ဇနီးသည္ သြားခ်င္တဲ့ေနရာတိုင္းအေရာက္သြားႏိုင္ေအာင္ ဝီးရွဲစက္ဘီးေလး တီထြင္ေပးခဲ့တဲ့အမ်ိဳးသား (႐ုပ္သံ)

Cambry အမည္ရွိတဲ့မိန္းကေလးတစ္ေယာက္ဟာ သူမရဲ႕အ႐ြယ္ေရာက္ၿပီးအခ်ိန္တစ္ခုလုံး သြားခ်င္တဲ့ေနရာတိုင္းသြားလို႔မရေအာင္ ကန႔္သတ္ခ်ဳပ္ျခယ္ထားသလိုျဖစ္ခဲ့ရပါတယ္ ။

ဒါေၾကာင့္ သူမကိုေနရာအႏွံ႔ေရာက္ဖူးေအာင္ Zack Nelson အမည္ရွိတဲ့ ခ်စ္သူက အလယ္မွာထိုင္ခုံေလးတစ္ခုပါတဲ့လွ်ပ္စစ္စက္ဘီးေလး တီထြင္ေပးခဲ့ပါတယ္ ။ အဆိုပါစက္ဘီးေလးကိုလည္း ေအာင္ျမင္စြာတီထြင္အသုံးျပဳႏိုင္ခဲ့လို႔ Cambry ဟာ သူမဘဝတစ္ေလွ်ာက္ မရရွိဖူးတဲ့လြတ္လပ္ခြင့္မ်ိဳးရရွိၿပီး ၊ သြားခ်င္တဲ့ေနရာတိုင္း လြယ္ကူစြာသြားေရာက္ႏိုင္ခဲ့ပါတယ္ ။

အရင္ခ်ိန္က အျခားလူတစ္ေယာက္ရဲ႕အကူအညီမပါရင္ ၊ ေနရာတစ္ခုကိုေရာက္ေအာင္သြားဖို႔ ပုခုံးတစ္ခုလုံးကိုက္ခဲနာက်င္တဲ့အထိျဖစ္ေနခဲ့ရတဲ့ Cambry ဟာ အခုဆိုရင္ လြတ္လပ္စြာသြားလာႏိုင္ခဲ့ပါၿပီ ။

တစ္ႏွစ္အၾကာမွာေတာ့ သူမတို႔စုံတြဲဟာ လက္ထပ္ထိမ္းျမားခဲ့ၾကၿပီး ‘ Not a wheelchair’ လို႔ေခၚတဲ့ အဆိုပါစက္ဘီးေလးကို ထုတ္လုပ္ေရာင္းခ်ဖို႔စီစဥ္ခဲ့ပါေတာ့တယ္ ။ ဘယ္ေနရာမွာပဲျဖစ္ျဖစ္သြားလာလို႔ရေအာင္ ၎တို႔စုံတြဲကိုယ္တိုင္က ဒီဇိုင္းေရးဆြဲခဲ့ေၾကာင္း သိရွိရပါတယ္ ။

Jasmine (Mckzone Daily)

Unicode

ဇနီးသည် သွားချင်တဲ့နေရာတိုင်းအရောက်သွားနိုင်အောင် ဝီးရှဲစက်ဘီးလေး တီထွင်ပေးခဲ့တဲ့အမျိုးသား (ရုပ်သံ)

Cambry အမည်ရှိတဲ့မိန်းကလေးတစ်ယောက်ဟာ သူမရဲ့အရွယ်ရောက်ပြီးအချိန်တစ်ခုလုံး သွားချင်တဲ့နေရာတိုင်းသွားလို့မရအောင် ကန့်သတ်ချုပ်ခြယ်ထားသလိုဖြစ်ခဲ့ရပါတယ် ။

ဒါကြောင့် သူမကိုနေရာအနှံ့ရောက်ဖူးအောင် Zack Nelson အမည်ရှိတဲ့ ချစ်သူက အလယ်မှာထိုင်ခုံလေးတစ်ခုပါတဲ့လျှပ်စစ်စက်ဘီးလေး တီထွင်ပေးခဲ့ပါတယ် ။ အဆိုပါစက်ဘီးလေးကိုလည်း အောင်မြင်စွာတီထွင်အသုံးပြုနိုင်ခဲ့လို့ Cambry ဟာ သူမဘဝတစ်လျှောက် မရရှိဖူးတဲ့လွတ်လပ်ခွင့်မျိုးရရှိပြီး ၊ သွားချင်တဲ့နေရာတိုင်း လွယ်ကူစွာသွားရောက်နိုင်ခဲ့ပါတယ် ။

အရင်ချိန်က အခြားလူတစ်ယောက်ရဲ့အကူအညီမပါရင် ၊ နေရာတစ်ခုကိုရောက်အောင်သွားဖို့ ပုခုံးတစ်ခုလုံးကိုက်ခဲနာကျင်တဲ့အထိဖြစ်နေခဲ့ရတဲ့ Cambry ဟာ အခုဆိုရင် လွတ်လပ်စွာသွားလာနိုင်ခဲ့ပါပြီ ။

တစ်နှစ်အကြာမှာတော့ သူမတို့စုံတွဲဟာ လက်ထပ်ထိမ်းမြားခဲ့ကြပြီး ‘ Not a wheelchair’ လို့ခေါ်တဲ့ အဆိုပါစက်ဘီးလေးကို ထုတ်လုပ်ရောင်းချဖို့စီစဉ်ခဲ့ပါတော့တယ် ။ ဘယ်နေရာမှာပဲဖြစ်ဖြစ်သွားလာလို့ရအောင် ၎င်းတို့စုံတွဲကိုယ်တိုင်က ဒီဇိုင်းရေးဆွဲခဲ့ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment