လမ်းလျှောက်ရင်း မြွေကိုက်ခံရချိန် ထိုမြွေကိုအမိအရ လက်ဗလာနဲ့ဖမ်းကာ ဆေးရုံသို့ယူသွားပြခဲ့သော မိန်းကလေး

မြွေကိုက်ခံရသည်နှင့် ကိုက်သွားသည့်မြွေအမျိုးအစားကို သိမှသာလျှင် ဆေးကုသလို့ရမည်ဖြစ်တာကို ကြားဖူးကြမှာပါ။

သို့ဖြစ်၍ တရုတ်နိုင်ငံမှ အသက်၂၀ကျော်အရွယ် မိန်းကလေးတစ်ဦးသည် ဖုန်းကြည့်ရင်း လမ်းလျှောက်သွားရင်းက ခြေထောက်အား မြွေတစ်ကောင်မှ ရုတ်တရက်ကိုက်လိုက်တာကို ခံခဲ့ရသည်။

မိန်းကလေးသည် မြွေကိုက်ခံရပြီးပြီးချင်း မကြောက်မလန့်ပဲ ထိုမြွေကို လက်ဗလာနဲ့ဖမ်းယူကာ ဆေးကုသဖို့ရာအတွက် ဆေးရုံသို့ သွားရောက်ခဲ့သည်။

သို့ပေမယ့် မိန်းကလေးကို ကိုက်လိုက်သောမြွေက အဆိပ်မရှိသည့် ကြာနီမြွေမျိုးဖြစ်တာကြောင့် ကံကောင်းသွားခဲ့ပြီး ဆေးရုံဝန်ထမ်းတွေနဲ့ ဆရာဝန်ကပင် သူမရဲ့ သတ္တိရှိသောလုပ်ရပ်ကို သဘောကျခဲ့ကြသည်။

Rain (For Ialinks)

Zawgyi






Rain (For Ialinks)

  • Leave a Comment

Categories