မင်္ဂလာပါ။ အခုတစ်ခေါက်ဖော်ပြမယ့် ဓာတ်ပုံတွေက သင့်ကို စိတ်အပန်းပြေစေဖို့ သေချာနေတဲ့ ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။ ဒီဇိုင်နာတွေရဲ့ ဉာဏ်ကွန့်ပြီးထုတ်လုပ်ထားတဲ့ ဒီဇိုင်းအလွဲတွေက သင့်ကို ဘယ်လိုရယ်ရစေမှာလဲဆိုတာ အခုပဲကြည့်ရှုလိုက်ရအောင်နော်။
(၁)
ဒါကမှ Crocs ဖိနပ်အစစ်လား မသိဘူးနော်။
အခုပုံထဲကဖိနပ်ကို မိကျောင်း ဒီဇိုင်းထွင်လိုက်တယ်ဆိုတော့ အတိုကောက် Crocs လို့ပဲ တင်စားပါရစေ။
အေးပေါ့လေ..ဝတ်တဲ့လူတောင်ဝတ်ထားမှတော့ ထုတ်တဲ့ လူရှိတာလည်း မဆန်းပါဘူး။ သူ့အရပ်နဲ့သူ့ဇာတ် လိုက်ဖက်လွန်းပါတယ်နော်။
(၂)
FA တွေအတွက် သီးသန့်တီထွင်ထုတ်လုပ် ပေးလိုက်တာများလား
အတွေးထဲမှာတော့ ချစ်သူနဲ့တူတူကားမောင်းပြီး လည်လည်သွားချင်တယ်။ လက်လေးတစ်ဖက်က ချစ်သူလက်ကိုကိုင်ပြီး ကမ္ဘာတစ်ပတ်ပတ်မယ်ပေါ့…
တကယ့်လက်တွေ့ ဘဝမှာတော့ FA ဖြစ်နေတဲ့ သူတွေ ဒီလက်တုကိုဝယ်ပြီး အဲဒီလိုသာသုံးလိုက်ကြပါတော့လို့ စေတနာအရင်းမှန်နဲ့ တိုက်တွန်းလိုက်ပါတယ်။
(၃)
အလန်းစားရေသူထီးများ
ရေသူမတွေပဲ လှလှပပရှိနေတာ မတရားဘူး။
ဒီတော့ အမိုက်စားရေသူထီးတွေလည်း ရှိတယ်ဆိုတဲ့ ခေတ်သစ်ရေအောက်ကမ္ဘာအမြင်ကို ဖွင့်လှစ်လိုက်တဲ့ ဒီဇိုင်းပညာရှင်များရဲ့ လက်ရာဖြစ်ပါတယ်။
ကျေးဇူးပါပဲနော်။ ကဲရေသူထီးတွေကိုလည်း ခရက်ရှ်လို့ရပါပြီ။
(၄)
ယူနီကွန်းချစ်သူတွေရင်ကွဲရတဲ့ ဖိနပ်ဒီဇိုင်း
ဘယ်လိုတွေများ တီထွင်ဖန်တီး ဆန်းသစ်လိုက်ပါလိမ့်။
ယူနီကွန်းတောင် ကံမကောင်းတဲ့အချိန်ဆိုတာရှိကြောင်း တို့သိလိုက်ပါပြီလေ။
(၅)
အိုး အမေးဇင်း ဆန်းကြယ်လိုက်တာဟယ်..။
မြင်ဖူးနေကြ ဖိနပ်တွေနဲ့တော့ တခြားစီပါပဲ။
မြင်လိုက်တာနဲ့ကို ဘယ်လောက် အဆင်မပြေလဲဆိုတာ သိသာစေတဲ့ ဒီဇိုင်းပဲဖြစ်ပါတယ်။ တီထွင်တာဖြစ်ဖြစ်..နောက်တာဖြစ်ဖြစ် ဖနောင့် သံစူးမယ့် ဒီဇိုင်းဖြစ်နေတာတော့ ကြိုက်မနေပါဘူး။
(၆)
ကမ္ဘာ့ပထမဆုံး မြင်းနဲ့ဘဲ စပ်ကျထားတဲ့ ရှားပါးကောင်လေး
ဘယ်လိုစိတ်ကူးမျိုးနဲ့ ဒီမြင်းဘဲရုပ်ကို တီထွင်လိုက်တာလဲတော့ မသိပါဘူး။
မြင်းလို့ခေါ်ရမလား၊ ဘဲလို့ခေါ်ရ မလားမသိလို့ ကူစဉ်းစားပေးကြပါဦးနော်။
(၇)
လိုက်ဖက်ညီမနေမှုကြီး
