ဖြူစင်ပြီးအပြစ်ကင်းစင်သော မျက်နှာထားလေးကြောင့် တစ်နိုင်ငံလုံးဧ။် အချစ်တွေကို သိမ်းပိုက်ထားသည့် ကျောင်းသူလေး

ဗီယက်နမ်နိုင်ငံ Cao Bangပြည်နယ်တွင် နေထိုင်သော တောင်ပေါ်မျိုးနွယ်စုမှ မွေးဖွားလာသည့် Trieu Thi Nhung အမည်ရှိ အသက် ၂၁နှစ်အရွယ် မိန်းကလေးသည် ဒေသတွင် အလှဆုံးနှင့် ထူးချွန်ဆုံး ကျောင်းသူလေးတစ်ယောက်ပင် ဖြစ်သည်။

လက်ရှိတွင် မိန်းကလေးသည် လူမှုရေးသိပ္ပံ တက္ကသိုလ်တွင် နောက်ဆုံးနှစ် ကျောင်းသူလေး ဖြစ်ပြီး Capital University မှ ကျင်းပသော Miss Modelရွေးပြိုင်ပွဲတွင်လည်း အဆင့် ၅နေရာကနေ ဆုရရှိခဲ့သည်။

မိန်းကလေးသည် Daoလူမျိုးဖြစ်ပြီး ဒေသတွင် ပညာရေးကို အားမပေးပဲ ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ပြုကာ ဘဝကိုပင်ပန်းဆင်းရဲစွာ ဖြတ်သန်းကြသည့် ဓလေ့ကို ပြောင်းလဲပစ်လိုသည့်အတွက် ကြိုးစားပြီး လေ့လာဆည်းပူးခဲ့သည်။

ထို့နောက် မိန်းကလေးသည် ကျောင်းတက်နေရင်းက မြို့ထဲရှိ ဖက်ရှင်စတိုးဆိုင်များနှင့် ဓာတ်ပုံစတူဒီယိုတို့တွင်လည်း မော်ဒယ်မလေးအဖြစ် လုပ်ကိုင်ခဲ့ပြီး ဝင်ငွေများကို မိသားစုထံ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

Rain (For Ialinks)

Zawgyi

ျဖဴစင္ၿပီးအျပစ္ကင္းစင္ေသာ မ်က္ႏွာထားေလးေၾကာင့္ တစ္ႏိုင္ငံလုံးဧ။္ အခ်စ္ေတြကို သိမ္းပိုက္ထားသည့္ ေက်ာင္းသူေလး

ဗီယက္နမ္ႏိုင္ငံ Cao Bangျပည္နယ္တြင္ ေနထိုင္ေသာ ေတာင္ေပၚမ်ိဳးႏြယ္စုမွ ေမြးဖြားလာသည့္ Trieu Thi Nhung အမည္ရွိ အသက္ ၂၁ႏွစ္အ႐ြယ္ မိန္းကေလးသည္ ေဒသတြင္ အလွဆုံးႏွင့္ ထူးခြၽန္ဆုံး ေက်ာင္းသူေလးတစ္ေယာက္ပင္ ျဖစ္သည္။

လက္ရွိတြင္ မိန္းကေလးသည္ လူမႈေရးသိပၸံ တကၠသိုလ္တြင္ ေနာက္ဆုံးႏွစ္ ေက်ာင္းသူေလး ျဖစ္ၿပီး Capital University မွ က်င္းပေသာ Miss Modelေ႐ြးၿပိဳင္ပြဲတြင္လည္း အဆင့္ ၅ေနရာကေန ဆုရရွိခဲ့သည္။

မိန္းကေလးသည္ Daoလူမ်ိဳးျဖစ္ၿပီး ေဒသတြင္ ပညာေရးကို အားမေပးပဲ ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ အိမ္ေထာင္ျပဳကာ ဘဝကိုပင္ပန္းဆင္းရဲစြာ ျဖတ္သန္းၾကသည့္ ဓေလ့ကို ေျပာင္းလဲပစ္လိုသည့္အတြက္ ႀကိဳးစားၿပီး ေလ့လာဆည္းပူးခဲ့သည္။

ထို႔ေနာက္ မိန္းကေလးသည္ ေက်ာင္းတက္ေနရင္းက ၿမိဳ႕ထဲရွိ ဖက္ရွင္စတိုးဆိုင္မ်ားႏွင့္ ဓာတ္ပုံစတူဒီယိုတို႔တြင္လည္း ေမာ္ဒယ္မေလးအျဖစ္ လုပ္ကိုင္ခဲ့ၿပီး ဝင္ေငြမ်ားကို မိသားစုထံ ျပန္လည္ပို႔ေဆာင္ေပးခဲ့သည္။

Rain (For Ialinks)

  • Leave a Comment

Categories