ်ိဳးသမီးႀကီးတစ္ေယာက္ဟာ ခိုေတြကို အစာေကၽြးမိတဲ့အတြက္ သက္ဆိုင္ရာက ဒဏ္ေၾကး အႀကီးအက်ယ္ခ်မွတ္ခဲ့ေၾကာင္း သိရပါတယ္။ သူမဟာ ဒဏ္ေၾကးအျဖစ္ ေပါင္ (၁၇၀၀၀)အထိ ခ်မွတ္ခံခဲ့ရတာပါ။ ကာလတန္ဖိုးအားျဖင့္ ျမန္မာက်ပ္ေငြ သိန္း(၂၉၀)နီးပါး ဒဏ္ေငြေဆာင္လိုက္ရတဲ့ သေဘာျဖစ္ပါတယ္။ သူမဟာ ၾသစေတးလ်ေဒၚလာအားျဖင္ (၃၀၀၀၀)အထိ ေပးေဆာင္ခဲ့ရတာပါ။

အဖြားအိုရဲ့အမည္ကေတာ့ Elizabeth Vlajkov ျဖစ္ပါတယ္။ အသက္(၇၂)ႏွစ္ျဖစ္ၿပီး ၾသစေတးလ်နိုင္ငံ Adelaide မွာ ေနထိုင္ပါတယ္။ သူမဟာ ဒီမတိုင္ခင္ လြန္ခဲ့တဲ့ (၂၅)ႏွစ္ေလာက္ကတည္းက သူမရဲ့ ဥယ်ာဥ္ၿခံထဲမွာ ခိုေတြတင္မဟုတ္ဘဲ၊ တျခား သဘာဝငွက္ကေလးေတြကို အစာေကၽြးေနက်လို႔ သိရပါတယ္။ ဒါေပမယ့္ သူမရဲ့လုပ္ရပ္ကို အိမ္နီးနားခ်င္းေတြက မႏွစ္ၿမိဳ႕ပါဘူး။

ၾသစေတးလ်မွာ ခိုကဲ့သို႔ေသာ သတၱဝါေတြကို အစာမေကၽြးဖို႔ သီးျခားတားျမစ္ထားတဲ့ နယ္ေျမမ်ားစြာရွိေနၿပီး၊ အဓိကအေၾကာင္းျပခ်က္အေနနဲ႔ေတာ့ အမ်ားျပည္သူေတြကို အေႏွာက္အယွက္ မျဖစ္ေစဖို႔၊ ငွက္ေတြကေနတစ္ဆင့္ ကူးစက္နိုင္တဲ့ေရာဂါေတြကို တားျမစ္ဖို႔၊ ပတ္ဝန္းက်င္ သန္႔ရွင္းသာယာေစဖို႔ စတဲ့အခ်က္ေတြေၾကာင့္ ျဖစ္ပါတယ္။

အဖြား Elizabeth ဟာ ေန႔စဥ္ ငွက္ရိုင္းအေကာင္(၆၀၀)ေလာက္ကို အစာေကၽြးသူျဖစ္ၿပီး၊ ငွက္ေတြကလည္း ႏွစ္ရွည္လမ်ား အစာေကၽြးခဲ့တဲ့ သူမနဲ႔ အလြန္ရင္းနီးေနကာ အခ်ိန္မွန္ အစာလာေတာင္းေလ့ရွိပါတယ္။ ေနာက္ဆုံးေတာ့ အိမ္နီးနားခ်င္းေတြက သူမကို သက္ဆိုင္ရာထံ တိုင္ၾကားခဲ့ရာက အခုလို ႀကီးမားတဲ့ ဒဏ္ေၾကး ခ်မွတ္ခံခဲ့ရတာပါ။

ဒီမတိုင္ခင္ ေဒသခံေကာင္စီက အဖြား Elizabeth ကို သုံးႀကိမ္အထိ ေခၚယူသတိေပးခဲ့ပါေသးတယ္။ တကယ္လို႔ ျပစ္ဒဏ္ခ်မွတ္ရင္ အလြန္မ်ားတဲ့ ပမာဏျဖစ္နိုင္ေၾကာင္း သတိေပးခဲ့တာပါတဲ့။ အဖြား Elizabeth အေနနဲ႔ ခဏသာ ဆင္ျခင္ခဲ့ၿပီး၊ သူမသာ အစာမေကၽြးရင္ ငွက္ေတြ ငတ္ကုန္ၾကမွာကို စိုးရိမ္ကာ တားျမစ္ခ်က္ကို ဖီဆန္ခဲ့တာပါ။ ဒါေၾကာင့္ သူမကို Local Nuisance Act ဥပေဒနဲ႔ တရားစြဲခဲ့ပါတယ္။

အဖြားအိုတစ္ေယာက္ကို ဒီေလာက္ႀကီးမားတဲ့ဒဏ္ေၾကး ခ်မွတ္ျခင္းအေပၚမွာ ေဝဖန္သူေတြရွိသလို၊ သက္ဆိုင္ရာဘက္က ေထာက္ခံသူေတြ ရွိေနပါတယ္။ အဖြား Elizabeth အေနနဲ႔ ဥပမာယူစရာ ေရွ႕ေျပးျဖစ္စဥ္ေတြ ဒါဇင္ရွိေနတာကို သိေနပါလၽွက္၊ ေနာက္ၿပီး သက္ဆိုင္ရာက သုံးႀကိမ္အထိ သတိေပးခဲ့ပါလၽွက္ ေခါင္းမာစြာ ျငင္းပယ္ခဲ့ျခင္းရဲ့ အက်ိဳးရလဒ္က ျပင္းထန္လြန္းခဲ့တယ္လို႔ ေထာက္ျပသူေတြ ရွိခဲ့ပါတယ္။

credit – shwetoday

Ref ; LadBible

Unicode

ခိုတွေကိုအစာကျွေးလို့ ဒဏ်ငွေသိန်း(၃၀၀)နီးပါးအထိ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ အဖွားအို