တကယ့်ကို လှပပေမယ့် ကသိကအောက်ဖြစ်စေတဲ့ ဒီဇိုင်းထွင်မှုတစ်ခုလို့ ပြောရမှာပါ။
ဘိုထိုင်နဲ့ ရွှေရောင်ဒီဇိုင်းဆင်ထားတဲ့ ခုံကိုလိုက်ဖက်ညီမယ်လို့ ထင်နေတာများလား ကိုရွှေဒီဇိုင်နာရယ်လို့တောင် မေးချလိုက်ပါပြီ။
(၈)
ကားတွေမှာ ဘီးလေးလုံးပဲ ပါရမယ်လို့ သတ်မှတ်ချက်ရှိလို့လား။
ကားတွေဟာ များသောအားဖြင့် ဘီးလေးလုံးပါတယ်ဆိုပေမယ့်လည်း ဒီခေတ်ရေစီးကြောင်းတိုင်း မျောမနေချင်တဲ့ လူတွေရှိနေပါတယ်။
လိုလို မလိုလို ကိုယ့်ကားကို တပ်တာ ဘာများဖြစ်မှာမို့လဲနော်…ချချ အားပေးတယ်။
(၉)
ဘယ်လိုအမှားကို ကျူးလွန်လိုက်ပါလိမ့်
လူတွေကို သွားကျွတ်စေချင်လို့လား..ဒူးဆစ်များလွဲချင်လို့လား။
ဒီအဆင်ကို လှေကားမှာခင်းဖို့ ဘယ်သူ့အိုင်ဒီယာပါလိမ့်နော်…အိမ်တွင်းလုပ်ကြံမှုကြီးပါ။ ဒါသတိထားသင့်ပါတယ်။
(၁၀)
အိုင်ဒီယာသာရှိရင် ဘာမဆိုဖြစ်နိုင်တယ်။
ညစ်ပတ်နေတဲ့ ရေချိုးခန်းတစ်ခုရဲ့နံရံမှာ လိုက်ဖက်ညီတဲ့ တိုက်ပုံစံလေးတွေ လိုက်ဆွဲပေးလိုက်တော့ ဆေးမသုတ်ရပဲ လှပသွားတာပေါ့လေ။
ဒါကြောင့် ပြောတာ ခေါင်းသုံးပါဆိုတာ…။
(၁၁)
ကြောက်စရာရောဂါကို ချစ်စရာအရုပ်ပုံလေးနဲ့ သတိပေးတဲ့အခါ…
နှုတ်ခမ်းချင်းနမ်းရင် ကူးစက်တတ်တဲ့ ရောဂါပိုးတစ်မျိုးရဲ့ပုံကို အရုပ်ပုံစံလေးနဲ့ သတိပေးထားပါတယ်။
ဒီကူးစက်ရောဂါက ကြောက်စရာကောင်းပေမယ့်လည်း သူပုံဖော်ထားတဲ့ အရုပ်လေးက ချစ်စရာကောင်းနေတဲ့ အခါမှာတော့ လိုရင်းမရောက်တော့ပဲ လူတွေက သတိထားမိပါတော့မလား..အင်းစိုးရိမ်ဖွယ်ပါပဲ။
(၁၂)
ကားလား..လှေလား
ဒီအရာဟာ ကားတစ်စီးဖြစ်ပါတယ်။ ရေပေါ်မှာ ပေါလောပေါ်နေမှာတော့ မဟုတ်ပါ။
ဒါနဲ့များ ကားလိုလို လှေလိုလိုနဲ့ လာဟန်ဆောင်နေသေးတယ်။
(၁၃)
ကွန်ပျူတာ ကီးဘုတ်ခလုတ်ပုံစံ အောက်ခံပြားနဲ့ ဖိနပ်
စီးနေရင်းနဲ့ ငါ့ဖိနပ်က ကီးဘုတ်ခလုတ်တွေနဲ့ သိလားဆိုပြီး တွေ့သမျှလူခြေထောက်ထိုးပြပြီး လိုက်ကြွားနေရမှာလား။
တစ်ခါတလေမှာ မလိုအပ်တာတွေကို ဒီဇိုင်းထုတ်မိတဲ့အခါမျိုးမှာ အရမ်းလမ်းတွေ ပျောက်ပါတယ်နော်။
(၁၄)
ငါဟာအလွယ်တကူ အနိုင်ယူလို့ရတဲ့သူမျိုးပါနော်…အဲဒီအတွက်လည်း ငါ့ကိုယ်ငါဂုဏ်ယူနေပါတယ်နော်။
ဒီလို ဖိနပ်ဒီဇိုင်းနဲ့ ကားစီးချင်တယ်လို့ ပူဆာလိုက်တာနဲ့ တစ်ချက်မငြင်းတာ ငါ့အစွမ်းအစပဲ။
