စာမေးပွဲဖြေရာတွင် QRကုတ်ပုံရေးဆွဲပြီး ဆရာမကို scanဖတ်ခိုင်းကာ စာစစ်ခိုင်းခဲ့သည့် ကျောင်းသား စာမေးပွဲကျလို့ ရုံးခန်းရောက်ခဲ့ရ
ခေတ်မီတိုးတက်လာသည့် နည်းပညာခေတ်ကြီးထဲတွင် အချက်အလက်မျိုးစုံကို QRကုတ်ဖန်တီးပြီး ပေးပို့နိုင်နေပြီဖြစ်ပါတယ်။အချို့လူများဆိုလျှင် စီးပွားရေးလုပ်ငန်းများအတွက် ကိုယ်ပိုင်QRကုတ်တွေကို ဖန်တီးလာကြပြီဖြစ်ပါတယ်။
ယခုအခါမှာထိုင်းနိုင်ငံ ပတ္တရားမြို့မှ ၆တန်းကျောင်းသားလေးဟာ လပတ်စာမေးပွဲကို ဖြေဆိုရာတွင် စာနှစ်ကြောင်းတာဖြေပြီး QRကုတ်ရေးဆွဲခဲ့ပြီး ဆရာမက်ိုscanဖတ်ပြီး စစ်ဆေးခိုင်းခဲ့ပါတယ်။ထိုအခါဆရာမက scanဖတ်ကြည့်လိုက်မှာတော့ ဘာမှမထွက်လာသည့်အတွက် တစ်မှတ်မရဘဲ စာမေးပွဲကျသွားခဲ့ပါတယ်။
ထို့ကြောင့် ဆရာမကရုံးခန်းခေါ်ပြီး ကျောင်းသားလေးကို ဆူပူပြီး ပေါက်ကရတွေလျှောက်မလုပ်ဖို့ ဆုံးမခဲ့ရသေးတာဖြစ်ပါတယ်။၆တန်းကျောင်းသားလေး၏လုပ်ချလိုက်ပုံကတော့ ဆရာမဖြစ်သူတောင် စာစစ်ရာမှာတိုင်ပတ်သွားခဲ့ရတာဖြစ်ပါတယ်။
Shoon (Cele Daily)
Zawgyi
Shoon (Cele Daily)
  • Leave a Comment
Categories