စိတ်အနှောင့်အယှက်ဖြစ်စေပြီး ရယ်စရာလည်း ကောင်းစေတဲ့ ကြောင်တောင်တောင် ဓာတ်ပုံများ

မင်္ဂလာပါ။ဓာတ်ပုံတွေဟာ ရသမျိုးစုံကို ပေးစွမ်းနိုင်ပါတယ်။ တစ်ချို့ ဓာတ်ပုံတွေက ဝမ်းနည်းစရာရသပေးနိုင်သလို တချို့ ဓာတ်ပုံတွေကတော့ ပျော်ရွှင်တဲ့ရသကို ပေးစွမ်းနိုင်ပါတယ်။ အခုပြောပြမှာကတော့ ဓာတ်ပုံတစ်ပုံတည်းကပဲ စိတ်အနှောင့်အယှက်ဖြစ်စေပြီးတော့ တစ်ချိန်တည်းမှာပဲ ထူးထူးဆန်းဆန်းနဲ့ ရယ်စရာကောင်းနေပြန်တဲ့ရသကို ပူးတွဲခံစားစေရမယ့် ဓာတ်ပုံများအကြောင်းပဲ ဖြစ်ပါတယ်။ ဘယ်လိုဓာတ်ပုံတွေ ပါဝင်မလဲဆိုတာကိုတော့ အခုပဲကြည့်ရှုလိုက်ကြပါဦးနော်။

(၁)

ရွှေဖားနဲ့လူသွား..။

ဖားရုပ်လေးက အရမ်းချစ်ဖို့ကောင်းလွန်းလှပါတယ်။

ဒါပေမယ့် သွားတုတွေ တပ်ထားပေးလိုက်တဲ့ အခါမှာတော့ လူကို ပြောင်စပ်စပ်ရယ်ပြနေသလိုမျိုးနဲ့တူပြီး လူကို စိတ်မသက်သာဖြစ်သွားစေပြီးမှ ပြုံးမိသွားစေတာပဲ ဖြစ်ပါတယ်။

(၂)

အသိနောက်ကျလိုက်လေခြင်း

ပါရာစီတမောဆိုတာ ခရင်မ်တစ်ခုဖြစ်မှန်း မသိခင်တုန်းက ဆေးသောက်ရမှာ သိပ်ကြောက်ခဲ့တာ။

စောစော စီးစီး မသိခဲ့တာ ရင်နာလိုက်တာကွာ။

(၃)

စတိုင်လ်ဆိုပေမယ့်လည်း….

သွားကိုဖောက်ပြီး ကွင်းတပ်ဖု့ိရတဲ့ စိတ်ကူးကိုတော့ အံ့သြကုန်နိုင်ဖွယ်ပါပဲ။

ပုံကိုကြည့်ပြီး လှတယ်လု့ိမထင်ပဲ စိတ်မသက်သာမှုကို ပိုပြီးခံစားရစေပါတယ်။

(၄)

အမြဲစောင့်ကြည့်နေပါတယ်…။

သင်ဟာ သရဲကြောက်တတ်သူ တစ်ယောက်လား။

ဘယ်လိုပဲဖြစ်ဖြစ် တစ်ယောက်တည်းမနေပါနဲ့။ သင့်ကို တစ်ယောက်ယောက်က အမြဲစောင့်ကြည့်နေတယ်ဆိုတာ သတိရလိုက်ပါ။

(၅)

ဒါကတော့ ထူးဆန်းလွန်းနေပါတယ်လေ

ဘယ်လိုဖန်တီးမှုမျိုးပါလိမ့်။ ဖိုတိုရှော့များလား။

မျက်ကပ်မှန်များလား။ အနုပညာဖန်တီးမှုတစ်ခုလား။ ဘာလားပေါ့လေ။

(၆)

နားထဲမှာ ဖယောင်းတိုင်ထွန်းမလား

ဘာရည်ရွယ်ချက်နဲ့များ ဖယောင်းတိုင်ကို နားထဲမှာ ထွန်းတာပါလိမ့်နော်။

ဆေးကုတာလား။ အရူးထတာလား မသိနိုင်ပေမယ့် မြင်ရတာ မသင့်တော်တာတော့ သေချာပါတယ်။ လိုက်မလုပ်ကြပါနဲ့နော်။

(၇)

မြင်ဖူးသမျှထဲ အဆိုးဆုံးပဲကြီးရေခွံတွန့်ခြင်း

မယုံနိုင်လောက်စရာ အရေပြားတွေ တွန့်နေတာကို မြင်ရတဲ့ အခိုက်အတန့်ကလည်း စိတ်မသက်သာစရာ ခံစားရစေပါတယ်။

