မိဘတို့ဆိုသည်မှာ သားသမီးတို့အတွက် အရာရာကိုဖြည့်ဆည်းပေးနိုင်ရန် အမြဲတမ်းအသင့်ရှိနေသူတွေဖြစ်ပါတယ်။သားသမီးတို့က အခက်အခဲဖြစ်နေခဲ့ပြီဆိုပါက လမ်းမလျှောက်နိုင်လျှင်ပင် တွားသွားပြီး ရောက်အောင်လာမည့်ကျေးဇူးရှင်များဖြစ်ကြပေသည်။
ယခုတွင်လည်း ထိုင်းနိုင်ငံမှ ဖခင်တစ်ဦး၏ သားလေးအတွက် ပါရမီဖြည့်ကျင့်ပုံဟာ အလွန်လေးစားဖွယ်ရာကောင်းလှပါတယ်။ဖခင်ဖြစ်သူဟာ လမ်းမလျှောက်နိုင်ဘဲ ဒုက္ခိတဘဝဖြင့် အိပ်ရာထဲလှဲနေရသည်မှာ နှစ်ပေါင်း၃၀ ကျော်ခဲ့ပြီဟုသိရပါတယ်။
သို့သော်လည်း ၃၈နှစ်အရွယ်သားက ရဟန်းခံရှင်ပြုမည်ဆိုသောအခါ ဘုရားကျောင်းအထိ ရောက်အောင်လာခဲ့ပြီး မရှိမဖြစ်လိုအပ်သော ပရိက္ခရာ၈ပါးကို ကပ်လှူပူဇော်ခဲ့ခြင်းဖြစ်ပါတယ်။
Shoon (Cele Daily)
Zawgyi
သားဖြစ်သူက ရဟန်းခံတော့မည်ဆိုသောအခါ ဒုက္ခိတဘဝဖြင့် အိပ်ရာထဲလှဲနေရသော်လည်း ဘုန်းကြီးကျောင်းအထိမရောက်ရောက်အောင်သွားကာ ပရိက္ခရာ၈ပါးကို ကပ်လှူပူဇော်ခဲ့သည့် ဖခင်တစ်ဦး၏မေတ္တာ
Shoon (Cele Daily)