သူငယ်တန်းစတက်သည့်အချိန်မှစပြီး အထက်တန်းကျောင်းပြီးသည့်အချိန်ထိ ကျောင်းတစ်ရက်မှမပျက်ခဲ့သည့် ကမ္ဘာ့ကျောင်းတက်အမှန်ဆုံးကျောင်းသားလေး လူအများကြားတွင်နာမည်ကြီးနေခဲ့

ကလေးဘဝ၌ ပညာသင်ကျောင်းတော်ကြီးတွင် မဖြစ်မနေတက်ရောက်ပညာသင်ကြားရမှာဖြစ်ပါတယ်။ဘဝအတွက်အရေးကြီးဆုံးကို သင်ကြားရမည်ဖြစ်သောကြောင့် ကျောင်းတက်မှန်ဖို့လိုအပ်သည်ဖြစ်သော်လည်း ကျောင်းတစ်ရက်မှမပျက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ခက်ခဲလှပါတယ်။

တစ်နှစ် ၂နှစ်လောက်မပျက်ဘဲကျောင်းတက်နိုင်သော်လည်း နှစ်ပေါင်းဆယ်ချီပြီး တက်ရောက်စဥ်မှာ ကျောင်းမပျက်ဖို့က ခက်ခဲလှပါတယ်။သို့သော်လည်း Ohioပြည်နယ်မှ Blake Wolfeဆိုသည့်လူငယ်လေးဟာ သူငယ်တန်းစတက်တည်းက အထက်တန်းကျောင်းပြီးချိန်ထိ ကျောင်းမပျက်ဘဲ ပညာသင်ကြားခဲ့ပါတယ်။

ကျောင်းပိတ်ရက်တွေမပါရှိပါက ကျောင်းတက်ရမည့် ရက်ပေါင်း၂၁၈၄ရက်လုံးကို အထက်တန်းပြီးချိန်ထိမပျက်မကွက် သင်ကြားနိုင်ခြင်းကြောင့် လူအများကြားမှာချီးကျူးမှုတွေရလာခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories