မြေပြိုကျမှုတို့ကြောင့် ပျက်စီးနေသောလမ်းတွင် အန္တရာယ်များလှသော်လည်း တပည့်လေးတွေကို စာသင်ကြားပေးဖို့အတွက် ကျောင်းမပျက်ခဲ့သော ဆရာမ

ဆရာ၊ဆရာမများသည် တပည့်လေးတွေအပေါ် မေတ္တာ ဂရုဏာပြည့်ဝသည့်စိတ်ထားလေးနဲ့ တစ်နှစ်တစ်တန်းအောင်မြင်ဖို့ရာအတွက် အဆုံးစွန်ထိ အနစ်နာခံပြီးတော့ စာတတ်မြောက်အောင် စွမ်းဆောင်ပေးတတ်ကြသည်။

ယခုတွင်လည်း ထိုင်းနိုင်ငံက ဆရာမတစ်ဦးသည် မြေပြိုမှုတို့ကြောင့် ပျက်စီးသွားသည့်လမ်းကြားကွက်လပ်နေရာတွင် ယာယီသွားလာဖို့အတွက် လှေကားငယ်လေးတစ်ခုထောင်ပေးထားရာ အန္တရာယ်များလှပေသည်။

ဆရာမလေးသည် လမ်းသွားလာရခက်သည့်ကြားကနေ ကလေးတွေကို စာသင်ကြားပေးဖို့ရာ ကျောင်းသုံး ပစ္စည်းတွေကိုပြုတ်ကျမသွားအောင် ထိန်းထားရင်းနဲ့ပဲ သူမအားစောင့်မျှော်နေမည့် တပည့်လေးတွေကို ဦးစားပေးခဲ့သည်။

ဆရာမလေးသည် အခက်အခဲတွေနဲ့ ကြုံခဲ့ရသော်လည်း စွန့်စားပြီးတော့ တပည့်လေးတွေရှိရာကျောင်းသို့ စာသင်ကြားပေးဖို့အတွက်သာ စိတ်အားထက်သန်နေသောမြင်ကွင်းလေးသည် အင်မတန်မှ လေးစားဖွယ် ကောင်းလှသည်။

Rain (For Ialinks)

Zawgyi






Rain (For Ialinks)

  • Leave a Comment

Categories