အမျိုးသမီးကြီးတစ်ယောက်ဟာ ခိုတွေကို အစာကျွေးမိတဲ့အတွက် သက်ဆိုင်ရာက ဒဏ်ကြေး အကြီးအကျယ်ချမှတ်ခဲ့ကြောင်း သိရပါတယ်။ သူမဟာ ဒဏ်ကြေးအဖြစ် ပေါင် (၁၇၀၀၀)အထိ ချမှတ်ခံခဲ့ရတာပါ။ ကာလတန်ဖိုးအားဖြင့် မြန်မာကျပ်ငွေ သိန်း(၂၉၀)နီးပါး ဒဏ်ငွေဆောင်လိုက်ရတဲ့ သဘောဖြစ်ပါတယ်။ သူမဟာ သြစတေးလျဒေါ်လာအားဖြင် (၃၀၀၀၀)အထိ ပေးဆောင်ခဲ့ရတာပါ။

အဖွားအိုရဲ့အမည်ကတော့ Elizabeth Vlajkov ဖြစ်ပါတယ်။ အသက်(၇၂)နှစ်ဖြစ်ပြီး သြစတေးလျနိုင်ငံ Adelaide မှာ နေထိုင်ပါတယ်။ သူမဟာ ဒီမတိုင်ခင် လွန်ခဲ့တဲ့ (၂၅)နှစ်လောက်ကတည်းက သူမရဲ့ ဥယျာဉ်ခြံထဲမှာ ခိုတွေတင်မဟုတ်ဘဲ၊ တခြား သဘာဝငှက်ကလေးတွေကို အစာကျွေးနေကျလို့ သိရပါတယ်။ ဒါပေမယ့် သူမရဲ့လုပ်ရပ်ကို အိမ်နီးနားချင်းတွေက မနှစ်မြို့ပါဘူး။

သြစတေးလျမှာ ခိုကဲ့သို့သော သတ္တဝါတွေကို အစာမကျွေးဖို့ သီးခြားတားမြစ်ထားတဲ့ နယ်မြေများစွာရှိနေပြီး၊ အဓိကအကြောင်းပြချက်အနေနဲ့တော့ အများပြည်သူတွေကို အနှောက်အယှက် မဖြစ်စေဖို့၊ ငှက်တွေကနေတစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို တားမြစ်ဖို့၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာစေဖို့ စတဲ့အချက်တွေကြောင့် ဖြစ်ပါတယ်။

အဖွား Elizabeth ဟာ နေ့စဉ် ငှက်ရိုင်းအကောင်(၆၀၀)လောက်ကို အစာကျွေးသူဖြစ်ပြီး၊ ငှက်တွေကလည်း နှစ်ရှည်လများ အစာကျွေးခဲ့တဲ့ သူမနဲ့ အလွန်ရင်းနီးနေကာ အချိန်မှန် အစာလာတောင်းလေ့ရှိပါတယ်။ နောက်ဆုံးတော့ အိမ်နီးနားချင်းတွေက သူမကို သက်ဆိုင်ရာထံ တိုင်ကြားခဲ့ရာက အခုလို ကြီးမားတဲ့ ဒဏ်ကြေး ချမှတ်ခံခဲ့ရတာပါ။

ဒီမတိုင်ခင် ဒေသခံကောင်စီက အဖွား Elizabeth ကို သုံးကြိမ်အထိ ခေါ်ယူသတိပေးခဲ့ပါသေးတယ်။ တကယ်လို့ ပြစ်ဒဏ်ချမှတ်ရင် အလွန်များတဲ့ ပမာဏဖြစ်နိုင်ကြောင်း သတိပေးခဲ့တာပါတဲ့။ အဖွား Elizabeth အနေနဲ့ ခဏသာ ဆင်ခြင်ခဲ့ပြီး၊ သူမသာ အစာမကျွေးရင် ငှက်တွေ ငတ်ကုန်ကြမှာကို စိုးရိမ်ကာ တားမြစ်ချက်ကို ဖီဆန်ခဲ့တာပါ။ ဒါကြောင့် သူမကို Local Nuisance Act ဥပဒေနဲ့ တရားစွဲခဲ့ပါတယ်။

အဖွားအိုတစ်ယောက်ကို ဒီလောက်ကြီးမားတဲ့ဒဏ်ကြေး ချမှတ်ခြင်းအပေါ်မှာ ဝေဖန်သူတွေရှိသလို၊ သက်ဆိုင်ရာဘက်က ထောက်ခံသူတွေ ရှိနေပါတယ်။ အဖွား Elizabeth အနေနဲ့ ဥပမာယူစရာ ရှေ့ပြေးဖြစ်စဉ်တွေ ဒါဇင်ရှိနေတာကို သိနေပါလျှက်၊ နောက်ပြီး သက်ဆိုင်ရာက သုံးကြိမ်အထိ သတိပေးခဲ့ပါလျှက် ခေါင်းမာစွာ ငြင်းပယ်ခဲ့ခြင်းရဲ့ အကျိုးရလဒ်က ပြင်းထန်လွန်းခဲ့တယ်လို့ ထောက်ပြသူတွေ ရှိခဲ့ပါတယ်။

credit – shwetoday

Ref ; LadBible

  • Leave a Comment