(၈)

ဘာကြီးလဲ ဆရာကြီးပဲ

ဆရာကြီးကို သွားကြားထိုးပေးခြင်းပါပေါ့။

ငါးတစ်ကောင်ကို သွားကြားထိုးပေးခွင့်ရဖု့ိဆိုတာ တော်တော်ကံကောင်းတဲ့လူမှ ရတဲ့ အခွင့်အရေးတစ်ခုပါ။

သွားကြားညပ်နေတဲ့ ဆရာကြီးကို ကျေးဇူးတင်လိုက်ပါ။

(၉)

ထိုင်နေတဲ့ အမျိုးသမီးကတော့ သက်တောင့်သက်သာရှိနေတဲ့ပုံပါပဲ။ တချို့သောသူတွေအတွက်တော့

ဒီအမျိုးသမီးရဲ့ထိုင်ပုံထိုင်နည်းက အသက်ရှုတောင်ကျပ်စေနိုင်ပါတယ်။

(၁၀)

ခြေချောင်းယောင်ဆောင်ထားတဲ့ အာလူးချောင်းကြော်

(၁၁)

လက်သည်းဒီဇိုင်းကို သောက်ပြီးသား ဆေးလိပ်ပုံစံမျိုး ရအောင်ဖန်တီးထားတာဖြစ်ပါတယ်။

အလှအပကြိုက်တဲ့ သူတွေအတွက် အကောင်းဆုံးဒီဇိုင်း ပုံစံမဟုတ်ပေမယ့်လည်း တစ်ချို့သောသူတွေတော့ နှစ်သက်လောက်မယ်ထင်ပါတယ်။

(၁၂)

ဆက်ဆီရေမြှုပ်တုံး

အင်တာနက်မှာတွေ့ရတဲ့ တစ်ချို့ပုံရိပ်တွေက တကယ့်ကို ရယ်စရာကောင်းလွန်းလှပါတယ်။

မယုံရင် ဆက်ဆီပို့စ်လို့ ရိုက်ရှာကြည့်လိုက်…တကယ့်ကို ဆက်ဆီကြတဲ့ အခုလို ပုံရိပ်တွေအရင်ဆုံးထွက်လာမှာပဲ ဖြစ်ပါတယ်။

(၁၃)

ဒါကိုကြည့်ပြီး ဘာပုံလို့ထင်လိုက်ပါသလဲ။

တကယ်တော့ မုတ်ဆုတ်မွေးနဲ့ လူတစ်ယောက်က အပေါ်ကို မော့ကြည့်နေပြီးတော့ ဓာတ်ပုံရိုက်ထားတာပဲဖြစ်ပါတယ်။

အဲ့ပုံက ဘာလဲဆိုတာ တော်တော်လေး စဉ်းစားလိုက်ရတယ်မလား။

(၁၄)

ရေဆာရင် မျက်လုံးနဲ့သောက်လိုက်ပါ..။

ရေအငတ်လွန်နေတဲ့ လာဘ်ကောင်လေးပဲ ဖြစ်ပါတယ်။ ဒီတော့မျက်လုံးနဲ့လည္း ရေသောက်ပါတယ်။

(၁၅)

ပုပြီးဝနေတဲ့ ပီကာချူးတစ်ကောင်

ဘော်ဒီရှိန်းမင်းလုပ်တာ မဟုတ်ရပါဘူး။

မြင်ဖူးသမျှ ပီကာချူးထဲမှာ ဒီပီကာချူးကတကယ့်ကို ပုကွပြီး ဝတုတ်လေး ဖြစ်နေတာကို တွေ့မြင်ရမှာပါ။

(၁၆)

အမလေး ဘာကောင်လဲ

ရေထဲကနေ စိုက်ကြည့်နေတဲ့ အကောင်တစ်ကောင်ကို တွေ့ကြမယ်ထင်ပါတယ်။

ဘာကောင်လဲဆိုတာ မခန့်မှန်းနိုင်ရင် ဖြေပေးပါမယ်။ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ငရှဉ့်တစ်ကောင်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

(၁၇)

လှချင်လို့ လက်သည်းလေးဆက်လာပြီးမှ ကွန်ပြူတာ နှိပ်မရတော့တာတွေကို မိန်းကလေးတိုင်းလိုလိုကြုံဖူးကြပါတယ်။

အဲ့ခါကျမှ လက်သည်းကို ပြန်ဖြုတ်လိုက်ရင်လည်း နှမြောစရာကြီး..