(၁၅)
ဟယ် ထူးဆန်းလိုက်တာ…
သမင်ဦးချိုကို ဒီလိုဒီဇိုင်းနဲ့ မြင်ရလိမ့်မယ်လို့ ဘယ်သောအခါမှမတွေးမိခဲ့ပါ။
အခုလို တွေ့ဖူးလိုက်ရတော့လဲ ခေတ်မီသွားတာပေါ့လေ။
(၁၆)
ဘယ်လို ဖွဲ့စည်းတည်ဆောက်ပုံမျိုးပါလိမ့်
ထောက်တိုင်ကို တမင်သက်သက် လိမ်ခေါက်နေတဲ့ပုံစံ လုပ်ထားတာက…
ကြည့်ရဆိုးပေမယ့်လည်း လက်ရာမြောက်လှပါတယ်။
(၁၇)
သူတို့လမ်းလျှောက်ရင် ဘယ်လိုပုံစံဖြစ်မှာပါလိမ့်
ဒီဖိနပ်မျိုးနဲ့ လမ်းလျှောက်ရင် ဘယ်လိုလျှောက်ကြမလဲဆိုတာ တကယ်မြင်ချင်ပါတယ်။
ချောက်တွန်းတာ မဟုတ်ပါဘူနော်..။ လမ်းလျှောက်ပြပါ။
(၁၈)
တော်တော်လေးကို ကြိုးစားထားတာပဲ။
သူတို့က ကောက်ပဲသီးနှံသိုလှောင်တဲ့စပါးကျီကို ဒီဇိုင်းထွင်တာလား။ ဖျက်စီးနေတာလား တစ်ခုခုတော့ ပြောသွားပေးကြပါ။
(၁၉)
ယောကျာ်းလေးများအတွက်သာ…
ဟယ်…ဒီတူရိယာက ဒီလိုနေရာမှာလည်း အသုံးဝင်သတဲ့လား။ ဒီဇိုင်နာရယ်။
တခြားအရာတွေကို ကြိုက်သလိုတီထွင်ပါနော်။ ဂီတတူရိယာ တစ်ခုကိုတော့ ဒီနေရာမှာ အသုံးမချပါနဲ့လား။
(၂၀)
ဝါး….အမေးဇင်း ဟိုက်လိုက်
ဒါလည်း စတိုင်ကျလှပသွားစေတယ်လို့ ထင်ရပေမယ့်လည်း
ဘယ်သူမှ သိပ်မလုပ်ကြတော့ နည်းနည်းတော့ ကြောင်တောင်တောင်နိုင်တဲ့ ဆံပင်စတိုင်လ်တစ်ခု ဖြစ်သွားစေပါတယ်။
(၂၁)
ရင်ကွဲ အံဆွဲဒီဇိုင်းအသစ်ဆိုလားပဲ။
အပေါ်ဆုံးထပ်မှာ ထည့်ထားခံရတဲ့ ပစ္စည်းတွေကတော့ စောင်းငန်းနေစေမှာပဲ ဖြစ်ပါတယ်။
(၂၂)
ကိုယ်ပျောက်အိမ်…
တီထွင်ဆန်းသစ်မှုဆိုတာ အချိန်နဲ့အမျှ ဖြစ်ပေါ်ပြောင်းလဲနေတာဆိုတော့ အိမ်ဒီဇိုင်းတွေဆိုရင်လည်း နောက်ဆုံးပေါ်ခေတ်မီလှပတဲ့ လက်ရာတွေနဲ့ ဒီဇိုင်းဆင်လာကြတာပါ။
အခုအိမ်ဒီဇိုင်းကတော့ အလန်းဆုံးလို့ ဆိုနိုင်ပါတယ်။ မတော်တဆ အိမ်ရှိနေမှန်းမမြင်မိပဲနဲ့ ဝင်တောင်တိုက်မိနိုင်ပါတယ်။
(၂၃)
အကောင်းဆုံး အားကစားဝတ်စုံဒီဇိုင်း
ဘာကြည့်နေကြတာလဲ…ကြိုက်သွားပြီး လိုက်ဝတ်ချင်တယ်တော့ လုပ်လိုက်။
အခုဖော်ပြပေးခဲ့တဲ့ ဒီဇိုင်နာတွေရဲ့ ဖန်တီးမှုအလွဲဓာတ်ပုံလေးတွေကို ကြိုက်နှစ်သက်ကြမယ်လို့ ထင်ပါတယ်။
ဘယ်နံပတ်က သင့်ကိုသဘောကျစေတာလဲဆိုတာကို ဝေမျှပေးသွားလို့လည်းရပါတယ်။ အားလုံးပဲ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေ။
Ref: Brightside