ဒါပေမယ့် ခေတ်သစ်ပြသာနာတွေမှာ ခေတ်သစ် ဖြေရှင်းနည်းတွေရှိပြီးသားပါ။

(၁၈)

လူလား..ငန်းလား

ဒီဓာတ်ပုံလေးကို ကြည့်လိုက်ပါဦး။ လူလား၊ ငန်းလား။

ပြောပြရရင်တော့ ဒါဟာ အနုပညာတစ်ခုလို့သာ ပြောရမှာပဲ ဖြစ်ပါတယ်။

(၁၉)

ကြေကွဲစရာ

တကယ့်ကြေကွဲစရာဆိုတာ ဒီလိုအနေအထားမျိုးပါ။ နှမျောစရာလည်းကောင်းလှပါတယ်။

ဒါကြောင့်ပြောတာ။ စက်ပစ္စည်းဆိုတာမျိုးကတော့ သူပျက်ချင်တဲ့အချိန် ပျက်တတ်တာပါပဲ။

(၂၀)

လှန်းစရာ နေရာရှားလို့ဟယ်

ရေဘဝဲတွေကို လက်တွန်းလှည်းတစ်ခုပေါ်မှာ တင်လှန်းထားတဲ့ ပုံရိပ်တစ်ခုဖြစ်ပါတယ်။

ဒါကတော့ မြန်မာမျက်လုံးနဲ့ ဘာမှ သိပ်မထူးဆန်းပါဘူး။ သူတို့ကထူးဆန်းနေတာတော့ မပြောတတ်တော့ဘူး။

(၂၁)

အေအေ လိုတယ်ဆိုတော့လဲ ယူထားလိုက်ပါ။

သွားတု ပျောက်သွားတဲ့သူများ ရှိပါသလား။

ဒီမှာတရားခံပါနော်။ သက်သေနဲ့တကွ မိထားပြီးပါပြီ။

(၂၂)

ဟဲ့ နင်သရဲကားရိုက်မလို့လား။

အဲဒီမှာ မျက်တောင်တုနဲ့ ဆံပင်တု မှားတပ်နေလိုက်။

သူကတော့ မျက်တောင်တုဆက်တယ်ဆိုပြီး နောက်တာပဲ။

ကိုယ်က ညဖက်ကြည့်ပြီး လန့်သွားတာကတော့ ကိုယ်ပဲကံဆိုးလို့နေမှာ။

(၂၃)

ကမ္ဘာ့ ဖက်ရှင်အမြင်အရှိဆုံးကလေး

အေးပါ…အေးပါ။ ဖက်ရှင်ဘိုးအေတွေ ငိုနေပါပြီ ကလေးရယ်။

ကလေးရဲ့ တီထွင်မှုကို အားကျလို့ဆိုပြီး ပရိသတ်တွေတောင် နှာခေါင်းမွှေးတွေ အရှည်ထား၊ ကောက်လိုက်၊ ဖြောင့်လိုက် လုပ်နေကြပါပြီနော်။

(၂၄)

ဖိနပ်လေးနဲ့ လှလိုက်တဲ့ ခြေချောင်းလေးတွေ

ဘာလဲ ဒီဖိနပ်ကို စီးခွင့်မရှိဘူးလား။

မီမီတို့လူသားတွေပဲ ဖိနပ်လှလှစီးရမှာလား..မီးတို့လို တိလေးတွေလည်း ဒီလိုဖိနပ်တွေ စီးခွင့်ရှိပါတယ်နော်။

(၂၅)

သူများတွေနဲ့ ဘယ်တော့မှ မတူချင်တဲ့သူတွေ …

ဝတ်သင့်တဲ့ အလန်းစားဖက်ရှင်နော်..

(၂၆)

အဆင်ပြေပါတယ်။

ကလေးစီးကားလေးကို ခေါင်းနဲ့ထိုးဆော့ပြီး ပြန်ထုတ်လို့မရတော့ ချိုမှာချိတ်နေတာပေါ့။

သူ့ပုံကြည့်ရတာတော့ အဆင်ပြေနေပုံရပါတယ်။ ခေါင်းကဟာ ချွတ်လို့မရတာက လွဲရင်ပေါ့လေ။

အခုဖော်ပြပေးခဲ့တဲ့ ဓာတ်ပုံလေးတွေကို ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ တစ်ချို့ပုံလေးတွေက စိတ်မသက်သာစရာ ဖြစ်စေပေမယ့်လည်း ထူးခြားပြီး ရယ်ဖို့ကောင်းပါတယ်။

ပရိသတ်များအား လုံးလည်း ပျော်ရွှင်ချမ်းမြေ့တဲ့ နေ့သစ်ပေါင်းများစွာကို ပိုင်ဆိုင်နိုင်ကြပါစေ။

Ref; BuzzFeed

  • Leave a Comment

Categories